အပိုင်း (7.1)

622 95 0
                                    

(7.1) အနက်ရောင် ရှပ်အင်္ကျီ

နန်ဟွေး ရဲ့ အမူအရာ က ပိုပြီးတော့ သိသိသာသာ ကြီးကို ဆိုးရွားလာတာ ကိုတွေ့ လိုက် ရချိန်မှာ တော့ ခုန်းယင် က သူမရဲ့ နောက်ပြောင် မှု က အဆုံးသတ် သင့်နေ ပြီ ဆိုတာကို သိလိုက် လေတယ်။ သူမ က ချောင်းဟန့် လိုက်ပြီး တော့မှ အလေးအနက် နဲ့ ပြောလိုက်လေတယ်။

'' ငါက အခုလေး တင် မင်းကို စနောက် လိုက်တာ ပါ။ ဒါကို လုံးဝ အတည်ယူ မနေပါနဲ့။ လုံးဝ အလွယ်ကူဆုံး နည်းလမ်း ကတော့ တစ်ဖက်လူ ရဲ့ အငွေ့အသက်တွေ ကို ရှာဖွေ တာပဲပေါ့။ ပိုပြီးတော့ မင်း နားလည်အောင် ရှင်းရှင်း လင်းလင်း ပြောပြ ရမယ် ဆိုရင် အဲ့တာ က တစ်ယောက် ဖက်လူရဲ့ အငွေ့အသက်တွေ ကို မင်းရဲ့ ကိုယ်က ခံစား နိုင်စေမယ့် နည်းလမ်း တစ်ခုကို ရှာဖွေတာပဲ။ ငါအကြံ ပြုချင် တာ ကတော့ တစ်ဖက်လူ ရဲ့ အဝတ်အစား လို ဟာမျိုးကို မင်း ရအောင် ယူသင့်တယ်။ အဲ့တာ က တစ်ဖက် လူ ရဲ့ အငွေ့အသက်တွေ ကို ရရှိနိုင်ဖို့ အတွက် အရိုးရှင်းဆုံး နဲ့ အလွယ်ကူ အထိရောက်ဆုံး နည်းလမ်းပဲ! ''

ထို အကြံဉာဏ် ကိုကြား ရတာ အတော်လေး ခက်ခဲ မယ့်ဟန် ပေါ်နေ ပေမယ့်လည်း ဒဏ္ဏာရီလာ အနမ်းပေး ရမှာ ထက်စာ ရင်တော့ အဝတ်အစားလေး ရယူ တာ က ပိုပြီးတော့ လွယ်ကူ မယ့် နည်းလမ်း ပဲ ဖြစ်လေတယ်။

'' သူ့ရဲ့အဝတ် အစားကို ရလာ ရင်ကော ဘယ်လို လုပ်ရ မလဲ? ''

နန်ဟွေး က မေးလိုက် လေတယ်။

'' အဲ့ အဝတ်အစား ကို ဝတ်ထား ရမှာပေါ့။ ဒါပေမယ့် အဲ့တာ က အရမ်း ကောင်းတဲ့ နည်းလမ်းတော့ မဟုတ်ဘူး ရယ်။ ထို အဝတ်က အဲ့လူရဲ့ အခန်းထဲ မှာ အချိန်အကြာကြီး ထားခံ ရတဲ့ အဝတ် ဖြစ်ရမယ်။ အဲ့ အဝတ် ပေါ်မှာ တစ်ဖက်လူရဲ့ အငွေ့အသက် တွေ ပိုပြီး ကျန်ခဲ့ လေလေ အောင်မြင် နိုင်မယ့် အခွင့်အရေး တွေက များပြား လာလေလေ ပဲလေ။ ''

''  အဲ့တာ ကြောင့် မင်းရဲ့ နားရွက်တွေ နဲ့ အမြှီး က တစ်ခဏ တော့ ယာယီ သိမ်းထား လို့ ရသွားမယ်။ ဒါပေမယ့် အဲ့တာတွေ က ဘယ်အချိန်မှာ ရုတ်တရက်ကြီး ပြန်ပြီး ထွက်ပေါ် လာမှု မရှိပါဘူး လို့ အာမ မခံ နိုင်ဘူးလေ ''

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now