ep.40

12K 432 42
                                    

Part 40

Unicode...

............................

"ဟင် ဆရာရော သခင်လေး."

ကုမ္ပဏီပေါ်ရောက်ရောက်ခြင်းနွေဦးအား ကြိုဆိုလာသော အကိုညီသု့အား တွေ့လိုက်ရသည်..။

"အဟင်း..သူလား အောက်မှာ သူ့ကောင်မလေးနဲ့ အလွမ်းသယ်ရင်း ကျန်ခဲ့မှာပေါ့.."

ခနဲတဲ့တဲ့ဆိုလာသော နွေဦးရဲ့စကားလေးကြောင့် ညီသု့မှာ နှုတ်ခမ်းနားလက်သီးစုတ်ကလေးတေ့လို့ နွေဦးမမြင်အောင် ကြိတ်ပြုံးလိုက်မိသည်။ ဒါကိုမြင်ဖြစ်အောင်မြင်သွား နွေဦးက မျက်မှောင်ကြီးကြုတ်လို့ ဘာလဲဟူသောအကြည့်နှင့်ကြည့်လာသည်။

"ဘာလဲ..ရယ်စရာဘာပါလဲ.."

ရန်ဆောင်နေသော နွေဦးမှာ သဝန်တိုမှုပေါင်းများစွာနှင့်ပင်....

"ဘာမှမဟုတ်ပါဘူး လာလာ သခင်လေး meeting ခန်းထဲ ကျွန်တော်လိုက်ပို့မယ်"

လက်ပြလို့ နေရာညွှန်သွားသော ညီသု့အား နွေဦးမျက်စောင်းပင်ထိုးမိလေရဲ့... ပြီးတော့ ဒီကုမ္ပဏီက ယခင်က သူ့အမေပိုင်ဆိုင်သော ကုမ္ပဏီဖြစ်သော်ညား တစ်ခေါက်စနှစ်ခေါက်စပင်ရောက်ဖူးသည်။ ရောက်သည်ကလည်း လွန်ခဲ့တဲ့ ၅နှစ်က ကျောင်းအပြန်တွင် အဖေက ရောက်ဖူးတယ်ရှိအောင်ခေါ်ပြလို့ လိုက်လည်တာတစ်ခုတည်း... အဲ့နောက်တော့ တစ်ခါမှပင်မရောက်ဖြစ်တော့ပေ.. ကိုယ်ကိုယ်တိုင်ကလည်း စိတ်မဝင်စားတာကြောင့်ရောပါသည်။

အထဲသို့ရောက်တော့ အကြီးအကဲတာဝန်ခံတစ်ချို့က နွေဦးအား လှည့်ကြည့်လာသည်။ စားပွဲဝိုင်းရှည်တွင်ထိုင်နေသော အမျိုးသား အမျိုးသမီးကြီးတွေက အနည်းဆုံး အယောက်၂၀ကျော်လောက်၏.. နွေဦး စိတ်လှုပ်ရှားစွာ ပင့်သက်ကလေးခိုးရှိုက်ရင်း ငြိမ်သက်နေသော လေထုအား ကြောက်စိတ်ပိုလာမိသည်။

သိပ်မကြာပါ ဟံသာဦးက အခန်းတံခါးဖွင့်လို့ ထိုတိတ်ဆိတ်ငြိမ်သက်နေသော လေထုကို စတင်ဖြိုခွင်းပစ်လိုက်တော့သည်။

ဟံသာဦးကို အားလုံးက သားရဲတကောင်ထင်အမှတ်နှင့် အတော်လေး ထိပ်လန့်နေသည့် မျက်နှာထားမျိုးကြီးသာ.. နွေဦးမှာ ဘေးက ညီသု့အား တိတ်တိတ်ကလေးလှည့်မေးမိတော့ ညီသု့က အကျိုးအကြောင်းလျော်ကန်စွာ ဟံသာဦးဆိုးခဲ့ပုံကို အကျဉ်းချုပ်အနေဖြင့် ထိန်ချန်မထားဘဲပြန်ဖြေသည်.. ။ထိုအခါ နွေဦးမျက်နှာလုံးလေးတွေက ဝင့်ခနဲ...

MY Crush Is My Step-FatherWhere stories live. Discover now