Part 15
Uni...
တနေ့လုံး ဟံသာဦးရဲ့ လူရုံတွေကို ဟိုခိုင်း ဒီခိုင်းနဲ့ ဘဝကြီးက တကယ့်သာသာယာယာပင်.. သို့ပေမဲ့လည်း ထိုသာယာမှုဟာ သူပြန်မလာခင်အထိသာပေါ့...
တီ..တီ..တီ
ခြံထဲ ကားဟွန်းသံကြားလိုက်ရလို့ နွေဦး ကျောတွေ စိမ့်ခနဲ အေးခဲသွားရသည်..။ သူ ဘာတွေလုပ်အုံးမလဲဟူသော အတွေးနဲ့တင် ကြက်သီးထလေပြီ...။
ထို့နောက်...,
"ဥက္ကဠ ပြန်လာပြီလား" ဟူသော လူယုံရဲ့အသံကိုပါ တစ်ဆက်တည်း ကြားလိုက်ရသည်..။ဧည့်ခန်းထဲသို့ ဟံသာဦးတစ်ချက်ဝှေ့ကြည့်တော့ ဒင်းလေးက Sofa ပေါ်မှာ အသီးထိုင်စားနေတာ တုပ်တုပ်မှမလှုပ်.. မကြောက်ချင်ယောက်ဆောင်နေတာလား သူပြန်လာတာကိုဘဲ တကယ်မသိတာလား ဟူသော အတွေးနဲ့ပင် စိတ်က တကယ်ရှုတ်ထွေးသွားရသည်။
"ကလေးလေး.."
ဘေးမှာလာထိုင်ခါ ကိုယ့်ပုခုံးအား လာမှီသူ ဟံသာဦးကြောင့် လူကတစ်ချက်တွန့်ခါ တုန်လှုပ်သွားရသည်။
"ဟန်ဆောင်ကောင်းလှချည်လား..."
ကိုယ်က သူ့အား မကြောက်အောင် မနည်း စိတ်ထိန်းထားရသူမို့ နောက်တစ်ခါ သူ့စကားတစ်ခွန်းမှာ ထပ်၍ တုန်လှုပ်သွားလို့မဖြစ်...
"ဘာတွေလာပြောနေတာလဲ.."
"အဟက်ဟက်..."
လေသံထွက်ရုံမျှသာ ဖျော့တော့တော့ပုံစံနဲ့ ရယ်နေသော ဟံသာဦးက နောက်ထပ် ဘာတွေကြံနေပြန်ပြီလဲ...
"ဥက္ကဠ..."
ဟံသာဦး လက်ကာသည်..။သူ့လူရုံ ညီသု့ အား ဆက်မပြောစေရန် ဟန့်တားပစ်လိုက်သည်.. ။ညီသု့ကလည်း အလိုက်တသိနဲ့ ဆက်မပြောတော့ပေ...
"ပြန်တော့ ဒီနေ့တော့ ပြန်လို့ရပြီ.."
"ဟုတ်ကဲ့ပါ ဥက္ကဠ.. "
နွေဦးကတော့ သူတို့အား တစ်လှည့်စီ အူကြောင်ကြောင်နဲ့လိုက်ကြည့်လို့...
သူတို့အားလုံး အပြင်ထွက်သွားမှ နွေဦး ပို၍ အသက်ရှူကျပ်သွားရသည်.. အိမ်ကျယ်ကြီးတစ်အိမ်လုံးထဲမှာ သူတို့နှစ်ယောက်ထဲသာ ကျန်ရှိနေသည့် ဤခံစားချက်ကြီးကား နွေဦးကြောက်လှသည်..။