136 - 140

102 10 0
                                    

Nine Star Hegemon Body Art

ဆေးသိဒ္ဓိရှင်

အခန်း(၁၃၆)အမတ ဂန္ဓမာပန်း

လိုင်ယွမ်ဇီသည် ထိုသို့ပြောပြီးသည်နက်
သွေးတစ်ပွက်ကို ဝေါ့ကနဲထိုး၍ အန်ရာ
တုန်ဖုန်းမှာများစွာ
တုန်လှုပ်သွားမိသည်။
"ဂိုဏ်းချုပ်"
လိုင်ယွမ်ဇီက သူ့လက်ကို ဝေ့ယမ်းလိုက်၏။
"ကျုပ်...ဘာမှ
မဖြစ်ဘူး...သွေးလေးအန်တာပဲ...ကျုပ်မှန်းဆတာ
မှန်သွားတဲ့အတွက် ဒီလောက်ဖြစ်
တာကတော့ တန်ပါတယ်"
တုဖုန်းသည် မည်သို့ပြောရမည်
မသိဖြစ်နေသည်။အကြောင်းမှာ
ယခုဖြစ်ပျက်နေသည့် အဖြစ်
အပျက်သည် သူနားလည်နိုင်သည့် နယ်ပယ်ထက်
ကျော်လွန်နေခြင်းကြောင့်ဖြစ်သည်။
"အင်း...ကျုပ်ရဲ့သိုင်းပညာအဆင့်
သိပ်မမြင့်တာကိုပ ဲ ကျေးဇူးတင်ရမှာပဲ...ဒါ့ကြောင့်
တန်ပြန်ရိုက်ခတ်
မှုဟာ သိပ်မပြင်းတာ ကျုပ်ရဲ့သိုင်းပညာသာ
ဒီထက်မြင့်နေခဲ့ရင် ကောင်းကင်တာအိုရဲ့
အပြစ်ပေး
မှုကြောင့် ကျုပ် သေတောင်သေသွားနိုင်တယ်"
လိုင်ယွမ်ဇီက ရယ်လိုက်သည်။
"ဂိုဏ်းချုပ် .. အဆင်ပြေရဲ့လား" တုဖုန်းက
မေးသည်။
"ကျုပ် အဆင်ပြေပါတယ်...ကောင်းကင်တာအိုရဲ့
အပြစ်ပေးတာကိုခံလိုက်ရတာလေ
လတော်တော်များ
များ ကြာအောင် ပြန်ကောင်းဖို့ အနားယူရမှာပဲ"
လိုင်ယွမ်ဇီ က မထူးဆန်းဟန်ဖြင့်ပြော၏။
"လအတော် များများကြာမယ်" တုဖုန်း
မယုံနိုင်ဖြစ်နေသည်။လိုင်ယွမ်ဇီကဲ့သို့
သဘာ၀စွမ်းအင်ဖြင့် ကု
သနိုင်သည့်အဆင့်သို့
ရောက်နေသူတစ်ယောက်သည် လက်ပြတ်လျှင်
လက်ချက်ချင်းပြန်ပေါက်နိုင်
သည့်အစွမ်းမျိုးရှိလေရာ
သာမာန်သွေးအန်တာလောက်ကလေးက
လပေါင်းများစွာ ကြာအောင်
အဘယ့်ကြောင့် ပြန်ကုသ ရန်လိုအပ်ပါသနည်း။
"တုဖုန်း...ကောင်းကင်တာအိုဟာ
နားလည်ရခက်တယ်ဆိုတာကို ခင်ဗျား
မှတ်ထားရလိမ့်မယ်
ကျုပ်လုပ်ခဲ့တာမျိုး ... နောက်တစ်ကြိမ်ခင်ဗျား
