Part 45
Unicode....
ဒီနေ့ဟာ သောကြာနေ့ဖြစ်သည်ကြောင့် ဟံသာဦးတယောက်အိမ်မပြန်တော့ဘဲ အလုပ်ပြန်သည်ဆိုလျှင်ဘဲ နွေဦးအိမ်သို့ ဒုက္ခသည်တယောက်ပမာ သောင်တင်ရန်ဆုံးဖြတ်ထားသည်။
"ကိုယ့်ကို စောင့်ပါအုံး အချစ်ရဲ့..."
အလုပ်ဆင်းကတည်းက ခပ်သုတ်သုတ်ဖြင့် မပြေးရုံတမယ် အသော့နှင်နေသော လူကြီးပေါက်စက တစ်မနက်လုံးအလုပ်တွင်လည်း ရေရေလည်လည်စကားမပြောပါချေ...လူတွေ့လျှင် ရှောင်နေတာချည်းဘဲ...
အနောက်မှနေခါ နွေဦးနာမည်ကိုမရမက အော်ခေါ်လို့ အမြှီးလေးတနှမ့်နှမ့်ဖြင့် တယ်လီယာခွေးပေါက်တစ်ကောင်လို လိုက်နေသူဟံသာဦးမှာ အတော်ကလေး ပျော်နေပုံရသည်။
"ချစ်ဆုံး ဟေ့ ကလေးလေး...."
"ကျစ်! ခင်ဗျား ဘာဖြစ်နေလဲ.."
"ကိုယ်လား ချစ်ချင်နေယုံပါ.."
"ဟော..ဟိုမှာ မချမ်းမြေ့နှင်းစံရောက်နေပြီ ခင်များကို စောင့်နေတယ် သွားတွေ့လိုက်ပါအုံး..."
လက်ညှိုးညွှန်ရာကြည့်တော့ အမှန်တကယ်ပင် ချမ်းမြေ့နှင်းစံပါလေ... ဟံသာဦး မျက်နှာကိုတည်ပစ်လိုက်ရင်း သူမရှိရာသို့ ဆက်လက်လျှောက်လှမ်းသွားတော့သည်။
ထို့နောက် နွေဦးမှာလည်း အကိုညီသု့ရောက်လာပြီမို့ ခေါင်းပုတ်ဖင်ပုတ်လုပ်နေတဲ့ သူတို့နှစ်ယောက်ကို ကျောခိုင်းပစ်လိုက်ခါ ရင်နာနာနှင့်ပင် ကားထဲဝင်လာခဲ့လိုက်သည်။
"သခင်လေး..."
စကားစရန်ပြင်နေသော အကိုညီသု့က သူ့ဆရာရဲ့အခြေအနေကို ကာစီးပေးရန်ပြင်နေသော်လည်း နွေဦး စိတ်မဝင်စားစွာ အမူအရာပြလိုက်မှ သူလည်းအလိုက်တသိဖြင့် parking ခန်းမှ ကားကိုအလျှင်အမြန် မောင်းထွက်လာခဲ့လိုက်သည်။
........
ဟံသာဦး အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာရှိနေတဲ့ ညီသု့ကိုမြင်ရသည်။
"နွေဦးရော..."
"အပေါ်ထပ်မှာပါ ဆရာ...."
ထို့နောက် ဘာစကားမှမဆိုတော့ဘဲ ဟံသာဦးတယောက် နွေဦးရှိရာအခန်းသို့အလျှင်အမြန်ပင်ရောက်ချသွားလေသည်။