"နွေဦးလေး..."
"ဟင်.."
အဖျားခက်တုန်ရီနေသောအသံသည် သိသိသာသာပင်..."ဘာကို အဲ့လောက်အထိကြောက်နေတာလဲ..ပြစမ်း.."
"ဟင့်အင်း.."
"ပြစမ်း ဒဏ်ရာတွေ.."
ခွင့်ပြုချက်မရဘဲ ပါသွားသောလက်ကလေးသည် ဟံသာဦးလက်ထဲ ပြုတ်မထွက်ရုံတမယ် လျော့တိလျော့ရဲကလေးပါသွားလေသည်။
"ကိုယ် အဲ့သလောက်တောင်ဆိုးလား..."
ဇာတ်ကလေးပုခါ ခေါင်းခါသည်။ သူ့အားကြည့်လည်းမကြည့်ရဲ. ကြောက်သည်ထက် ပိုသည်ဆိုလျှင် ပိုမှန်လိမ့်မည်။
"မှန်း မော့စမ်းပါအုံး အဲ့ ရွံစရာ မျက်နှာကလေး..."
မေးစေ့ဖျားမှ လှမ်းကိုင်ခါ ပင့်တင်လိုက်သည်မို့ အကြည့်တို့က သူနှင့်ထပ်တူကျသွားသည်။
ေနရောင်ဖျော့ဖျော့က သူတို့နှသ်ယောက်အား အလင်းဆောင်ကျငိးပေးနေသည်မို့ ပုံမှန်ထပ်မြက်ကွင်းဟာ ပို၍လှပနေလေသည်။
"လှနေပြန်ပြီ အဲ့တော့ ပေးမှာလား.."
"ဟင့်အင်း...အဲ့လိုထပ်မလုပ်ပါနဲ့...ကြောက်တယ်..."
"ကြောက်လား..."
ခေါင်းကိုဆက်ခါဆက်ခါ ညှိမ့်ပြနေသော ကလေးငယ်ရဲ့ ဂွင်းထိုးဖိနပ်အဝါကလေးသည် ပတ်တီးစီးထားသောခြေထောက်နေရာတွင်နေရာယူထားသည်မှာ အသစ်စက်စက်ဝယ်ထားခဲ့သည်ထင်၏။
"မင်းက သိပ်ကြောက်တက်တယ်ပေါ့..အဟား..မင်း ကြောက်တာထက်ကို ပိုကြောက်ရမယ်...ငါ့ကိုမြင်တာနဲ့မင်းရဲ့အတိတ်တွေ အကုန် သတိပြန်ရစေရမယ်...လှပတဲ့အတိတ်မဟုတ်ဘဲ... နာကျင်နေတဲ့အတိတ်..မင်းက ငါ့ရဲ့အစေခံဘဲ...မင်းဦးနှောက်ထဲ မြဲမြဲမှတ်ထားရမှာတစ်ခုက ငါက အားနည်းတဲ့သူကိုဘဲ ပိုအားနည်းအောင်လုပ်ချင်တာ...မင်းထပ်ပြီး ကျရှုံးစမ်း..ဟားဟားဟားဟား..."
တဟားဟားအော်ရာ်နေသော ဟံသာဦးသည် စိတ္တဇလူသတ်သမားတလောက်နှယ်.........
တနေ့တော့ သူ ကျွန်တော့်ရှေ့မှ ရုတ်ချည်းပြောက်ကွယ်သွားသည်မှာ ပုံမှန်မှ ဟုတ်ပါရဲ့လား.....