မလုပ်မိပါစေနဲ့ ဒီဒဏ်ရာဟာ ကျုပ်ရဲ့ ရူပ ခန္ဓာ
မှာရတဲ့ဒဏ်ရာမျိုးမဟုတ်ပဲ အရူပခန္ဓာလို့ ခေါ်တဲ့
နာမ်ခန္ဓာမှာရသွားတဲ့ဒဏ်ရာ ... ကုသဖို့
သိပ်ခက်တယ်" လိုင်ယွမ်ဇီက သတိပေးလိုက်၏။
"ဒါဆိုရင် ဂိုဏ်းချုပ်ဒဏ်ရာရ တာ ကကော
တန်ရဲ့လား" တုဖုန်းက မေးသည်။
"ဟားဟား...သိပ်တန်တာပေါ့..ဒီအခြေအနေမျိုးက
နှစ်ပေါင်းတစ်သောင်းမှ တစ်ခါသာ ကြုံတွေ့
ရတာမျိုး ဒီလို လူတစ်ယောက်ရဲ့ သိုင်းပညာဟာ
မြင့်မားတဲ့အဆင့်ကိုရောက်တာနဲ့တစ်ပြိုင်နက်
ကောင်းကင်တာအိုဟာ သူ့ခန္ဓာကိုယ်ကို
ဖုံးကွယ်ထားလိုက်တာကြောင့် သူ့ကို ဘယ်သူမှ
မမြင်နိုင်
တော့ဘူး"
"ဒါ့ကြောင့် ဒီလို လူမျိုးကိုတွေ့ခွင့်ရတာက
ကျုပ်တို့အတွက် ရှားပါးအခွင့်အရေးပဲ
ကျုပ်လုပ်ခဲ့သမျှ
ထဲမှာ အခုဟာက အကောင်းဆုံး
လုပ်ဆောင်မှုတစ်ခုတောင်
ဖြစ်ကောင်းဖြစ်လာလိမ့်မယ်" လိုင်ယွမ်
ဇီက သာမာန်လေသံဖြင့်ပြောသည်။သို့ရာ၌
သူ့သည် ကောင်းကင်ထက်သို့
မထီမဲ့မြင်နှင့်ကြည့်နေ
ပြန်သည်။
ဖန်စန်းသည်
လွန်မင်းစွာရှားပါး၏။လူသားမျိုးနွယ်များကြား၌
မွေးဖွားလာခဲ့သော် ဖန်စန်းမှာမူ အလွန်
တရာမျှပင် ပို၍
ရှားပါးလေသည်။ကောင်းကင်တာအို၏
ဖုံးကွယ်ခြင်းမပြုမီ ဖန်စန်းတစ်ယောက်ဟု
သတိပြုမိရန်မှာ
မကြားဖူးသောအရာဖြစ်၏။အမှန်အားဖြင့်
ဖန်စန်းများကို ကောင်းကင်တာအိုမှ သုတ်
သင်ပြီးမှသာ ၎င်းတို့ကို ဖန်စန်းမှန်း
သိကြလိမ့်မည်ဖြစ်သည်။
"ဒါဆို လုံချန်ကို ကျုပ်တို့ ဘယ်လို
ကိုင်တွယ်ကြမလည်း" တုဖုန်းက မေးသည်။
သူသည် အစောပိုင်းက လိုင်ယွမ်ဇီ၏ စကားကို
အနည်းငယ်သံသယဖြစ်ခဲ့ လင့်ကစား
လိုင်ယွမ်ဇီအား
ကောင်းကင်တာအိုမှ
အပြစ်ပေးပြီးသည့်နောက်တွင် သူ၏ စကားကို
အကြွင်းမဲ့ယုံကြည်သွားခဲ့ပါသည်။
"ဒီလိုလူမျိုးတွေဟာ လျှင်မြန်စွာ
ထင်ပေါ်ကျော်ကြားလာတတ်ကြတယ်
သူ့ရဲ့ကျော်ကြားမှုဟာ
လောကတစ်ခွင်ကို တုန်လှုပ်လိမ့်မယ်..."
