"အယုတ်တမာ.."
"အဟက်..အရိုက်မခံရတာ ကြာလို့လား.."
ကော်ဖီပူပူအား တစ်ငုံသောက်ရင်း လေသံအေးအေးနဲ့ပင် ပြန်ပြောလာသော ဟံသာဦးသည် အရင်လို ငြိမ်သက်ဆဲ..
"ဘာရည်ရွယ်ချက်နဲ့လဲ...ဘာကြောင့် ငါ့အမေကိုမှ မိန်းမရှားနေသလား ဟင် ..."
"အို စိတ်မကောင်းဖြစ်သွားတာလား...မင်းအမေကို လက်ထပ်လိုက်လို့လေ..."
"ဟံသာဦး....ငါတောင်းဆိုပါတယ်..."
"မရိုမသေမလုပ်နဲ့လေ..အခုလက်ရှိ အခြေအနေမှာ ငါက မင်းဖအေ ဘဲ..."
"ရိုင်းစိုင်းလိုက်တာ ဘယ်ဥကပေါက်လာလဲ..."
"သိပ်သိချင်နေတယ်ပေါ့လေ...ညက ဖင်ခံ ထားတဲ့အရှိန်နဲ့ ဒီနေ့ မင်းပါးစပ်ပေါက် ပိတ်နေမယ်ထင်နေတာ.."
"ဟံ သာ ဦး.."
နာမည်အား တစ်လုံးချင်းစီ ပီပီပြင်ပြင် အော်ခေါ်မိလေသည်။
"ကလေးလေး စိတ်လျော့မှပေါ့ကွ ဟင်... "
နွေဦး စိတ်ပျက်စွာ သက်ပြင်းချမိသော်လည်း ရလဒ်က ထူးခြားမလာပေ..။
"ငါထင်တာ မင်း အခုထိ နွံထဲမှာနစ်နေတုန်းဘဲ.. မင်းကို အဲ့လိုဖြစ်စေတာ ဘယ်အရာလဲမသိပေမဲ့ မင်းတော်တော်ဆိုးရွားတာဘဲ... "
"ဘာ..ပြန်ပြောစမ်း..."
"တော်တော်လေးကို ဆိုးရွားတယ်လို့..."
-ဖြောင်း-
အားဖြင့် ရိုက်ထည့်လိုက်သော အရှိန်သည် ထိုင်ခုံပေါ်မှာထိုင်နေသော နွေဦးအား ထိုင်ခုံပေါ်မှ ပြုတ်ကျစေသည်အထိ ပြင်းထန်၏။
ပူထူသွားသော ဘယ်ဘက်ပါးပြင်ကလေးသည် လက်ဝါးရာဖြင့် နီဆွေးလျှက်ရှိသည်..။
သူသည် လဲကျနေသော နွေဦးအနား တိုးသွားခါ..."ငါ့ကို အဲ့လိုဖြစ်စေတဲ့အရာက မင်းတို့မိသားစုဘဲ.. ကျက်သရေမရှိတဲ့ဟာတွေ..တနေ့ကျ ငါကိုယ်တိုင် မင်းတို့ကို အဆုံးသတ်ပေးမယ်...ငါကျိန်ဆိုတယ်.."
ကြက်သီးဖြန်းဖြန်းထသွားသည်မို့ နွေဦး ကြောက်လန့်နေမိ၏။တိတ်ဆိတ်နေသော အိမ်ကြီးထဲ တစ်ကိုယ်တော် အော်ဟစ်ရင်းဆူညံနေသော ရယ်သံတွေက အိမ်နံရံမှ ပဲ့တင် ထပ်လျှက်ရှိသည်..။