(( Final ))

19.3K 520 58
                                    

Final

Unicode...

နွေဦးရဲ့ ထွက်ဆိုချက် သက်သေအရ ချမ်းမြေ့နှင်စံက ဟံသာဦးလက်တွဲဖော်ဆိုလို့ ပြန်ပေးဆွဲခါ သူမကို နှိပ်စက်ပြီး အရှင်လက်လက်မြေမြှုတ်ပစ်ခဲ့သည်။ ထို့နောက်မှာတော့ သူ့သမီးကိုသေဆုံးကြောင်းကို သိသွားပြီး သူ့နောက်လိုက်တွေနှင့် ပွဲလာရှာသူ ဦးမင်းဓနကိုပါ ဝီဇိန်ချုပ်ပေးလိုက်၏..။ လွယ်လွယ်နဲ့ သတ်ပစ်လိုက်ပြီးမှ ထိုသတင်းဟာ အမှားတစ်ခုမှန်းသိရှိသွားချိန်မှာတော့ ဦးနေမင်းခတယောက် နွေဦးကို နောက်ထပ်ပြန်ပေးဆွဲဖို့ကြိုးစားတော့သည်....။

...........................

ဦးနေမင်းခလက်တစ်ဖတ်ထောင်ပြခါ အချက်ပေးလိုက်မှ ဟံသာဦးနှင့် ညီသု့ကို ဝိုင်းရိုက်နေကြသော သူ့လူတွေက နေရာအနည်းငယ်ချဲလိုက်သည်။

မိန့်မိန့်ကြီးထိုင်နေရာမှ မတ်တပ်ထရပ်ရင်း ဘေးက ကြိုးများဖြင့်ချည်နှောင်ထားခြင်းခံရသော ရဲနောင်မိုးကိုပါတစ်ချက်ကြည့်လိုက်သည်။

"မင်း သေချာကြည့်ထား ငါအခုငါဘာလုပ်တော့မလဲဆိုတာကို..."

ရဲနောင်မိုးက စိုးရိမ်နေသော မျက်ဝန်းတွေနှင့်ခေါင်းကိုသာအဆက်မပျက်ခါနေမိသည်။ချည်နှောင်ထားသော ကြိုးတို့ကို ပျက်သွားစေရန်အတွက်လည်း အသားကိုအနာခံလို့ တင်းတင်းဆွဲဖျက်ရုန်းကန်နေမိ၏။

ဦးနေမင်းခက မှန်စားပွဲပေါ်က Glock 34 ကိုယူခါ မောင်းတင်ခါ တစ်ချက်ဆွဲယူလိုက်သည်။

ထိပ်ထိပ်ပြာပြာဖြစ်သွားသော လှောင်အိမ်ထဲက နွေဦးမှာ ကြမ်းပြင်ပေါ် ဝမ်းလျားမှောက်နေသော ဟံသာဦး ပြန်ထလာဖို့အရေးကိုသာ အတင်းအော်ဟစ်နေမိတော့သည်။

"ဟံသာဦး ဟံသာဦး... ဟင့်အင်း.. ထလို့ မြန်မြန်ထစမ်း...ဟံသာဦး ငါ့ကိုမကယ်တော့ဘူးလား...ဟံသာဦး...ဟေ့ကောင်...ထစမ်းပါ..."

ဒဏ်ရာဗလပွနှင့် ညီသုက အတင်းကြိတ်မှိတ်လို့ ဟံသာဦးဆီ သေနတ်ဖြင့် ချိန်ရွယ်နေသော ဦးနေမင်ခဆီ ဝင်လုံးတော့ ပစ်မှတ်နှင့်အနည်းငယ်လွဲသွားပြီဖြစ်သည်။

MY Crush Is My Step-FatherWhere stories live. Discover now