လိုင်ယွမ်ဇီသည် တစ်ယောက်တည်း
ရေရွတ်နေသကဲ့
သို့ရှိ၏။သူသည် တစ်စုံတစ်ရာကို
ပြန်လည်မှတ်မိသွားပုံရသည်။သူ၏ စိတ်ထဲ၌
မြင်ကွင်းတစ်ချိုက
ရုပ်ရှင် ပိတ်ကားထက်မှ အရိပ်များလို
တစ်ဖြတ်ဖြတ်ပြေးနေကြသည်။
"ဒါပေမယ့် ကံမကောင်းတာက
ဒီလိုလူတစ်ယောက်ကို ကောင်းကင်တာအိုက
ဘယ်တော့မှ
လက်ခံလေ့မရှိဘူး သူတို့ဟာ ကောင်းကင်တာအိုရဲ့
တန်ခိုးအာဏာအောက်မှာပဲ အလောင်းတောင်
မကျန်ပဲ အသက်ပျောက်ရလေ့ရှိတယ်"
လိုင်ယွမ်ဇီသည် သက်ပြင်းရှည်ကြီးကို
ချလိုက်ပါ၏။
ဖန်စန်းများ၏ တည်ရှိမှုကို
ကောင်းကင်တာအိုသည်
လက်မခံချေ။၎င်းတို့သည် ပို၍ အစွမ်းထက်လာ
လေလေ ကောင်းကင်တာအို၏ ငြင်းပယ်မှုကို
ခံရလေပင်ဖြစ်သည်။သူတို့တစ်ယောက်ခြင်းစီသည်
လောကကို ကိုင်လှုပ်နိုင်သည့် ကြောက်စရာ
မဟာပါရမီ့ရှင်ကြီးများဖြစ်သည်။ကံဆိုးသည်မှာ
မီးရှုး
များသည် လေထဲ၌ ခေတ္တသာ တောက်ပနိုင်ကြ၏။
ကျင့်ကြံ့ခြင်းလောက၏ ရှည်လျှားလှသော
သမိုင်းကြောင်း၌ ၎င်းတို့သည် ညဘုရင်မ ဟု
ခေါ်သော
ပန်းတစ်မျိုးနှင့်တူသည်။ထိုပန်းသည် တစ်နှစ်လျှင်
တစ်ကြိမ် ၊ ညဘက်၌ သာ ပွင့်လေ့ရှိကာ အာရုံ
ဦး၌ ကြွေကျသွားလေ့ရှိ၏။ဖန်စန်းများကား
ထို့အတူပင်။ဖန်စန်းများ ပေါ်လာလျှင်
လောကတစ်ခုလုံး
တုန်လှုပ်ကြရသော်လည်း အချိန်ခဏ
သာဖြစ်သည်။
"တစ်ကယ့်ကို နှမျောစရာ ကောင်းလှတယ်"
တုဖုန်းလည်း သက်ပြင်းချလိုက်ပါ၏။
"ဒါ့ကြောင့် လက်ရှိ သိုင်းလောက ထိပ်သီးတွေမှာ
ဒီလိုလူမျိုး မရှိတာပေါ့ ဖန်စန်းတွေဟာ သိုင်းလော
ကရဲ့ အထွတ်အထိပ်ကို မရောက်ခင်မှာပဲ
ကောင်းကင်တာအိုရဲ့ သုတ်သင်ခြင်းကို
ခံလိုက်ရလေ့ရှိတယ်
ဒါပေမယ့် ဒီသူငယ်ကလေး ဘယ်လောက်ကြာကြာ
အသက်ရှင်နိုင်ဦးမလည်းဆိုတာကိုတော့ ကျုပ်
သိချင်တယ် ... ဒီသူငယ်ကလေးဟာ
ဖန်စန်းတစ်ယောက်လို လောကကြီးကို
ကိုင်လှုပ်နိုင်မလား
