1 - 5

822 26 0
                                    

Nine Star Hegemon Body Art
Chapter 1

"ငါဘယ်သူလည်း....ငါကလုံချန်လား"

"ငါကကောင်းကင်ဘုံကိုးခုမှာအကျော်ကြားဆုံးဆေးနတ်ဘုရား လုံချန်လား"

"ဒါမှမဟုတ်.....သိုင်းပညာကျင့်လိုမရပဲတစ်ချိန်လုံးအနိုင်ပဲကျင့်ခံနေရတဲ့
အသုံးမကျတဲ့လုံချန်လား"

သူ့စိတ်တွေရှုပ်ထွေးနေသလိုတစ်ကိုယ်လုံးလည်းနာကျင်ကိုက်ခဲနေတယ်။
ဒါပေမယ့်နာကျင်မှုတွေကသူ့အတွေးတွေကိုမရပ်တန့်နိုင်ရှာ။

"ချန်လေး....သားနောက်ဆုံးတော့သတိရလာပြီ ဘုရားမတာပဲ...သား
ကြောင့်မေမေစိတ်ပူလိုက်ရတာကွယ်.....ဒီလိုလူတွေနဲ့များပြိုင်ဖြစ်ရတယ်
လို့သားရယ်......"

ကြင်နာမှုအပြည့်ပါတဲ့အသံတစ်သံကသူ့နားထဲ၀င်လာတယ်။ထိုအသံကပျော်ရွှင်မှုနှင့်
သက်တောင့်သက်သာဖြစ်နေပေမယ့်....အဆုံးမှာတော့ခံစားချက်တွေနဲ့ဆို့နင့်နေ
ပါတယ်။

လုံချန်မျက်စိခပ်ဖြေးဖြေးဖွင့်လိုက်တယ်။သူ့မြင်ကွင်းကတစ်ဖြည်းဖြည်းကြည်
လင်ကာပြီးသူ့ရှေ့မှာအမျိုးသမီးတစ်ယောက်ရပ်နေတာကိုတွေ့တယ်။အလွန်
အင်မတန်မှကိုချောမောတဲ့ထိုအမျိုးသမီးကအသက်သုံးဆယ်ခန့်သာရှိပါဦးမယ်။

မျက်ရည်တွေအပြည့်နဲ့သူ့ကိုကြည့်နေတဲ့ထိုအမျိုးသမီးကသူ့ရင်ကိုနွေးထွေး
သွားစေပါတယ်။

"သား....မင်မေမေ သေသွားမှာကိုသိပ်ကြောက်တာပဲလား"

ပြောရင်းနဲ့အမျိုးသမီးမျက်၀န်းထဲကနေမျက်ရည်တွေစီးကျလာတယ်။

"မေမေဟုတ်လား"

ရင်းနှီးနေပေမယ့်စိမ်းနေတယ်လို့လည်းခံစားရတဲ့မျက်နှာလှလှ
ကိုသူထပ်ကြည့်မိလိုက်တယ်။

"သားလေး...မေမေ့ကိုမကြောက်နဲ့....မေမေ့ကိုမမှတ်မိဘူးလား"

လုံချန်စကားကြောင့်အမျိုးသမီးကြေကွဲသွားပါတယ်။ထိုအချိန်မှာ
အသက်ကြီးကြီးအမျိုးသားတစ်ယောက်အမျိုးသမီးဘေးကိုရောက်
လာတယ်။

"သခင်မလုံ..လုံချန်ကသူ့ခေါင်းကိုထိမိထားတဲ့ဖြစ်တဲ့အတွက်သူ့မှတ်ညာဏ်
ပြန်ရဖို့ဆိုရင်နည်းနည်းအနားယူမှဖြစ်မယ်..မစိုးရိမ်ပါနဲ့ ကျွန်တော်သခင်လေး
ကိုအခုဆေးလာတိုက်တာပါ....ဆေးအာနိသင်ကချက်ချင်းတော့ပြမှာမဟုတ်တဲ့
အတွက်သခင်လေးနည်းနည်းအနားယူရပါဦးမယ်"

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Tempat cerita menjadi hidup. Temukan sekarang