ep.21

11.7K 575 1
                                    

Part 21

Unicode..

မနက်စာအတွက် သူပြင်ဆင်ထားသော ကြက်ဥပေါင်မုန့်ကျော်လေးက စားချင်စရာကောင်းအောင်တော့ လုပ်ထားသားဘဲ..
နောက်ပြီး ကော်ဖီမကြိုက်တက်တဲ့ သူ့အတွက် နွားနို့တစ်ခွက်ရယ် အခြား အရန်မုန့်တွေရယ်နဲ့ စားပွဲဝိုင်းကပြည့်လျှံလို့...

သက်ပြင်းတစ်ချက်ချရင်း အပင်ပန်းခံလုပ်ထားသော မုန့်တွေကို စားရန် လက်ရွယ်လိုက်သော်လည်း အလျှင်အမြန်ဆွဲလုလိုက်သော လက်တစ်စုံ...

ဟံသာဦး မော့ကြည့်တော့ ညီသု့က သူစားမည့် အစားအစာအား ပုတ်ချပစ်လိုက်သည်..။ ဘာရည်ရွယ်ချက်နဲ့ လုပ်သလဲမသိပေမဲ့ ဟံသာဦး ဒေါသရောင်ဟပ်သွားသည့် အကြည့်စူးစူးတို့နှင့် ညီသု့အား စူးစူးဝါးဝါးကြည့်လိုက်သည်..။

"ဘာလုပ်တာလဲ ညီိသု့ မင်းသေချင်နေလို့လား.."

ညီသု့က အလျှင်အမြန်ခေါင်းကိုငုံ့ချခါ သူ့အမှားအား တောင်းပန်လေသည်..။ သို့သော်လည်း နောက်ဆွဲတွဲစကားက ဟံသာဦးအား ထိပ်လန့်စေဖွယ်ရာအတိ....

"အစားအစာတွေအားလုံးထဲမှာ ကြွက်သတ်ဆေးတွေ ခက်ထားတယ်.." ဟူသည့် ညီသု့ရဲ့ အသိပေးသံ...

"ဘာ..."

ထိပ်လန့်သွားသော ဟံသာဦးမှာ မနက်အစောပိုင်းကတည်းက စိမ်းသက်သက်နဲ့ ဘဝင်မကျသည့် လေထုအား ယခုမှ သတိထားမိဟန်တူသည်..။

ညီသု့ဆိုတာကလည်း ငယ်ငယ်ကတည်းက ပေါင်းသင်းလာသည့် အဖော်ကောင်းတစ်ယောက်ဖြစ်နေသည်ကြောင့် မျက်စိစုံမှိတ်ထားလျှင်တောင် ကိုယ့်အား သစ္စာမဖောက်သည့် လူရုံတော်တစ်ဦးဖြစ်လေသည်။

ဟံသာဦး ထိုင်ရာမှထခါ အေးတိအေးစက် နဲ့ ဓာတ်ပုံဘောင်တွေ ပြန်ချိတ်နေသော နွေဦးအနား ခပ်သွက်သွက်ခြေလှမ်းတွေနှင့် လျှင်မြန်စွာ ရောက်သွားလေသည်..။

"နှောင်းနွေဦး..."

ဓာတ်ပုံချိတ်ရန် ပြင်နေသည့် လက်တွေသည် လမ်းတစ်ဝက်မှာတင် ဟံသာဦး အကြမ်းပတမ်းဆွဲယူမှကြောင့် တဖန် ကြမ်းပြင်ပေါ် ပြုတ်ကျကွဲအက်သွားရသည်..။

စိတ်မရှည်သော အကြည့်ကလေးနှင့် ကိုယ့်အား ပြန်ကြည့်လာသော နွေဦးရဲ့မျက်ဝန်းတွေသည် အေးစက်လွန်းလှသည်..။

MY Crush Is My Step-FatherWhere stories live. Discover now