... ဒီလို မဖြစ်ခင်ပဲ ကောင်းကင်တာအိုရဲ့
သုတ်သင်ခြင်းကိုခံရမလား" လိုင်ယွမ်ဇီသည်
အတွေးနက်
သွားပြန်ပုံရသည်။
"ဒါဆိုကျုပ်တို့ ဘယ်လိုလုပ်သင့်လည်း"
တုဖုန်းကမေးသည်။
"သူ့ဟာသူသာ ထားလိုိုက်ပါ...ဒီလို လူမျိုးတွေမှာ
သူတို့ရဲ့ကံကြမ္မာက ပါလာပြီးသား သူ့ရဲ့ သက်တမ်း
ကို ကောင်းကင်ဘုံက
သတ်မှတ်ထားပြီးသားဖြစ်တယ်...တစ်ကယ်လို့
လောကနိယာမကို ဖောက်ဖျက်
ပြီး ကျုပ်တို့က ပြောင်းလည်းဖို့ ကြိုစားရင်
ကံတရားရဲ့ အကျိုးသက်ရောက်မှု ဒဏ်ကို ခံရမယ်
ဒီလိုတော့ ကျုပ်တို့ လုပ်လို့ မဖြစ်နိုင်ဘူး"
"ဒါကြောင့် ကျုပ်တို့က ဘေးကနေ
ပွဲကြည့်ပရိတ်သတ်လုပ်နေတာသာ
ပိုကောင်းတယ် တစ်ခါတစ်လေ
ပွဲကြည့်ပရိတ်သတ်လုပ်ရတာ ပိုပျော်စရာ
ကောင်းတယ်မလား"
"ဒါ့အပြင် ဒီသူငယ်လေးကြောင့် ရွှမ်ရှင်းမှာ
ပြောင်းလည်းမှုအကြီးအကျယ် ဖြစ်လိမ့်မယ်လို့
ကျုပ်အာ
ရုံရတယ်...ကျုပ်ဟာ ရွှမ်ရှင်းမှာ အဆက်ဆက်
ကျောင်းထိုင်ခဲ့ကြတဲ့ ဂိုဏ်းချုပ်တွေထဲမှာ
အအောင်မြင်ဆုံး ဂိုဏ်းချုပ်
ဖြစ်ကောင်းဖြစ်လာလိမ့်မယ်" လိုင်ယွမ်ဇီ၏
အကြည့်များသည် တလက်
လက်တောက်ပလာကြသည်။
"ဒီတစ်ခါ ကျောင်းတော်များပြိုင်ပွဲမှာ
ကျုပ်တို့ကျောင်းက
အဆင့်ကောင်းကောင်းရနိုင်မယ်လို့ထင်လား"
တုဖုန်းက မျှော်လင့်ချက်များပြည့်နှက်နေသည့်
မျက်၀န်းဖြင့်မေးသည်။
"ရွှမ်ရှင်း မဟာကျောင်းတော်ကြီးရဲ့လက်အောက်မှာ
ကျောင်းခွဲပေါင်း 108 ကျောင်းရှိပေမယ့် ပြိုင်ပွဲတိုင်း
မှာ ကျုပ်တို့ကျောင်းရဲ့အဆင့်က
အမြဲနောက်ဆုံးမှာပဲ တွေးကြည့်တာနဲ့တင်
သိပ်ဒေါသထွက်စရာ
ကောင်းတယ်"
"ရတဲ့အဆင့်နိမ့်လေ ကျောင်းတွေကို ခွဲဝေပေးတဲ့
ရင်းမြစ်တွေလည်း နည်းလေပဲ ကျုပ်တို့ကျောင်း
က ဒီသံသရာ စက်၀န်းကနေ
ဖောက်မထွက်နိုင်တာ
နှစ်ထောင်ပေါင်းများစွာတောင်ကြာနေပြီ..
