ep.23

12K 509 0
                                    

Part 23
Uni...

အခုဆိုရင် နွေဦးမှာဘဝမှာ ကိုယ်ပိုင် လုပ်ပိုင်ခွင့်ဆိုတာမျိုး မရှိတော့ပေ..။ အရင်ကလိုမျိုး တက္ကသိုလ်သို့ သွားရောက်လေ့လာခြင်းမျိုး မဟုတ်တော့ဘဲ အိမ်ခေါ်သင်ယူမှုစနစ်နဲ့သာ သင်ကြားစေသည်..။ နွေဦးအတွက် ဘယ်မှာလဲ ပျော်ရွှင်မှု...

ဟံသာဦးဟာ ဘယ်သောအခါမှ သူ့အား လွတ်လပ်ခွင့်ပေးမည်မဟုတ်သည့် နတ်ဆိုးတစ်ပါးပင်...

အခုလည်း ကြည့် အိမ်မှာ အရင်ကထက် ဟံသာဦးက အကိုညီသု့အား ဦးဆောင်စေ၍ အစေခံတွေက ၃ဆလောက်တိုးသွားတာလေ ..သူ အရင်တစ်ခေါက် အိမ်ပေါ်ကနေ ထွက်ပြေးသည့် နေ့ကတည်းကပင်ဖြစ်လေသည်..

အိမ်ဝန်း ခြံပြင် ကစလို့ နေရာမလပ် လမ်းတလျှောက်တွင် ထိုလူတွေသည် စောင့်ကျပ်ရေး တပ်သားတွေလို.. ဟံသာဦး ဘာ့ကြောင့် အဲ့သလောက်ရူးရလဲဆိုတာ သူနားမလည်ပေ..။ ကုတင်ပေါ် ကျောချခါ နှဖူးပေါ်လက်တင်ရင်း သက်ပြင်းကိုသာ အခါခါ ချမိလေသည်..။

"ဟ.. နွေဦးအိမ်မှန်ပါတယ်ဗျာ.."

"ဒီအိမ်မှာ အဲ့လို လူမျိုးမရှိဘူး.. ပြန်တော့.."

စသည့် ဆူညံသံတွေက ခြံဝနားက လာသည်ထင်၏..။နွေဦး နားထဲ ဆူညံပြောဆိုမှုတွေက ပြတ်ပြတ်သားသား ကြားနေရသည်..။ ဘာတွေ ဖြစ်နေတာလဲ ဆိုသည့် အတွေးကလေးနဲ့တင် နှစ်ထပ်တိုက် ရဲ့ နွေဦးနေထိုင်သည့် အခန်း ပြူတင်းပေါက်ဝဆီမှ လှမ်းကြည့်မိလျှင် အံ့ဩသွားသော မျက်နှာနှင့်အတူ " ရတုမောင် "ဆိုပြီး အသံထွက်မိသည်..။

"ဟား ခင်ဗျားပေါက်ရတွေ ဆက်ပြောနေရင် သူများအိမ်ကို အကြမ်းဖတ်မှုနဲ့ တိုင်ချက်ဖွင့်မှာနော်.."

ရတုက ခြံထဲ ကင်းချထားသည့် အနက်ရောင် ဝတ်စုံတွေနှင့် လူတွေအား မျက်လုံးဖြင့် တစ်ချက်ဝှေ့ကြည့်ခါ ဆိုလေလျှင်..

အကိုညီသု့က " ကန်ထုတ်မှ အသိတစ်ရား ရမဲ့လူဆိုရင် ကိုယ်မင်းကို ကန်ထုပ်ပစ်မယ်။ ရာရာစစ သူများ အိမ်ထဲကိုလည်း ကျူးကျော်ရဲသေးတယ် ကြိုက်တဲ့နေရာမှာ တိုင်ချက်ဖွင့်..." ဟုဆိုခါ ရတုမောင် ဂုတ်ကနေ ကော်လံစကိုစောင့်ဆွဲခါ ခပ်ဝေးဝေးသို့ ထုတ်သွားလေသည်..။

MY Crush Is My Step-FatherWhere stories live. Discover now