Ep. 44

9.8K 395 0
                                    

Part 44

......................

Unicode...

ညဘက်သည် အနည်းငယ် ပူစပ်စပ်..နွေရာသီမို့လို့လားဘဲ ချွေးကတော့ အမြဲအဆက်မပျက်ချေ.. နွေဦးတယောက် လေညှင်းခံထွက်လာတော့ ဝရံတာတွင် ဆေးလိပ်ထိုင်သောက်နေသော ဟံသာဦးနှင့်တိုးသည်။ နွေဦးရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသလို အ့ံဩမိသား.. သူအိမ်ခွဲနေသည်မှာ နှစ်ပတ်တိတိရှိပြီမဟုတ်လား.. ဒီနေ့မှဘာလို့ သူ့အိမ်မပြန်ဘဲ ကျွန်တော့်အိမ်တွင် ရှိနေရတာလဲဟူ၍ အနည်းငယ်တော့ တွေဝေမိသွားရသည်။

သူက ကိုယ့်ကိုမြင်တော့ ပါးစပ်ထဲက ဆေးလိပ်မီးးခိုးငွေ့တွေကို မာန်ပါပါမှုတ်ရင်းရင်း သူ့အနားလာထိုင်ရန် ညွှန်ပြလာသည်။ နွေဦး သက်ပြင်းကလေးခိုးရှိုက်ရင်း နှာရှုံ့လို့ ဟံသာဦးညွှန်ပြရာသူ့အနားမဟုတ်ဘဲ ခပ်ဝေးဝေးတနေရာကိုမှ ရွေးထိုင်မိသည်။

ဟံသာဦးက နှုတ်ခမ်းနှုတ်လွှာကြားထည့်ရန် ရွယ်နေသော သူ့လက်တို့ တုန့်ခနဲဖြစ်သွားသည်။ သို့သော်လည်း အပြုံးတစ်ခုနှင့်ဖုံးခါ ကုန်စင်သွားသောဆေးလိပ်တိုကို လက်စသတ်ပြီး ပြာခွက်ထဲ မီးချေလိုက်သည်။

သူတို့နှစ်ဦးကြား ခေတ္တခဏတော့ တိတ်ဆိတ်မှုက ကြားဝင်နှောင့်လို့... ခဏကြာတော့ ဟံသာဦးဆီက ကြည်လင်ပျက်သားနေသော ခပ်ဩဩအသံတစ်ခုကိုကြားလိုက်ရသည်။

"ဂစ်တာတီးနေတာ နားထောင်..."
တောင်းဆိုနေတာမဟုတ်ဘဲ ခိုင်းလိုက်သည့်အမိန့်သံ....

နွေဦးမမြင်ရသောမှောင်ရိပ်ခိုနေသည့်ဘက်ခြမ်းမှ အနက်ရောင်ဂစ်တာတလက်ကိုဆွဲယူလိုက်တော့ နွေဦးက နောက်ထပ်အ့ံအားသင့်သွားရပြန်ပြီ။

သူက ဂစ်တာတီးတက်တယ်.. အဲ့လိုနူးနူးည့ံည့ံအလုပ်တွေဘယ်တုန်းက သင်ထားတာလဲ!

" ........."

ထို့နောက်Trevor Daniel ရဲ့ Fallingသီချင်းဟုထင်ရသည့် သံစဉ်တစ်ချို့ကို ဟံသာဦးလက်ချောင်းသွယ်သွယ်တွေဖြင့် ကြိုးသွားတွေအပေါ်ရှက်ပြေးခါ စတင်တီးခက်လေသည်။

" My last make me feel like, I would neaver try again.
But when I saw you , I felt something I neaver left.
Come closer,I'll give you all my love.
If you treat right,baby, I'll give you verything .
Talk to me!
I need to  hear you need me like I need you.
Fall for me!
I wanna know you feel how I feel for you, love........."

MY Crush Is My Step-FatherTahanan ng mga kuwento. Tumuklas ngayon