ep.24

10.9K 514 19
                                    

Part 24
UNICODE...

မျက်လုံးယဉ်စွာ တည်ဆောက်ထားသော နှစ်ထပ်တိုက်ကိုမှ မှန်လုံးပုံ ခိုအိမ်ပါသည့် အိမ်ကလေးသည် ခဲရောင်ဆေးတင်ထားခံရပြီး ကြီးမားကျယ်ဝန်းသော ခြံကြီးရဲ့အလည်ဗဟိုတည့်တည့်တွင်တည်ရှိပြီး နေ့တနေ့ရဲ့တာဝန်ပြီးဆုံးခါ အနောက်အင်ပါယာထဲ ဝင်လုဆဲဆဲ နေမင်းနှင့်အတူ ဖျော့တော့ လျော့ရဲလို့ အရိုင်းဆန်စွာ တည်ရှိနေသည်...။

သိပ်မကြာပါ...
ခြံဝန်းထဲသို့ မနက်က ထွက်ခွာသွားသော ကားအနက်ကလေး ပြန်ဝင်လာပုံထောက် ဟံသာဦး ကုမ္ပဏီမှ ပြန်လာပြီထင်သည်။

ကားပေါ်မှ ခပ်မြန်မြန်ဆင်းလာသံ ပြီးတော့ ကားတံခါးကို ဝုန်းခနဲစောင့်ပိတ်လိုက်သံ အိမ်ထဲကို ဝင်လာသော ခြေလှမ်းကြမ်းကြမ်းသံတွေရယ် တော်တော်လေးကိုနီးနေပြီဖြစ်သော ထိုသူ့ရဲ့အသက်ရှူသံတွေ....

"နွေဦး..."

ခေါ်ဆိုလာသောအသံနှင့်အတူ ဟံသာဦးလက်ထဲက လက်ဆွဲအိတ်ကို ကြမ်းပြင်ပေါ် ဘုတ်ခနဲပစ်ချပစ်ရင်း သူ့အနား လျှင်မြန်စွာ ချည်းကပ်လာနေပြီ..နွေဦးက လှုပ်ကုလားထိုင်ပေါ်ထိုင်နေရင်းမှ နှုတ်ခမ်းကလေးတွေကို ကော့တက်ရုံမျှသာကွေးယူလိုက်သည်..။

ထို့နောက် ဟံသာဦးက နွေဦးအား အင်္ကျီကော်လံစမှစောင့်ဆွဲတော့ ခါးကော့ပါလာသည့်နွေဦးက နှာခေါင်းရှုံ့လျှက်...

"ဘာလဲ..."

"မနက်က မင်းအကောင်ကို အိမ်ခေါ်တွေ့တယ်တယ်ပေါ့.."

"အဲ့တော့ဘာဖြစ်လဲ.."

"ဟား.. ငြင်းတောင်မငြင်းရလောက်တဲ့အထိ နှစ်ယောက်သား ဖြစ်ပျက်နေကြတာလား.."

"အဲ့တာမင်းနဲ့မဆိုင်ဘူး.. "

"ဆိုင်တယ်..ဆိုင်တယ်..မင်းရဲ့လင်က ငါဘဲ မှတ်ထား.."

"စောက်ရူး..."ဟုအော်ခါ ဟံသာဦးလက်ထဲမှ ကိုယ်လွှတ်ရုန်းရင်း သူ့အား စောင့်တွန်းပစ်လိုက်သည်..။

ခန္ဓာကိုယ်ဟန်ချက်ပျက်သွားသော ဟံသာဦးက သူ့ကိုယ့်ကို ပြန်ထိန်းရင်း ရင်ဘက်ပေါ်လိပ်တက်သွားသော ရှပ်ကို ပြန်ဆွဲချလို့ ဘေးကိုတစ်ချက်ခေါင်းလွှဲခါ ဟက်ခနဲ အ့ံဩသယောင်ရယ်မိသည်..။ နောက်တော့ လျှင်မြန်သော လက်တစ်ဖတ်က နွေဦးမေးရိုးကို သူ့လက်ဖျံကြီးတွေနှင့် ဆုတ်တင်းဖြစ်ညှစ်လိုက်သည်..။

MY Crush Is My Step-FatherWhere stories live. Discover now