186 - 190

94 5 0
                                    

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(186)ခွဲတမ်းများရရှိခြင်း

ရွှမ်ရှင်းစံကျောင်းတော် အတွင်း၌ ကောင်းကင်နန်းတော်တောင် ဘက်သို့ မျက်နှာလှည့်၍ ဆောက်
လုပ်ထားသည့် အင်မော်တယ်ဂူတစ်လုံးရှိလေသည်။ထိုနေရာမှ ကြည့်လျှင် စံကျောင်းတော်၏ ပရဝုဏ်
တစ်ခုလုံးနှင့် မိုင်ပေါင်းများစွာမှ ရှုခင်းများကို ကောင်းကောင်း မြင်နိုင်သည်။

အင်မော်တယ် ဂူအတွင်း ၌ တုဖုန်းသည် လိုင်ယွမ်ဇီကို ရိုသေစွာနှုတ်ဆက်နေ၏။

"ဂိုဏ်းချုပ်" လိုင်ယွမ်ဇီဟာ အင်မော်တယ်ဂူ အရှေ့ဘက်၌ ရပ်လျှက်ရှိကာ ရွှမ်ရှင်းစံကျောင်းတော်ကြီး
ကို ကြည့်ရှုနေ၏။

"ရွှမ်ရှင်းရဲ့ အခြေအနေတွေက ဘယ်လိုလည်း"

"အခြေအနေတွေက တော့ ကျုပ်တို့ထင်ထားတာထက်ကောင်းပါတယ် အန္တေဝါသိက စမ်းသပ်ပွဲကို
အောင်မြင်တဲ့ တပည့် 17 ယောက်တောင် ဒီ တစ်ခေါက်ထွက်လာတယ်" တုဖုန်း စိတ်လှုပ်ရှားစွာပြော
၏။ပုံမှန်အတိုင်းဆိုလျှင် အန္တေဝါသိက တပည့်အရေအတွက်မှာ အများဆုံး နှစ်ယောက် သုံးယောက်
သာဖြစ်သည်။

ရွှမ်ရှင်း၏ သမိုင်း၌ပင် အများဆုံး အရေ အတွက်အဖြစ် 6 ယောက်သာ ရှိခဲ့ဖူးသဖြင့် ယခုတစ်ကြိမ်က
စံချိန်ချိုးသည်ဟု ပြောရမည်။ထို့ကြောင့် သူတို့အဖို့ ဒီတစ်ကြိမ်က စိတ်လှုပ်ရှားရဆုံး အကြိမ်ဖြစ်နေ၏။

"နောက်ပြီးတော့ တပည့်လေးယောက်ကလည်း မျိုးဆက်အမှတ်အသားတွေ နိုးထလာတယ်" တုဖုန်း
က ပြောသည်။

"ဒါက သတင်းကောင်းပဲ" လိုင်ယွမ်ဇီ မျက်လုံးတွေ အရောင်တလက်လက်တောက်လာသည်။ဒီသတင်းက
သူ့ကို သိပ်ပျော်ရွှင်ရစေသည်လေ။

မျိုးဆက်အမှတ်အသားများ နိုးထလာလျှင် ထို သိုင်းသမားတို့ ၏ သိုင်းပညာအဆင့်တက်နှုန်းက များ
စွာလျှင်မြန်သလို အဆင့်လည်း များစွာမြင့်သွားလေသည်။ယင်းတို့ကား ပါရမီရှင် များကြားမှ ပါရမီ
ရှင်များဖြစ်ကြလေ၏။

"ကောင်းပြီ လုံချန် အခြေအနေကော" လိုင်ယွမ်ဇီ က မေးသည်။

တုဖုန်းက မချိပြုံး ပြုံးလိုက်၏။ "ဒီကောင်လေးကို စကားတစ်လုံးနဲ့ ဖော်ပြလို့ရမယ်ဆိုရင် ဒီစကားဟာ
သိပ်ကြောက်စရာ ကောင်းတယ် ဆိုတဲ့ စကား ပဲဖြစ်လိမ့်မယ်"

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now