201 - 205

66 5 0
                                    

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(201)အရိပ်ကျားသစ်

"လုံချန် ဒါက ဖုန်းဆိုးနယ်မြေပဲ ကျုပ်တာ၀န်က မင်းကို ဒီနေရာအရောက်ပို့ပေးဖို့ပဲဆိုတော့
ကျန်တဲ့ကိစ္စက မင်းအပိုင်းဖြစ်သွားပြီ ရွှမ်ရှင်းကို အသက်ရှင်လျှက်ပြန်လာလိမ့်မယ်လို့ ကျုပ်
မျှော်လင့်ပါတယ်"

အကြီးအကဲသည် သူ့ပုခုံးများကို ပုတ်ပြီးလျှင် သိမ်းငှက်ကြီး၏ ကျောပြင်ထက်သို့တက်၍ ပျံသန်း
ထွက်ခွာသွားတော့သည်။ဤဖုန်းဆိုးနယ်မြေကြီးသည် မိုင်ပေါင်းသောင်းချီအောင် ကျယ်ပြောလှပြီး
ထိုးထိုးထောင်ထောင်ဖြစ်နေသည့်ကျောက်တောင်ကြီးများနှင့် မြက်ပင်၊ချုံပုတ်တို့မှ တပါး  လူသူကင်း
မဲ့လှ၏။

ကျောက်တောင်ကြီးတစ်တောင်၏ အောက်၌ ရပ်လျှက် တဖြေးဖြေးဝေးကွာသွားသည့်အကြီးအကဲ၏ကျော
ပြင်ကို သူငေးကြည့်နေမိလေသည်။အကြီးအကဲကို သူ သိပ်ကျေးဇူးတင်ရပါ၏။သူ၏ ဘေး၌ ငွေရောင် ဧရာမ
ကင်းခြေများကြီးတစ်ကောင်ရှိရာ နှစ်ပိုင်းပြတ်လျှက်ရှိ၍ ငြိမ်သက်နေသည်။ထိုအကြီးအကဲသည် ငွေရောင်ကင်း
ခြေများကြီးကို သူ့အတွက် သတ်ပေးသွားခဲ့ခြင်းဖြစ်သည်။ဤနေရာ တစ်ဝိုက်သည် ထို ကင်းခြေများ ကျက်စား
တတ်သည့် နေရာဖြစ်သော ကြောင့်ယခုဆိုလျှင် သူ့အတွက် အချိန်တစ်ခုကြာအောင် လုံခြုံသွားပြီဖြစ်လေ၏။

သူ ကင်းခြေများကြီးထံသို့လျှောက်သွားပြီး ဓားဖြင့်ခေါင်းကိုခွဲ၍ အဆိပ်ဆူးကြီးနှစ်ခုကို ထုတ်ယူလိုက်သည်။
ကင်းခြေများ၏ မာကျောလှသောအခွံကြီးပြီးလျှင် ကြောက်စရာအကောင်းဆုံးအရာမှာ ၎င်း၏ အဆိပ်ဖြစ်သည်။
ထိုအဆိပ်သည် လွန်စွာပျံ့နှံ့မှုလျှင်မြန်လေရာ တစ်မိုင်ခန့်အတွင်းသို့ မျက်စိတစ်မှိတ်အတွင်း ပျံ့နှံ့လေသည်။အခွံ
မာ မှော်သားရဲများမှ တစ်ပါး ထိုအဆိပ်ကို ခံနိုင်သည့်မှော်သားရဲဟူ၍ မရှိချေ။

အဆိပ်ဆူးနှစ်ခုကို ထုတ်ယူပြီးလျှင် သူသည် ပုံးခပ်ကြီးကြီးတစ်ခုဖြင့် ကင်းချေများ၏ သွေးများကို ခံသည်။ကံဆိုးသည်
မှာ ကင်းခြေများတွင် သွေးသိပ်မရှိပေ။သွေး 50 ကီလိုဂရမ် ခန့်သာ သူ ရလိုက်၏။ထိုပမာဏသည် သိပ်မများလှသည့်
တိုင် သူ၏ ရည်ရွယ်ချက်မှာ ကင်းခြေများ၏ အဆိပ်ဆူးကိုသာ ယူရန်ဖြစ်၍ သူ ကျေနပ်သည်။ထိုကင်းခြေများကို သူ ရှာ
နေသည်မှာ ကြာနေပြီဖြစ်ပြီး တွေ့သည်နှင့် အကြီးအကဲကို လက်ညှိုးထိုးပြလိုက်ခြင်းပင်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Nơi câu chuyện tồn tại. Hãy khám phá bây giờ