Part 2
Uni..."မင်္ဂလာပါ ဆရာ...."
ဆရာက တုတ်တစ်ချောင်းနှင့် စာအုပ်ကြီးတစ်အုပ်ကိုင်ခါ အတန်းထဲဝင်လာတော့ စည်းချက်ညီသော နှုတ်ဆက်မှုနှင့် ဆီလျော်လှသည်...။
"ထိုင်ကြ..ထိုင်ကြ..."
ဆရာက မသန့်ရှင်းရသေးသော ဝှိုက်ဘုတ် ကြီးအား ဒက်စတာတစ်ခုနှင့် သန့်ရှင်းနေသည်...ဘာသာရပ်ဆရာ အတန်းပိုင်မြန်မာဆရာသည် သိပ်ကို သဘောကောင်းသည့် လူတစ်ဦးဆိုလဲမမှားပေ...။
ဆရာစာမသင်ခင် လေသံတို့နှင့် ပြည့်နှက်နေသော ထိုစာသက်ခန်းကြီးသည် စာကလေး အိပ်တန်းတက်သလို ဆူညံနေပြီး
ဘာတွေပြောလို့ပြောမှန်းမသိအောင် လေသံပင်မတိုးပေ။အချင်းချင်း ကျောင်းဂိတ်က ဝယ်လာသည့် ပြောင်းဖူးစိတွေနှင့် ဟိုဘက်ကလူကိုပစ်လိုက် ဒီဘက်ကလူကိုပစ်လိုက်နှင့် ပြောင်းဖူးစိတွေ လေထဲ ဝဲပျံနေလေသည်။ တခါတရံ ပြောင်းဖူးရိုးတွေပင်ပါတက်သေးသည်။.. သေချာတာကတော့ ဒါဟာ ကျောင်းသား ဘဝပင်ဖြစ်လေသည်။
"တော်ပြီ တော်ပြီ..စကားများတာတွေရပ်..စကားပြေ စာအုပ်ထုတ်...စီးချင်းတိုက်ပွဲ ခက်ဆစ်တွေ အရင်ဆို..ဘယ်နှလုံးရှိလဲ.."
"၁၈လုံးပါ.."
ကျောင်းသားတို့က ဝိုင်းစုကာအော်လေတော့ ဆရာက ခေါင်းညှိမ့်ခါ ဆိုသညိ။
"ပထမအလုံးက စဆို..."
"နှုတ်ရေး.....စကားဖြင့်ပြောဆိုဆောင်ရွက်ခြင်း၊ အပြောစွမ်းရည်...။ ။ လက်ရေး............"
စည်းချက်ဝါးချက် ကိုက်ခါ အားလုံးက တညီတညာထဲ ဆိုကြလေတော့ ဆရာက ခေါင်းတစ်ညှိမ့်ညှိမ့်နှင့် အတန်းထဲ လှည့်လည်ကြည်ရှုစစ်ဆေးနေသည်။
"တစ်ကြောင်းကို သုံးခေါက်ရွတ်..ပြီးရင် အလွတ်ဆိုရမယ်.."
သုံးခေါက်ရွတ်ပြီးသည့်အခါ အလွတ်ဆိုရမည်ဖြစ်သောကြောင့် စာအုပ်တွေ ခုံအောက်ထည့်လိုက်ရသည်..။
ဒါပေမဲ့ ခုံအောက်ထဲသာထည့်တာ စာအုပ်မပိတ်ဘဲ ခိုးကြည့်ဆိုနေသော ကျောင်းသားတို့သည် တကယ့် အပေတေလေးများပင်ဖြစ်လေသည်။... ကျောင်းသားဘဝ ချစ်စရာကောင်းလွန်းလှပါသည်..။