ep.13

13.7K 647 15
                                    

Part 13
Unicode...

"ကလေးလေး......"

.
.
.

နေမင်းခ ဒီကြောင်တောင်တောင်လေထုကြီးအား အပြုံးတစ်ပွင့် စကားတစ်ခွန်းနှင့် ဝင်ရောက်တိုက်ဖြတ်လိုက်တော့သည်။

"အာ..ဒါဆို ဦးခ ပြန်အုံးမယ်.. လုပ်စရာလေးတွေလည်း ရှိနေသေးတော့လေ.."

ဦးခရဲ့ လှုပ်ရှားမှုစကားတိုင်းကို မျက်မှောင်ကြီးကြုတ်ခါ မြေဝယ်မကျ လိုက်လံကြည့်ရှုနေသော ဟံသာဦးက လုံးဝသဘောမကျသည့် မျက်နှာနှင့်....

"ဟုတ် ဦးခ.. ဂရုစိုက်ပြန်ပါ.."

ဟံသာဦးအား တစ်ချက်ကြည့်ခါ ဦးခကို မြေစာပင်လုပ်လိုက်ရသည့်အတွက် နွေဦး စိတ်တော့မကောင်း...

"အင်း.."

ဦးခက ရေလို ကြည်လင်အေးမြသော အပြုံးလေးအားပြုံးပြလိုက်သည်မို့ နွေဦး စိတ်သက်သာရာတော့ရသည်..။

နေမင်းခ ဟံသာဦးအား ပြုံးပြနှုတ်ဆက်တော့ နွေဦးက ခေါင်းတစ်ချက်ညှိမ့်ခါ မပြုံးပြချင်သော အပြုံးတစ်ခုအား မပေးချင်ပေးချင်...

နွေဦးကတော့ ရင်တစ်လှပ်လှပ်နှင့် အခြေအနေအား ထိပ်လန့်လို့နေလေရဲ့...

ဟံသာဦးကမူ ထိုလူ့အား မျက်မှောင်ကြုတ်ခါ လိုက်လံကြည့်ရှုလျှက်....

နွေဦး သက်ပြင်းကလေးချခါ အထဲသို့ပြန်လစ်ရန် ဝှီးချဲအား တစ်ပတ်လှည့်လေသည်..။

"ဘယ်လဲ...."

"အင့်..."

ဝှီးချဲအား ဟံသာဦး လက်ဖြင့် အနောက်မှ တင်းတင်းဆွဲထားသောကြောင့် မည်သို့မှလှုပ်မရ...

"ဘာ..ဘာလုပ်တာလဲ.."

"အဲ့ကောင်က ဘယ်သူလဲ.."

"မင်းနဲ့ ဘာဆိုင်လဲ..."

"ဘာ..ဘယ်လိုလေသံနဲ့ ပြန်ပြောလိုက်တယ်.."

"ဟံသာဦး မင်းလွှတ်ကွာ.."

"ဪ..... မင်းလင်လား..."

"မင်း မရိုင်းစမ်းနဲ့.."

"ရိုင်းတယ်.. အဲ့ကောင်နဲ့ ဟီးလားဟားလား လုပ်နေတာ ပတ်ဝန်းကျင်တောင်မမြင်တော့ဘူးလား.."

MY Crush Is My Step-FatherWhere stories live. Discover now