Part 36
Unicode...
ဓာတ်လှေကားထဲ ဝင်နေသော ရတီချိုအား နွေဦး မြင်တော့ အပြေးကလေးနှင့် သူပါ လိုက်ဝင်မိသည်။
"မမ ရတီ.."
"ဟော မောင်လေး နွေဦး "
ရတုထက် အသက် ၇ နှစ်ပိုကြီးတဲ့ အမဖြစ်သူ မမရတီချိုနှင့် မြေညီထပ်မှာ စုံသည်ကြောင့် နွေဦးနှုတ်ဆက်မိသည် ။မမရတီက သဘောကောင်းသည့် အမျိုးသမီးတစ်ဦး.. နွေဦးရဲ့ အမအရင်းတယောက်ကဲ့သို့ နွေဦးကို ဆက်ဆံပေးသည်။
"နွေဦး ဆိုင်ကိုလာတာလား..."
"ဟုတ် မမ.."
"ဆိုင်ကိုမလာတာတောင်ကြာပြီနော်.. ဘာလဲ ကောင်မလေးနဲ့အလုပ်ရှုတ်နေလို့လား.."
"အဟား မမကလည်း...မဟုတ်တာ.. သားမှာ ဘာကောင်မလေးမှမရှိပါဘူး.."
နွေဦးထံတွင် နှုတ်ကျိုးနေသော အခေါ်အဝေါ်လေးက တကယ်ပင်ချစ်စရာကောင်းဖွယ်ရာအတိ.. လူကြီးတွေနှင့်ဆုံတိုင်း ကိုယ့်ကိုကိုယ် သား အဖြစ်သာ ခေါ်ဝေါ်သုံးဆွဲတက်၏။
အမ ရတီချိုက နွေဦးပြောတဲ့ စကားကို အထအနကောက်ခါ အပြုံးကလေး ဆင်မြန်းလို့ ခပ်ချိုချိုကလေး မေးပြန်သည်။
"ဒါဆို ကောင်းလေးပေါ့..."
"ဗျာ "
နွေဦးမှာ ချက်ချင်းလက်ငင်းကို အကျိူးထူးခါ ရတီချိုဘက် ခေါင်းလည်လာသည်။ အိုးတိုးအန်းတမ်းဖြစ်သွားသည့် စိတ်က အဘယ်သို့ကြောင့်များပါလိမ့်ဟူ၍ နွေဦး မျက်နှာပေါ် လေပူထသွားရသည်.။
ဒါကို သူခိုးလူမိသွားသော နွေဦးရဲ့ပုံစံကြောင့် ရတီချိုမှာ နှုတ်ခမ်းတွေကော့ညွတ်လာသည်အထိ ရယ်တော့သည်..။
"အဟားဟား...တကယ်ကြီးလား..."
"ဟာဗျာ မမကလည်း မဟုတ်ပါဘူး သားမှာ ဘာမှမရှိဘူး တကယ် တကယ်..မလိမ်ဘူး.."
ရတီချိုမှာ သူဆက်ပြီးစနောက်နေလျှင် ဘေးက ကလေးငယ်ရဲ့ မျက်နှာမှာ ချိန်ကိုက်ဗုံးတစ်လုံးလို ဘယ်တော့ ထပေါက်ကွဲထွက်တော့မလဲမသိ။
"ပေးပေး ကူဆွဲပေးမယ်..."
ရတီချို လက်ထဲက အထုတ်တချို့ကို ရှက်ယမ်းယမ်းခါ နွေဦးကူဆွဲလာလေသည်။ ရတီချိုမှာ အသံထွက်အောင်မရယ်မိပေမဲ့လည်း ပြုံးစိစိသာ...