Part 14
Uni....မနက်မိုးလင်းကတည်းက ဟံသာဦးရဲ့ အရိပ်အယောင်ကိုတောင် နည်းနည်းမှမတွေ့ရ...
မတွေ့တာလည်း ကောင်းပါသည် ဆိုတဲ့ စိတ်ကလေးနဲ့ နွေဦး တွေးလိုက်မိသည်..။
"ဒေါက်_ဒေါက်_ဒေါက်"
တံခါးလာခေါက်သော သူသည် အခြားသူတော့မဟုတ်.. ဆရာဝန်တစ်ယောက်သာ ဖြစ်လေသည်..။
"လူနာ တစ်ယောက်ထဲလား.."
"ဟုတ်ကဲ့ ဒေါက်တာ.."
"လူနာရှင်ရော..."
နွေဦး သက်ပြင်းကလေးချခါ ခေါင်းခါမိသည်..။
"အာ..ဒါဆိုလည်း အိမ်က လူကို ဖုန်းဆက်ပြီးအသိပေးချင်လား ခြေထောက် ပတ်တီးလဲဖို့ကို..."
နွေဦး ထပ်မံခေါင်းခါလိုက်သည်ကြောင့် ဒေါက်တာက ပင့်သက်ရှိုက်ရင်း ခေါင်းတစ်ချက်ဆက်သည်..။ ဘေးက အကူဆရာမလေးကိုင်ထားသော ဆေးဗန်းထဲမှ ကတ်ကြေးအား ယူခါ ပတ်တီးကို စဖြတ်သည်..။
ဆေးရုံရောက်နေသည်မှာလည်း တစ်ပတ်ကျော်ခဲ့ပြီမှလား.. ပတ်တီးကလည်း လဲဖို့ အတော်လေးလိုအပ်နေပြီ.. မနေ့က ပတ်တီးတွင်ပေကျန်နေသော ကိစ္စဝိစ္စတို့က အညှီအဟောက်နံ့နံချင်နေသည်..။
သို့သော် ဆရာဝန်ကတော့ မသိချင်ယောင်ဆောင်လျှက် သူလုပ်ရမည့် ကိစ္စတို့ကိုပင် သေသေချာချာ အာရုံစိုက်နေလေသည်။ တဖန် နွေဦးလည်း မျက်နှာပူလွန်းလို့ ကြွတ်ကြွတ်အိတ်ဘဲ စွတ်ထားရတော့မလိုလို..
....."ပြီးပြီ..ကဲ.. ဆေးရုံကတော့ ဆင်းလို့ရနေပြီ.. ဆင်းချင်ရင်တော့ လူနာအုပ်ထိန်းသူနုဲ့ ဆွေးနွေးပေါ့.."
"ဟုတ်ကဲ့ပါ ဒေါက်တာ.."
ကျပ်ထုပ်နေသော ခြေထောက်က ပတ်တီးတွေသည် ယခုထိပင် ခြေထောက်တွင် နေရာယူထားလေသည်..။
"......"
.........
"အာ..အာ့ဆိုရင် အခုဘဲ သူ့ဆီသွားကြိုလိုက်တော့.."
ဖုန်းပြောနေသော ဟံသာဦးသည် ကုပ္မဏီအဝင်အဝရှေ့သို့ထွက်လာဟန်...
"အာ့...မျက်လုံးက မမြင်ဘူးလား.."
ကုမ္ပဏီအဝင်ဝ၌ ဝင်တိုက်မိကြသော မိန်းမငယ်တစ်ဦး...။