ep.22

12.1K 529 0
                                    

Part 22
Unicode..

ညီသု့ ဝယ်လာပေးသော မနက်စာ ရှမ်းခေါက်ဆွဲကို စားချင်ချင် မချင်ချင် ဗိုက်ထဲဝင်အောင်သာ ဖြည့်ရသည်။ ပြီးတော့မှ လုပ်စရာရှိသည့် အလုပ်များကို အိပ်အခန်းထောင့်က စားပွဲဝိုင်းတွင် laptop တစ်လုံးနှင့် ဦးနေမင်းခ အကြောင်းကိုသာ စုံစမ်းရင်း တစ်နေကုန် အလုပ်ရှုတ်နေတော့သည်..။

ဒီကြားထဲ ဦးမာန်ဓန ရဲ့သတင်းကလည်း မွှေးပျံ့လွန်းလှသည်..။ ကုမ္ပဏီက ရှယ်ယာ အချို့နှင့် ပတ်သတ်ပြီး ဒေတာ အချက်အလက်များကို ချုပ်ကိုင်ခါ အလွဲသုံးစားမှုများနှင့် တရားမဝင်သော အစိုးရပိုင်သစ်တော နယ်စပ်ကမြေတွေကို အောက်လမ်းမှ တိတ်တဆိတ် ရောင်းချ နေခဲ့သည်..။ ဒါက အတော်လေးကိုကြီးမားသည့် ကိစ္စမဟုတ်လား .. မတော်လို့များ ကိုယ့်ခေါင်းပေါ်ကျလာခဲ့လျှင်ဆိုတဲ့အတွေးကြောင့် ညီသု့ကို ဦးမာန်ဓနရဲ့အကြောင်း တိကျသေချာသော အချက်များကိုသာ အနီးကပ်စုံစမ်းထားစေသည်..။

ဒီကြားထဲတွင်လည်း ဟံသာဦး ဦးမာန်ဓနကို ရွေးချယ်ခွင့်ပေးထားခဲ့သည်.. အကျနာချင်ရင် လှေကားတလျှောက် ဆက်တက်ပေါ့ ဆိုသည့် သဘောနှင့် စကားစမြည်းပြောခဲ့ပေမဲ့ လက်မခံသည့် ဦးမာန်ဓနက အမြင့်သို့ ပိုတက်ချင်လေလေသာဖြစ်၏ ဒီတော့လည်း ဟံသာဦးက အပေါ်ကနေ စောင့်ကြိုခါ ဒင်းအားဖြတ်ရိုက်ခါ အမြင့်မှတွန်းချရမည့် အချိန်ကိုသာ ပျော်ပျော်ကြီး စောင့်နေမိသည်..။

ကုမ္ပဏီကလည်း ဟံသာဦးမူပိုင် (BAHS group) Beach  And Hotel Services. ကမ်းခြေနှင့်ဟိုတယ်ဝန်ဆောင်မှု ကုမ္ပဏီ နဲ့ နွေဦးအမေ ပိုင်ဆိုင်သည့် ဆောက်လုပ်ရေး ကုမ္ပဏီအား အကျိုးခံစားခွင့်များအောင်ပူးတွဲထားခဲ့လေသည်..။

"ညီသု့..."

"ဟုတ်ကဲ့ ဥက္ကဠ ဦး..."

"မနေ့က နွေဦး ဘယ်ကပြန်လာတာလဲသိလား..."

"အာ.. ကျွန်တော် မသိလိုက်ပါဘူး တောင်းပန်ပါတယ် ဥက္ကဠ ဦး..." ဟုဆိုလာသော ညီသု့သည် တကယ်လည်း မသိပါ ... ဘာလို့လဲဆိုတော့ မနေ့ညက ညီသု့အိမ်မှာမရှိပေ.. ဦးမာန်ဓနရဲ့ အနောက်ကို လိုက်ခါ စုံစမ်းနေရသည်မို့...

MY Crush Is My Step-FatherWhere stories live. Discover now