191 - 195

82 7 0
                                    

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(191)စိတ်ဝိညာဉ်နယ်ပယ်သစ်

ထန်၀မ်အာနှင့် ချင်ယုတို့ ကျင်ကျီအခြေခိုင်ဆေးများကို အဖွဲ့သို့ ခွဲဝေပေးလိုက်ပြီးချိန်မှာ သူတို့၏
အဖွဲ့တစ်ခုလုံးငြိမ်သက်ကုန်ကြ၏။အကြောင်းမှာ ၎င်းတို့သည် ကျင်ကျီအခြေခိုင်ဆေး အားကိုးဖြင့်
မိမိတို့၏ အော်ရာများကို ငြိမ်သက်စေရန် ကြိုးစားနေခြင်းကြောင့်ဖြစ်သည်။

အော်ရာများ ငြိမ်သက်သွားမှသာ သိုင်း ဆက်ကျင့်၍ ရမည်။ထန်၀မ်အာနှင့် ချင်ယု တို့ကလည်း
မိမိတို့ အခန်း၌ မိမိတို့ အခန်းပိတ်ကာ အော်ရာများ တည်ငြိမ်စေရန် လုပ်ဆောင်နေကြပါ၏။အော်ရာ
များတည်ငြိမ်သွားသည်နှင့် လေလွင့်မှုများ ဖြစ်မည်စိုးသော ကြောင့် မှော်ကျောက်တုံးအင်းကွက်ကို
သူမတို့ ပိတ်ထားခဲ့လိုက်ကြ၏။

သူမတို့တစ်ဖွဲ့လုံး၌ လုံချန်တစ်ယောက်သာ တံခါးပိတ်ကျင့်စဉ် ၀င်ရန် မလိုအပ်ခြင်းဖြစ်လေသည်။သို့သော်
သူ့တွင် ထိုထက်ပို၍ အရေးပါသည့်ကိစ္စ တစ်ခု လုပ်ရန်ရှိနေသည်။ယခုအခါတွင် လုံချန်က သူ၏ စိတ္တ
စွမ်းအားကို ကျောက်စိမ်းပြား ထဲသို့ ထည့်သွင်း၍ ကျောက်စိမ်းပြားထဲမှ အချက်အလက်များကိုဖတ်
နေသည်။

"တောက်...ငလိမ်ကောင်တွေ..ဒီလောက်တောင်လွယ်သလား" သူ စိတ်မထိန်းနိုင်တော့ပဲ ဆဲရေး
မိလိုက်ပါ၏။စိတ်ဝိဥာဉ်နယ်ပယ်သစ် ဖွင့်လှစ်ခြင်းဆိုတဲ့ ပညာက သိပ်ကိုလွယ်လွန်းလှပါလား။

စိတ်ဝိဥာည်နယ်ပယ်သစ် ဖွင့်လှစ်လိုလျှင် မိမိ၏ စိတ်ဝိဥာဉ်ကို နှစ်ပိုင်းခွဲရမည်။သို့ဆိုလျှင် စိတ်ပင်
လယ်ကြီးထဲ၌ တတိယ နေရာတစ်ခုပေါ်ပေါက်လာမည်။ယင်းက သိုလှောင်လက်စွပ်၏ သဘောသ
ဘ၀နှင့် ဘာမျှ မခြားချေ။သိုလှောင် လက်စွပ်တွင် နယ်ပယ် အလွတ်တစ်ခုပါ၀င်သည်။သိုလှောင်လက်
စွပ်များဟာ ထိုနယ်ပယ်နှင့် ချိတ်ဆက်ထားရသည်။

ထိုနယ်ပယ်အလွတ်များ အကြောင်း ဒဏ္ဍာရီဆန်ဆန် ပါးစပ်ပြောဇာတ်လမ်းတစ်ခုရှိရာဤသို့ဖြစ်လေ
သည်။နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ သည့် တစ်ချိန်တုန်းက နတ်ဘုရားများကြား၌ စစ်
ပွဲကြီးတစ်ခုကြီးစွာဖြစ်ပွားခဲ့သည်ဆိုသည်။ထိုစစ်ပွဲကြီးကြောင့် ကြယ်ပေါင်းများစွာ ပျက်ဆီးခဲ့ရာ ထို
နယ်ပယ်အလွတ်များ ဖြစ်ပေါ်လာခဲ့သည်ဟူ၏။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now