Uni...
"မေမေ...သား လေဆိပ်မှာ လာမကြိုနိုင်လို့ ဆောတီးပါ မေမေ.."
"နွေဦး လာ..မေမေလွမ်းနေတာ..."
နွေဦးက မေမေ့ဆီ ပြေးခါ အတင်းဖတ်ပစ်လိုက်သည်..။
ပြီးခဲ့တဲ့ နွေရာသီနှစ်က မေမေနဲ့ဖေဖေ ကွာရှင်းခဲ့ကြသည်...။
ဝမ်းနည်းလားလို့ မေးလာရင် သေချာပေါက် နွေဦး ခေါင်းကလေးခါခါ ငြင်းလိမ့်မယ်...။ကောင်လေးက အဲ့လိုဘဲ...သူ့မှာ ပျော်ရွှင်ခြင်းရော ဝမ်းနည်းမှုပါ မရှိဘူး... တစ်ခါတစ်လေ ဟာသပြောလျှင်တောင် ရယ်ဖို့မေ့နေတက်တာမျိုး...
မေမေ က နိုင်ငံခြားမှာ အနေများခဲ့သည်မို့ ဖေဖေနဲ့ ကွာရှင်းပြီးကတည်းက မေမေသည် နိုင်ငံခြားမှာ အခြား လူတယောက်နှင့် လက်ထပ်ခဲ့လေသည်..။ ထို့နည်းတူ..ဖေဖေသည်လည်း ဂျပန်မှာ အခြားအမျိုးသမီးတစ်ဦးနှင့်အတူ အိမ်ထောင်ပြုခဲ့သည်..။
မေမေ အခု ပြန်လာတယ်ဆိုတာက ကျွန်တော့်ပထွေးအား ကျွန်တော်နှင့်အတူနေထိုင်ခါ မေမေပိုင်သော ကုမ္ပဏီအားထိန်းသိမ်းအုပ်ချုပ်ဖို့အတွက် ထားရန်ဖြစ်လေသည်..။ နွေဦးကလည်း ကျောင်းသာအရွယ်သာရှိသေးပြီး ကုမ္ပဏီကို ဦးစီးဖို့ညွှန်ကြားရန် လူလိုသေးသည်ဖြစ်တာကြောင့် နွေဦး၏မိခင်သည် ဤသို့စီစဥ်ဖြစ်ခဲ့လေသည်။
"အော..honeyရဲ့ သားလေး ကျောင်းကပြန်လာပြီလား.."
မီးဖိုဂျောင်ဘက်မှ ပျ့ံလွင့်လာသော အသံကို နွေဦး ရင်းနှီးနေသည်..။ မည်သူများပါလိမ့်ဟူသော အတွေးနဲ့အတူ အာရုံစိုက်ခါ မေမေ့ရင်ခွင်ထဲမှနေခါ စောင့်ကြည့်မိသည်..။
"တွေ့ရတာ ဝမ်းသာပါတယ်..ဦးက......ဟင်.."
"ဟင်....!!"
"........."
ဘယ်သူများလဲမှတ်တယ် တချိန်က ကျွန်တော့် ငယ်ကျွမ်းဆွေ..............
"ဟံသာဦး..."
"တင် ဒေါင် ဒင်.."
ဟံသာဦးကတော့ မျက်နှာကြီးအား တည်တ့ံလျှက် ကျွန်တော့်အား ကြည့်သည်...။အခုထိ ကြောက်နေသေးတဲ့ စိတ်က သာမာန်ထက်ပိုသည်...။
ဒီလိုမျိုး ပါးစပ်က အချက်ပေးတီးလုံးသံက သူ့အတွက် နတ်ဆိုးတမျှ ခြောက်လှမ့်နေသကဲ့သို့ အသွေးအသားထဲမှ အကြောက်တရားတွေက စိုးမိုးလာ၏။ ဘုရားရေ.... အရင်က အဖြစ်အပျက်တွေသည် သူ့ခေါင်းထဲချာချာလည်နေပြီး ပြုံစီလို့ရောက်လာနေပြီဖြစ်၏။