အခြားကျောင်းတွေကတော့ တစ်ဖြည်းဖြည်း
အင်အား တောင့်သထက်တောင့်လာတယ်"
"ဂိုဏ်းချုပ်တာ၀န်ကို ကျုပ် စယူကတည်းက ဒါကို
ပြောင်းလည်းပစ်ဖို့ အရိုးကြေကြေ အရေခမ်းခမ်း
ကြိုးစားခဲ့တယ်... ကံဆိုးတာက ဒါကို
ကျုပ်မပြောင်းနိုင်ခဲ့ဘူး ကျုပ်ရဲ့ ဆရာသခင်ကို
ကျုပ်စိတ်ပျက်
စေခဲ့မိပြီ" လိုင်ယွမ်ဇီက သက်ပြင်းချသည်။
လိုင်ယွမ်ဇီသည် လွန်စွာပါရမီကောင်းသူ
တစ်ယောက်ဖြစ်သည်။အသက်နှစ်ဆယ်မှာပင်
သူသည်
သွဲ့ကျောင်း အဆင့်သို့ရောက်ရှိခဲ့၏။သူကား
ဓားတစ်ချောင်းနှင့် မျိုးဆက်များစွာကို
ဖြတ်ကျော်လာ
ခဲ့သူလည်းဖြစ်သည်။ယခင်က သူသည် ရွှမ်ရှင်း၏
ဂိုဏ်းချုပ်ဟောင်းအား ဆရာသခင်အဖြစ်ရိုသေ
စွာ ကိုးကွယ်ခဲ့သည်။သူ့အသက် သုံးဆယ့်ငါးနှစ်၌
ဂိုဏ်းခေါင်းဆောင် ကွယ်လွန်သွားခဲ့ရာ သူသည်
ရွှမ်ရှင်း၏ ဂိုဏ်းချုပ်ဖြစ်လာခဲ့၏။
သူသည် ဆရာသခင်၏ သူ့အပေါ်ထားရှိခဲ့သော
ကျေးဇူးတရားများကို သတိရတိုင်း ရွှမ်ရှင်း၏ လက်
ရှိအခြေအနေကို ပြောင်းလည်းရန် ရေကုန်
ရေခမ်းကြိုးစားခဲ့ပါ၏။သူသည်
မရေမတွက်နိုင်သော
သွေးများ၊ချွေးများဖြင့် ရင်းနှီး၍ ကြိုးစားခဲ့သည့်တိုင်
သူတို့ကျောင်းအပေါ်၌ ကျရောက်နေခဲ့သော
အဆိုးသံသရာကိုမူ
ပြောင်းလည်းပစ်နိုင်စွမ်းမရှိခဲ့ပါချေ။
ဤသို့ဖြင့် များမကြာမီ နှစ်များမှစ၍ သူတို့၏
ဂိုဏ်းသားတပည့်များလည်း
စိတ်ဓာတ်ကျလာခဲ့ကြသည်။
ထိုဂိုဏ်းသားများအနက်မှ ထူးချွန်သော
ပါရမီရှင်များလည်း
မပေါ်ထွက်လာခဲ့ကြပေ။ယင်းသည် ပို၍
စိတ်ပျက်ဖွယ်ဖြစ်ခဲ့ရသည်။
သို့ရာတွင် ယခုနှစ်မတိုင်မီ တစ်နှစ်တွင်
မဟာပါရမီ့ရှင်များ သည် ရွှမ်ရှင်းသို့
ဂိုဏ်း၀င်ခွင့်ဖြေဆိုခဲ့
ကြသည်။ယင်းက လိုင်ယွမ်ဇီ၏ အောက်ခြေထိ
ကျနေသော စိတ်ဓာတ်ကို မျှော်လင့်ချက်ဖြင့်
တွန်းအားဖြစ်စေခဲ့ပြန်သည်။
ထန်၀မ်အာ ကဲ့သို့သော မဟာပါရမီ့ရှင်များ
