Part 28
Unicode....
ပေါင်ပေါ်၌ တင်ထားသော ရဲနောင်မိုးကို ဦးနေမင်းခ ခပ်ညစ်ညစ်ကလေးကြည့်သည်..။ ရဲနောင်မိုး ခင်ဗျာ သူ့bossဖြစ်သူ ဦးနေမင်းခ ပေါင်ပေါ်ထိုင်နေရသဖြင့် ပါးပြင်အုအုနှစ်ဖတ်မှာ သွေးရောင်လွှမ်းချင်နေ၏..။ မျက်လုံးချင်း စုံမကြည့်ရဲလောက်အောင် ဦးနေမင်းခကို ရှိန်သဖြင့် ရဲနောင်မိုး မျက်လွှာချထားရသည်..။
" ရိုးသားလိုက်ပုံများ.. ထားရာနေရာမှာ မငြီးမငြူကိုနေတာဘဲလား..."
ခပ်တိုးတိုး ဆိုလာသည့် ဦးနေမင်းခ ရဲ့အကြည့်ဓာတ်နှင့် ရဲနောင်မိုး၏အကြည့် ခဏတာ စုံခိုက်သွားလျှင် ရဲနောင်မိုး သူ့အပေါ်မှ အလျှင်အမြန်ထခါ တောင်းပန်သည့်သဘောဖြင့် အရိုအသေပေးသည်..။
ဦးနေမင်းခကတော့ သဘောတကျကျနှင့် မျက်လုံးကလေးတွေ ပိတ်ကျသွားသည်အထိ ရယ်လို့ ပါးချိုင်းကလေးတွေ ခွက်ကျသွားသည်..။ ရဲနောင်မိုး အသည်းမာမာဖြင့်သာ ဦးနေမင်းခရဲ့ ဆက်တိုက်လွှတ်နေသော ဆွဲဆောင်မှုတွေကို ဥပေက္ခာ ပြုထားလေရဲ့...
" အား.. ပင်ပန်းလိုက်တာ ဇာတ်ကျောလေး ဆွဲပေးစမ်းပါအုံး..." ဟုဆိုလာသည့် ဦးနေမင်းခရဲ့ အမန့်သံကြောင့် ရဲနောင်မိုး သူ့လက်တွေနှင့် ဦးနေမင်းခ ပုခုံးပေါ် နေရာယူလိုက်သည်...။
တချိန်က သူ့ဘဝ အကြောင်းပြန်တွေးမိသော်...
"သားရေ... စိုင်းမင်းမောင်...မေမေလေးကို လာကူပါအုံးကွယ်.."
မေမေလေးဆိုသူသည် စိုင်းမင်းမောင် မိခင်၏ ညီမအရင်းခေါက်ခေါက်ဖြစ်ပြီး အမဖြစ်သူ နောက်ယောက်ျားယူသွားကတည်းက အမေနေရာတွင် အစားထိုးဝင်ခဲ့သည့် အဒေါ်ဖြစ်၏။
စိုင်းမင်းမောင်မှာ ငါးထောင်တန် ပိုက်ဆံတွေ ရေတွက်နေရာမှ သူ့ကျောပိုးအိတ်ထဲ အမြန်ပစ်ထည့်လိုက်သည်...။ပြီးရင် အမေ့ဆီ ပြေးသွားခါ အမေ့ခေါင်းပေါ်မှ ရွက်လာသည့် ဗန်းဝိုင်းကြီးအား ချပေးသည်..။ ထိုဗန်းဝိုင်းထဲတွင်တော့ ခေါက်ဆွဲဖတ်တချို့နှင့် မုန့်ဖတ်တချို့ကျန်နေသေး၏..။
မှန်ပါသည် အမေသည် အသုတ်သည် တယောက်ဖြစ်သည်..။ ဆင်းရဲချို့တဲ့သော သူဆင်းရဲတယောက်... နေထိုင်ရသော ပျဉ်ထောင်အိမ်ကလေးမှာလည်း ယိုင်နဲ့နဲ့နှင့်သာ...