ep.12

14.3K 626 2
                                    

Part 12
Uni....

"...."

"ဦး ကချောလိုက်တာနော်.."

"ဟုတ်ပါ့ ဦးကလေ သိပ်ခန့်တာဟ.."

"ဒီလို အသက်အရွယ်လေးနဲ့ ဘာလို့များ အိမ်ထောင်ပြုလိုက်လဲမသိဘူးနော်..."

ဝန်ထမ်းမလေးတွေ ပြောနေသော ဦးဆိုတာက အမှန်ပင် ဟံသာဦးကိုသာ ရည်ရွယ်ချက်ရှိရှိ ဆိုလိုပါသည်။

"......."

" ဥက္ကဠ ဦး... ဒီဘက်လမ်းပါ.."

မျက်နှာ ရှစ်ခေါက်ချိုးနဲ့ အတွင်းရေးမှူးမလေး လမ်းပြရာ လိုက်လာခဲ့သော ဟံသာဦးသည် ဘာကို အလိုမကျနေသည်လည်း မပြောတက်..

"မင်းနေခဲ့တော့.."

"ဟုတ်ကဲ့ပါ ဥက္ကဠ ဦး..."

........

"ဟဲ့ ဟိုမှာ ဥက္ကဠ ဦးလာနေပြီ.."

စကားကို မြန်မြန်အရှိန်သက်ခါ ကိုယ်ရဲ့လုပ်စရာရှိတဲ့အလုပ်တွေကိုသာ ကိုယ်စီ အာရုံပို့ပစ်လိုက်တဲ့ ရုံးစာရေးမလေးတွေသည် ခဏတာတော့ တိတ်ဆိတ်သွားပါသည်။

-ဒုန်း!-

တံခါးကို စောင့်ပိတ်လိုက်သော ဟံသာဦးကြောင့် တိတ်ဆိတ်နေသော ရုံးခန်းတစ်ခုလုံး ဆူညံသွားလေသည်။

တယောက်ကိုတယောက် မျက်စပစ်ခါ ဘာလဲဟူသော အကြည့်နဲ့မေးလေသည်..။

"ကိုယ့်အလုပ်ကိုလုပ်..မဆိုင်တာ ဝင်မပါကြနဲ့.."

အတွင်းရေးမှူးမရဲ့ ဖိဟောက်သံတစ်ချက်မှာ ရုတ်စိရုတ်စိဖြစ်နေသော လူတိုင်းလိုလို မျက်နှာကြီးမဲ့ခါ ခေါင်းကိုယ်စီငုံ့သွားကြသည်...။

ဟုတ်ပါသည်.။ သူမနာမည်က ငွေဖယောင်း တဲ့... အများကတော့ ဖယောင်း လို့ဘဲသတ်မှတ်ကြတယ်.. သူမက ကြည့်ကောင်းသည့် အမျိုးသမီးတစ်ဦးဖြစ်သည့်အပြင် အလွန်လည်း မောက်မာသည့် အမျိုးအစားထဲဝင် ပါဝင်သည်။

"ငွေဖယောင်း...."

ရုံးခန်းထဲက အော်ခေါ်သံကြောင့် ဆိုးဆေးအပြည့်တင်ထားသော ဖယောင်းရဲ့ နှုတ်ခမ်းတွေကို တင်းတင်း စေ့ပြစ်လိုက်သည်..။

ဒေါက်ခွာသံက တိတ်ဆိတ်နေသော ရုံးခန်းအတွင်း စိတ်ခြောက်ခြားစရာ ကောင်းလှပြန်သည်..။

MY Crush Is My Step-FatherWhere stories live. Discover now