ထွက်ပေါ်လာသည့်အခါတွင်မူ
မအောင်မြင်သည့်သူ၏
ရည်မှန်းချက်သည်
အသက်ပြန်၀င်လာရပြန်ပါ၏။လုံချန်
ပေါ်ပေါက်လာသည့် အခါတွင်မူ သူ့အတွက်
ပို၍ပင် အားတက်စရာများဖြစ်ခဲ့ရသည်။မည်မျှ
စိတ်လှုပ်ရှားသနည်းဆိုသော်
ကောင်းကင်တာအို၏
အပြစ်ပေးမှုကိုပင် ခံယူ၍ လုံချန်၏ တည်ရှိမှုအား
သူသည် အတည်ပြုခဲ့ပါသည်။
ကောင်းကင်တာအို၏ အပြစ်ပေးမှုကို
ခံစားရသည့်တိုင် လိုင်ယွမ်ဇီသည်
လွန်စွာစိတ်လှုပ်ရှားနေသည်။
လုံချန်ကား သေဆုံးသွားသည်သာ မဟုတ်လျှင်
လွန်စွာ ထွန်းလင်းတောက်ပသည့် ကြယ်တစ်ပွင့်
ဖြစ်လာလိမ့်ဦးမည် ဖြစ်၏။
သူတို့၌ မဟာပါရမီ့ရှင် ငါးယောက်နှင့် ဖန်စန်း
တစ်ယောက်ရှိသည်။သူတို့အနေဖြင့်
အဆိုးသံသရာ
လည်နေသည့် ဤစက်ကွင်းကို ကျိန်းသေ
ဖျက်ဆီးပစ်နိုင်တော့ပေမည်။လိုင်ယွမ်ဇီသည် တင်္ဂ
စဉ်းစား
နေပြီး မှ ပြော၏။
"လုံချန်ကလွဲလို့ ကျန်တဲ့ မဟာပါရမီ့ရှင်
ငါးယောက်ကို သေသေချာချာဂရုစိုက်ပါ
ရင်းမြစ်တွေ
ကုန်မှာကို မစိုးရိမ်နဲ့ ကျုပ်တို့
ဘုရင့်နောင်ဖောင်ဖျက်သလိုမျိုး လုပ်ကြရလိမ့်မယ်
ဒါကျုပ်တို့ရဲ့
တစ်ခုတည်းသောအခွင့်အရေးပဲ ဒါကို
အခွင့်ကောင်းယူရမယ်"
"ကောင်းပါပြီ" တုဖုန်းကပြောသည်။
"ကျုပ်ဒဏ်ရာကို ကုဖို့ရှိတယ်...ဒီအတောအတွင်း
ရွှမ်ရှင်းကို ခင်ဗျားလက် လွှဲခဲ့မယ် မှတ်ထားပါ
လောကနိယာမ ကို မဖောက်ဖျက်မိပါစေနဲ့
လုံချန်ကို အထူးတလည် အရေးပေးဆက်ဆံမှုတွေ
မလုပ်ပါနဲ့...လုပ်ခဲ့လို့ရှိရင် ရွှမ်ရှင်းဟာ
ဒီအကျိုးဆက်ကို ပြန်ခံစားရလိမ့်မယ်"
လိုင်ယွမ်ဇီသည် ဒဏ်ရာများကို မကုသမီ သူ့အား
သတိပေးချက်တစ်ခု ပေးခဲ့သည်။လိုင်ယွမ်ဇီထွက်
ခွာသွားပြီးနောက် တုဖုန်းသည်
အဝေးတစ်နေရာသို့ကြည့်၍
စိတ်တွေလေးလံလာသလို ခံစားရ၏။
နောက်ဆုံး၌ သူလည်း ထိုနေရာမှ
ပျောက်ကွယ်သွားလေသည်။
...
