11 - 15

245 18 1
                                    


Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၁)ပြစ်မျိုးမှဲ့မထင်

အလွန်တရာမှကိုချောမောလှပတဲ့အမျိုးသမီးတစ်ယောက်လုံချန်ရှေ့မှာရပ်နေပါတယ်။ဇင်ယော်တောင်
မျက်ခုံးလေးကသူမရဲ့ကြည်လင်တောက်ပတဲ့မျက်၀န်းလေးများပေါ်တွင်ရှိနေသလိုချယ်ရီရောင်ခပ်ပါးပါး
နှုတ်ခမ်းလေးတစ်စုံသည်လည်းဖြူစွတ်လှသောသူမ၏အသားအရည်နှင့်လိုက်ဖက်လွန်းလှပြီးရေတံခွန်တစ်
ခုလိုလှိုင်းများထနေသည့်ပိတုန်းရောင်ဆံနွယ်ပျော့ပျော့လေးများမှာခါးထိတိုင်အောင်ရှိနေပါတယ်။

ထိုမိန်းမပျိုလေးရဲ့ရုပ်ဆင်းသွင်ပြင်ဟာဒီကမ္ဘာကမဟုတ်တဲ့ဖယ်ရီနတ်သမီးလေးတစ်ပါးလိုပါပဲ။ထိုမိန်း
မပျိုလေးကြောင့်ပေလားမသိ၊အခန်းတစ်ခန်းလုံးဟာနတ်ပြည်ရောက်နေတယ်တောင်ထင်ရပါတယ်။
သူမကိုအရူးတစ်ယောက်လိုစိုက်ကြည့်ရင်းလုံချန်ခဏလောက်သတိမေ့သလိုဖြစ်သွားတယ်။

မိန်းမပျိုလေး...ပါးလေးတွေနီမြန်းပြီး ခေါင်းလေးတစ်ဖက်လှည့်သွားတော့မှပဲ သူ့အမေလုံချန့်ကိုလှမ်းဆူတော့တယ်။

"ချန်လေး...မန်ချီ့ကိုမြန်မြန်နှုတ်ဆက်လိုက်လေ....မန်ချီဟာတစ်ချိန်သားလက်ထပ်ရမယ့်သူပဲ"

လက်ထပ်ရမယ့်သူဆိုတဲ့စကားကိုအလွန်ပျော်ရွှင်စွာနဲ့ လုံချန့်အမေပြောလိုက်ပေမယ့်ဒီလိုကိစ္စမျိုးရှိထား
တယ်ဆိုတာကိုသိမထားတဲ့လုံချန်ကတော့အတော့်ကိုအံ့သြသွားတယ်။

"မန်ချီ မိန်းကလေးကို နှုတ်ခွန်းဆက်ပါတယ်" သူ့အမေစိုက်ကြည့်လိုက်တာကြောင့်နောက်ဆုံးလုံချန်
သတိ၀င်သွားပြီးသူမကိုဦးညွှတ်နှုတ်ဆက်လိုက်ပါတယ်။မျက်နှာလေးရဲနေတုန်းပဲရှိသေးတဲ့မန်ချီက
ကိုယ်လေးယို့ရင်းအသိအမှတ်ပြုကြောင်းပြသလိုက်တယ်။သူမရဲ့ချယ်ရီရောင်နှုတ်ခမ်းဖူးဖူးလေးတွေ
တစ်လှုပ်လှုပ်ဖြစ်သွားပေမယ့်ဘာစကားမှတော့ထွက်မလာခဲ့ပါဘူး။

သူတို့နှစ်ယောက်ပုံစံကိုမြင်တော့ လုံချန့် အမေ ပြုံးရင်း ပြောလိုက်ပါတယ်။

"မန်ချီ....ကို မင်းခြံထဲလိုက်ပြလိုက်ဦး လူငယ်ချင်းစကားပြောကြ အမေ စားစရာတစ်ခုခုပြင်လိုက်
ဦးမယ်..."

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now