ep.35

10K 434 18
                                    

Part 35

Unicode...

ထမင်းစားပွဲဝိုင်းအတွင်း ကြောင်ချီးကုတ် မျက်နှာကလေးနှင့်ထိုင်နေတဲ့ နွေဦးရယ် မတ်တပ်ရပ်လို့ လက်ပိုက်ခါ ဟင်းပွဲတွေကို ကြည့်ရင်း စိတ်ကုန်သွားသလို ဘေးကို အကြည့်တစ်ချက်လွှဲလိုက်တဲ့ ဟံသာဦးရယ်..
ပတ်ဝန်းကျင်သည် ရန့ံဆိုးများနှင့်ပြည့်နှက်လို့ တိတ်ဆိတ်ငြိမ်သက်နေပေသည်။

ကြက်ဥနဲ့ ကြက်အူချောင်းလေးတွေကိုပါးပါးလှီးပြီးမွှေကျော်ထားသည်ဟု ယူဆရတဲ့ ပန်းကန်ထဲက ခပ်မဲမဲ အပြားတစ်ချပ်ရယ် ဟင်းရည်ဟုထင်ရသောပန်းကန်ထဲ အာလူးတွေ အလုံးလိုက်ပစ်ထည့်ထားတာရယ် ဂေါ်ဖီဖက်တွေရယ် တို့ဖူးတွေရယ် နဲ့ အစုံအလင် ဘာဟင်းလို့ အမည်တပ်ရမလဲမသိ ဒါတောင် ခရမ်းချဉ်သီးတစ်ဖတ်တလေက ဟင်းရည်ထဲ ဘောလော မြင်ရသေးသည်..။ နောက်ဆုံးအနေနဲ့ ထမင်း က ဆန်ပြုတ်လား ဘာလား မသဲကွဲ ထမင်း အစိတောင်ပြောက်ပြီး ဘယ်နားရှာရမှန်းမသိ..

ဟံသာဦး စိတ်ပျက်စွာ နွေဦးဆီလှမ်းကြည့်တော့ ဒင်းက မျက်နှာငယ်လေးနှင့်..

တယ် ထလုပ်လိုက်ရ ဒင်း နာတော့မည်!

လက်ပိုက်ထားတာကိုတန်းဖြုတ်ရင်း ဟံသာဦး အရမ်းသိချင်နေသည့် ဟင်းချိုပန်းကန်ဆီ လက်ညှိုးညွှန်လာသည်..။

"အာ့ ဘာဟင်းလဲ.."

"နွေဦးဟင်း..."

"ဟမ်!!"

ဟံသာဦးမှာ နွေဦးစကားကြောင့် မျက်နှာပင် ခပ်ရဲရဲပျက်နေပြီ...

" လက်တည့်စမ်းထားတာ ဘာနာမည်ပေးရမှန်းမသိလို့ နွေဦးချက်တဲ့ဟင်း နွေဦးဟင်းလို့ နာမည်တပ်လိုက်တာ.."

"စောက်ကျိုးနည်းဟင်းပါလားကွ ဟေ.."

ဟံသာဦး စိတ်ထဲတွင် ရေရွတ်လိုက်မိသော်လည်း အမှတ်မထင်စွာ စကားက အပြင်ဘက်ထိပါ လျှံထွက်လာလေသည်..။ နွေဦးက ထူးစမ်းစွာ လှမ်းကြည့်လျှင်

"အဟမ်း ငါ့ကို သေအောင်သတ်ချင်ရင် အခြားနည်းနဲ့သတ် ဘယ့်နှယ့် မဟုတ်တမ်းတရားတွေ လျောက်လုပ်မနေနဲ့ နောက်တခါ ထပ်ပြီးမီးဖိုခန်းထဲဝင်လို့ကတော့လား ကိုယ် မင်း ခြေထောက်တွေကို သုံးစားမရအောင်ရိုက်ချိုးပစ်မယ်..."

MY Crush Is My Step-FatherWhere stories live. Discover now