226 - 230

108 7 0
                                    

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(226)အဆုံးအဖြတ်

လူအုပ်ကြီးသည် အပ်ကျသံပင်ကြားရလောက်သည်ထိ ငြိမ်သက်သွားကြပါ၏။ကမ္ဘာကြီးသည် အိုးထိန်းစက်
ကဲ့သို့ ခြာခြာလည်နေသလို ထန်၀မ်အာ ခံစားလိုက်ရကာ ပြိုလဲကျလေလျှင် ယဲ့ထင်းချုံက သူမကိုဖမ်း
ဆွဲထားလိ်ုက်သည်။သိုင်းသမားတစ်ဦးမှာ မည်မျှပင် ခွန်အားကောင်းစေကာမူ ရှမ်ရှင်းအဆင့်သို့မ၀င်ရောက်
သေးမီ နှလုံးသို့ လက်နက်တစ်ခုခု စိုက်၀င်သွားခြင်းမှာ သေလမ်းသာ ရှိလေသည်။

လုံချန်ကား ဝူချီနှင့်အတူတကွ သေဆုံးသွားလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပါချေ။လိုင်ယွမ်ဇီနှင့်တုဖုန်း
တို့ နှုတ်ဆိတ်လျှက်ရှိသည်။ဖန်စန်းများကို ကောင်းကင်တာအိုမှသာ ကွပ်မျက်နိုင်သည်ဆိုသည်မှာ အမှန်
မှပင် ဟုတ်ပါလေစ။သို့ဆိုလျှင် လုံချန်သည် ဖန်စန်းတစ်ယောက် မဟုတ်လေသလား။

သူတို့နှစ်ယောက်စလုံး နောင်တ ရမိကြသည်။လုံချန်သည် ဖန်စန်းတစ်ယောက် မဟုတ်ကြောင်းအစောပိုင်း
ကသာ သိခဲ့လျှင် သူတို့ လုံချန်အား များစွာခံစားရစေခဲ့လိမ့်မည်မဟုတ်ပေ။

"ဒါ မဖြစ်နိုင်ဘူး" ဝူချီသည် ၀မ်းဗိုက်သို့ စိုက်၀င်နေသော လုံချန်၏ အရိုးဓားကိုကြည့်၏။သူ့၏ ကိုယ်တွင်း
အဂါင်္များမှာ လုံး၀ ပျက်စီးသွားကာ အသက်ရှုသံပင် တဖြေးဖြေး တိုးတိုး လာချေပြီ။

"မင်းက သေရမှာကို ကြောက်တယ် ငါက မကြောက်ဘူး အဲ့တာပဲ"

သူ သည် အစောပိုင်းကကဲ့သို့ပင် အေးစက်စွာဖြင့် တည်ငြိမ်နေဆဲဖြစ်သည်။သူသည် သူ၏ အသက်သို့ သေ
ခြင်းတရားကို လျှစ်လျူပြုထားသည်ကဲ့သို့ရှိပါသည်။

"ငါ မသေချင်ဘူး...ငါ..ငါအသက်ရှင်ချင်တယ်" ဝူချီစူးစူးဝါးဝါးအော်ဟစ်လိုက်၏။

"နှင်းပွင့်လေးကို .. မင်းဖမ်းဆီးနှိပ်စက်ကတည်းက အဆုံးသတ်ဟာ ဒီလိုဖြစ်လာလိမ့်မယ်လို့ မတွေးထားဘူး
လား"

၀ူချီ၏ ၀မ်းဗိုက်၌ စိုက်နေသော အရိုးဓားကို သူ ဆွဲထုတ်လိုက်၏။လူတိုင်း ဝူချီ၏ ၀မ်းဗိုက်ကို ရှင်းရှင်းလင်း
လင်းမြင်ကြရသည်။သူ၏ ၀မ်းဗိုက်၌ ခြေဖုဝါးအရွယ်ရှိအပေါက်တစ်ပေါက် ပေါက်နေရာမှ ဓားကို ဆွဲထုတ်သည်
တွင် အတွင်းအဂါင်္များ ထွက်ကျလာပြီး ဝူချီသည် ချက်ချင်းသေသွားတော့သည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now