ဤအချိန်တွင် ထောင်ပေါင်းမျာစွာသော
တောင်များ၀န်းရံထား၍
ထောင်နှင့်ချီသောရေကန်များ
ရှိကာ လွန်စွာသာယာလှသည့် အမတ
ဂူတစ်ခုထဲ၌ ပြစ်မျိုးမှဲ့မထင် လှရက်နိုင်လွန်းသော
ဆံနွယ်
ရှည်ကြီးများပိုင်ရှင်
မိန်းမပျိုကလေးတစ်ယောက်သည် ရုပ်ပုံများ
ရေးဆွဲထားသော စာအုပ်တစ်အုပ်ကို
လွန်စွာ တန်ဖိုးထားဟန်ဖြင့် ကြည့်နေသည်။
သူမမျက်နှာကလေးကား
ကျောက်စိမ်းရောင်ဖြစ်နေပြီး နှင်းကဲ့သို့
စွတ်စွတ်ဖြူသောအသားအရည် နှင့်
လူတစ်ဦး၏ စိတ်နှလုံးကို
စင်ကြယ်သန့်ရှင်းစေသည့်
တစ်လက်လက်တောက်ပလျှက်ရှိသော မျက်
၀န်းကလေး တစ်စုံလည်းရှိသည်။အမတ
ဂူတစ်ခုလုံးကားသူမကြောင့် နတ်ပြည်
နတ်နန်းအလားဟု
ပင် ထင်မှတ်ရလေတော့သည်။
"လုံချန်...ရှင်က အခုဆိုရင် သိုင်းလောကရဲ့
လမ်းကြောင်းပေါ်ကိုတောင် ရောက်နေပြီပေါ့
ကျွန်မကြောင့် သိုင်းလောကထဲကို ၀င်ခဲ့တာလား
ရှင်ရယ်" မန်ချီသည် သူမ၏ ချယ်ရီရောင် နှုတ်
ခမ်းပါးလေးကို ဖွင့်၍ ညည်းညူလိုက်မိ၏။
"ဟီးဟီး ဘယ်လိုလည်း မမ သူ့ကို
ကြိတ်ချစ်နေတာကြာပြီမို့လား" ရုတ်တရက်
အခြားမိန်းမပျို
လေးတစ်ယောက်သည် မန်ချီ၏ ဘေးသို့
တိတ်တဆိတ်ရောက်လာပြီး ရယ်မောလိုက်သည်။
"ဖန်အာ...မင်းကတော့" မန်ချီသည်
မျက်နှာကလေးရဲ၍ စာအုပ်ကို ခပ်မြန်မြန်
ဖွက်ထားလိုက်၏။
"ဟားဟား...ကျွန်မတို့ လေဝိညာဉ် စံအိမ်ရဲ့
နံပါတ်တစ် အချောအလှကလေးက
နောက်ဆုံးတော့
ကောင်လေးတစ်ယောက်ကို ချစ်သွားပြီပေါ့
အင်း...စံအိမ်က ကောင်းလေးတွေတော့ အသဲတွေ
ကရွဲ ပါပြီ" လုဖုန်းအာ က မန်ချီက ို
ဆက်တိုက်ဆိုသလို စနေသည်။
"ဖုန်းအာ...မမ ကို ဆက်စနေရင် သိမယ်နော်..."
မန်ချီ စိတ်တိုလာသည်။
"အင်း...ဒီလိုနေ့မျိုးရောက်လာလိမ့်မယ်လို့
ကျွန်မသိနေတာ ကြာလှပေါ့မမရယ် အခုတော့
မမလည်း
ရည်းစားရပြီ ဒီက ညီမလေးကို လိုသေးလို့လား"
လုဖုန်းအာ က ၀မ်းနည်းဟန်လေးဖြင့်ပြော၏။
"ပြောမရဘူးလား..."
