Part 42
Unicide...
Ring ~~Ring ~~
ဖုန်းသံတစ်ခုက ခေါင်းအုံးအောက်မှ ခပ်တိုးတိုး ထွက်ပေါ်လာသောကြောင့် နွေဦး နိုးတစ်ဝက်ဖြင့် ဖုန်းကို နှိုက်ထုတ်ရင်း နားနားကပ်လိုက်သည်။
"ဟယ်လို...."
အိပ်ချင်မူးတူးအသံဖြင့် ကိုင်လာသော နွေဦးအသံကို အခြားတစ်ဖတ်က လူက ခပ်တိုးတိုးကလေး ရယ်သည်။
"အဟက်ဟက်..အခုမှ ၁၂နာရီကျော်ကျော်ဘဲရှိသေးတာ အိပ်နေပြီလား...."
နွေဦး မျက်ခုံးတွေ အချင်းချင်းထိလုနီးပါးအထိ ပူးကပ်သွားရပြီး ဘယ်သူများလဲဟူသော အတွေးဖြင့် စဉ်းစားနေမိသည်။
"ဘယ်သူလဲ ခင်ဗျ...."
"ဟော..ချက်ချင်း အတိတ်မေ့သွားပြီလား.. ကိုယ်ပါ.."
ထိုသို့ပြောလျှင် ပို၍စဉ်းစားရ နက်နဲလာသည်မို့ နွေဦးမျက်ခုံးတွေ သိသိသာသာ ကြုတ်ဝင်သွားပြန်သည်။ စိတ်ကလည်း မရှည်ချင်တော့ပေ...
"ဟုတ်ကဲ့ တကယ်မသိဘူးခင်ဗျ စိတ်မရှိဘူးဆိုရင် နာမည်လေးပြောပြပေးနိုင်မလား..."
ထိုအခါ ဖုန်းတစ်ဖက်ကလူက ခပ်ဟဟကလေးရယ်ပြီးနောက် ခဏကြာသည်အထိ တိတ်ဆိတ်နေပြီးမှ စကားပြန်စသည်။
"ခင်ဗျာရဲ့ ဦးခလေ..."
"ဦးနေမင်းခ ဆိုတာလား.."
"ဟုတ်ပါ့..."
နွေဦးမျက်လုံးတို့ဝိုင်းစက်သွားချိန် တစ်စုံတစ်ယောက်ရဲ့ သတိပေးခြင်းကိုလည်း ချက်ချင်းမှတ်မိလာသည်။အိပ်ယာပေါ်မှဝုန်းခနဲထထိုင်ရင်း ဒီလူဟာ အန္တရယ်အလွန်ရှိကြောင်း အကိုညီသု့ဆီမှ ကြားခဲ့ရပေမဲ့ သူသိသလောက်တော့ အလွန်သဘောကောင်းတဲ့လူပါ..သူတို့ကြား ဘာကိစ္စများရှိခဲ့လို့လဲ...
အတွေးတွေက အချိန်ခဏလေးအတွင်းမှာ နက်နက်နဲနဲအထိ နွေဦး တွေးနေမိသည်။ဒါကို ဖုန်းတစ်ဖက်ကလူက...
" မင်းရဲ့အိပ်ချိန်ကို ကိုယ်နှောင်ယှက်မိတာတော့မဟုတ်ဘူးမှလား.."
"....အာ... မဟုတ်ပါဘူး ဒါနဲ့ ဘာကိစ္စများရှိလို့လဲဟင်.." ဟု ခပ်ရွံ့ရွံ့ဖြင့်ပင် နွေဦးပြန်မေးမိပါသည်။