Part 25
Unicode...
"ညီသု့.."
"ဟုတ် ဆရာ.."
"နွေဦးကို သူ့အမေ ကိစ္စကို ထုတ်ပြောပြလိုက်.."
"ဒါပေမဲ့...." ဟုဆိုသော ညီသု့ ရဲ့စကားဆက်လေးက နွေဦးအား စိတ်ပူနေသယောင်ရှိသည်..။
ညီသု့ရဲ့ စကားသံအား ဟံသာဦးက ကြိုသိနေသလိုမျိုး စုံလည်ကုလားထိုင်ပေါ်မှကျောမှီခါ လက်တစ်ဖတ်ထောင်ပြရင်း စကားတို့ကို ရပ်တန့်စေသည်..။
ထို့နောက် ဟံသာဦးရဲ့ လည်ချောင်းမှလာသော ကွဲအက်နေတဲ့ ရယ်သံကမူ ရုံခန်းတစ်ခုလုံးအား ပို၍ စိတ်ခြောက်ခြားသွားစေသည်။
" ပြောပြလိုက်ပါ သူသိသင့်တာပေါ့.. "
"ဆရာ...နွေဦးက ဆရာကို ပိုမုန်းသွားရင်....." ဆိုတဲ့ စကားကလေးက မရဲတရဲ...
ဟံသာဦး မျက်လွှာပင့်လို့ ညီသု့ရဲ့ စကားအား နားမလည်သလို မျက်မှောင်တစ်ချက်ကြုတ်ကြည့်တော့ ညီသု့ဘက်က ဖြေရှင်းချက် ပြန်ပေးလာသည်။
"ဆရာ.. နွေဦးကို စိတ်ဝင်စားနေပြီ မဟုတ်လား.."
ခပ်ညိုညိုနှုတ်ခမ်းနှစ်လွှာက ခပ်ဟဟ... ညီသု့စကားအား မယုံကြည်နိုင်သော ဟံသာဦးရဲ့ အကြည့်က ငြင်းပယ်ခြင်းမရှိသလို လက်ခံခြင်းလည်းမရှိ...
ချက်ခြင်းဆိုသလို ညီသု့ဆီမှ အကြည့်တို့ကို ခပ်မြန်မြန် ဖယ်ခွာပစ်လိုက်သည်..။
" မဟုတ်ဘူး.." ဟူသော တုံးတိဆန်သော ငြင်းပယ်ချက်ကို ညီသု့အား အသိပေးသည်..။ ညီသု့ကတော့ သူ့အား ခပ်ပြုံးပြုံးသာ ကြည့်လို့..
ဟံသာဦး နောက်တစ်ကြိမ် ခေါင်းပြန်မော့လာခါ ညီသု့အား ဘုကျကျ ကြည့်သည်..။ မျက်ခုံးတို့ကို တွန့်ကွေးရင်း " ဘာလုပ်နေတာလဲ သွားတော့လေ." ဆိုတဲ့ အရှက်ပြေ စကားတစ်ခွန်းနဲ့ အမိန့်ပေးလိုက်ရလေသည်..။ ညီသု့ကတော့ ပြုံးစိစိနဲ့သာ လုပ်ရင်း ဟံသာဦးအား ဦးညွှတ်အရိုအသေပေးလို့ ရုံးခန်းထဲမှ ထွက်သွားလေပြီ။
ညီသု့ ထွက်သွားတာကို အတည်ပြုပြီးမှ ဟံသာဦး သက်ပြင်းချခါ ဆုံလည်ကုလားထိုင်ပေါ်မှ ကျောပြန်မတ်လိုက်သည်...။ ထို့နောက် လက်ချောင်းတွေ အချင်းချင်း ပူးတွဲ ဆုတ်ထွေးခါ စားပွဲပေါ် လက်ထောက်ရင်း အညိုရောင်ဘက် ယှက်ပြေးသော နှုတ်ခမ်းသားတွေနှင့် ထိတွေ့မိရင်း တစ်စုံတစ်ရာအား နင့်နင့်နဲနဲ စဉ်းစားနေမိသည်။