အပိုင်း (6.1)

639 100 0
                                    

(6. 1) ယုန်ငယ်လေး က ကိုယ်ဝန် ရှိနေ ပြီ

နန်ဟွေး က ရုတ်ချည်း ပဲ အေးခဲ သွားတော့ တယ်။

သူက အဲ့ ကိစ္စအကြောင်း ကို တစ်ခါမှ အလေးအနက်ထား ပြီးတော့ မတွေးဘူးတာ မှန်း သတိ ထားမိ သွားလေတယ်။

ဒါက တိုက်ဆိုင်မှု တစ်ခုကြောင့် ဖြစ်ပျက် သွားရတဲ့ မတော်တဆ မှု တစ်ခု ပဲလေ။

နန်ဟွေး ရဲ့ မူလ အစီအစဉ် ထဲမှာ သူဟာ မြေခွေးလေး နဲ့ အတူ လူသား လောက ထဲမှာ တိတ်ဆိတ် အေးချမ်းစွာ နဲ့ပဲ နေလို ခဲ့တာ ပဲ ဖြစ်လေတယ် ။

ဒါပေမယ့် တစ်နေ့မှာ မြေခွေးလေး က သူ့အနားမှာ အချိန်အကြာကြီး ဆက်မရှိ နေနိုင်တော့ ဘူး ဆိုရင် ဘယ်လို လုပ်ကြ မလဲ?

နန်ဟွေး က တစ်ကိုယ်ကောင်း ဆန်တဲ့ ယုန်လေး မဟုတ် ပါပေ။ အနာဂတ်မှာ မြေခွေးလေးသာ မိတ်ဖက် ရှာတွေ့ သွားတဲ့ အခါ သူတို့တွေ အတွက် သူက ပျော်ရွှင်စွာနဲ့  ကောင်းချီးတွေ ပေးမှာ ပဲ ဖြစ်လေတယ်။

အဲ့လို ဖြစ်လာခဲ့ ရင်လည်း မြေခွေးလေး က သူနဲ့ ဆက်ပြီးတော့ နေလို့ မရတော့ ဘူးလို့ ဆိုလို လိုက်တာ ပဲလေ။

သူက တစ်ကိုယ်ကောင်း မဆန်တဲ့ ယုန် လေး တစ်ကောင် ဖြစ်ပေမယ့် လည်း သူက အထီးကျန်မှာ ကို ကြောက်တဲ့ ယုန်လေး တော့ ဖြစ်လေတယ်။

ပြီးတော့ ပုံစံပြောင်း ပြီးသား အကောင် ငယ်လေး တွေရဲ့ ဘဝ သက်တမ်း တွေက ပိုလိုတောင် ရှည်လျား လာကြတယ်လေ။

တကယ်လို့ သူ့မှာသာ ကလေးလေး တစ်ယောက် ရှိရင်တော့ သူက ထပ်ပြီးတော့ တစ်ယောက် ထဲ အထီးမကျန် ရတော့ ဘူးပေါ့။

ဒါ့အပြင် နန်ဟွေး က ကားစီး တုံး က အပြင်ဘက် ကနေ မြင်တွေ့ ရတဲ့ လှပ ကောင်းမွန်တဲ့ မြင်ကွင်း တွေကို ပြန်ပြီး သတိ ရ မိသွား လေတယ်။ ကလေးလေး ကို မွေးရပြီ ဆိုရင်တော့ အနည်းဆုံးတော့ ထိုကလေး ကို ဒီလောက ကြီးက ဘယ်လောက် တောင် စိတ်ဝင်စားဖို့ ကောင်းသလဲ ဆိုတာကို ပြသ ပေးလို့ ရတာပေါ့လေ။

ခွဲခြမ်း စိတ်ဖြာ စီစစ် ပြီးတဲ့နောက် နန်ဟွေး က သူ့ရဲ့ ယုန်ဘဝ မှာ အကြီးမားဆုံး ဆုံးဖြတ်ချက် တစ်ခု ကို ချ လိုက်တော့ လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] حيث تعيش القصص. اكتشف الآن