"ဟီးဟီး..ညီမလေးက နောက်နေတာပါ.." မန်ချီ
အမှန်စိတ်ဆိုးသွားမည် စိုးသောကြောင့်
လုဖုန်းအာက
မန်ချီ၏ လက်မောင်းလေးကို ဆွဲ၍
ရယ်ရင်းပြောသည်။
"ဒီ..လုံချန် က တော်တော်လေးတော့
အံ့သြစရာကောင်းသား သွေးနှောအဆင့်မှာတင်
ကျင်ကျီသိုင်း
သမားတွေကို
တစ်ယောက်ပြီးတစ်ယောက်သတ်နိုင်စွမ်းရှိတယ်
ပြီးတော့ အဲ့ဒီထဲက တစ်ယောက်က
ဂိုဏ်းတစ်ဂိုဏ်းက
ဂိုဏ်းသားတစ်ယောက်လို့တောင်ပြောကြတယ်...
တစ်ကယ့်ကို အံ့ဖွယ်သရဲပဲ"
ရယ်မောပြီးနောက် လုဖုန်းအာ သည် ဤကိစ္စကို
နားလည်ရခက်နေသည်။နည်းတစ်မျိုးမျိုးဖြင့်
သူမတို့
သည် လုံချန် မည်သို့ဖြစ်နေသည်ကို
သိခွင့်ရခဲ့သည်။ယမန်နေ့က ဖီးနစ်မှလာသော
သတင်းသည်
သူမတို့အတွက် လွန်စွာ
တုန်လှုပ်သွားခဲ့ရသည်။မန်ချီ၏ မျက်လုံး၌
နွေးထွေးသော အရိပ်အယောင်
ကလေးများ ထင်ဟပ်လာခဲ့၏။
"သူနဲ့မမ က အချိန်အကြာကြီးမရင်းနှီးခဲ့ရပေမယ့်
သူဟာ လွယ်လွယ်နဲ့ဘယ်တော့မှ အရှုံးပေးမယ့်
သူတစ်ယောက်မဟုတ်ဘူးဆိုတာကို မမ
ပြောရဲတယ် ဒီလိုခိုင်မာတဲ့
နှလုံးသားဖြစ်လာဖို့အတွက်
မဖြစ်နိုင်လောက်တဲ့ ခါးသီးမှုတွေကို
သူခံခဲ့ရပုံပါပဲလေ...."
"လုံချန်ဟာ ရွှမ်ရှင်းရဲ့ ၀င်ခွင့်တံဆိပ်ပြားကို
ရကောင်းရခဲ့လိမ့်မယ် ဒါပေမယ့် ရွှမ်ရှင်းရဲ့
၀င်ခွင့်စမ်းသပ်
မှုဟာ အလွန်ခက်တယ် လို့ ကျော်ကြားတော့
ဒီ၀င်ခွင့်ကို အောင်ပါ့မလားမသိဘူး" လုဖုန်းအာက
စိုး
ရိမ်သံဖြင့်ပြောသည်။
မန်ချီသည် စာအုပ်ကလေးကိုထုတ်၍
ကြည့်လိုက်ပြန်သည်။စာအုပ်ထဲမှ
စစ်နတ်ဘုရားတစ်ပါးကဲ့သို့
ဖြစ်နေသည့် ကောင်လေးတစ်ယောက်ကိုကြည့်၍
သူမနှလုံးသားများ နွေးထွေးလာခဲ့ရပြန်ပါ၏။
'လုံချန်...ရှင့်ကိုကျွန်မ ယုံတယ်နော်...ရှင်နဲ့
နောက်ကြိမ် ပြန်ဆုံရမယ့်အချိန်ကို
ကျွန်မစောင့်နေမယ်'
...
"ရပ်လိုက်စမ်း ဒီလမ်းကငါ့လမ်း
ဒီသစ်ပင်တွေကငါစိုက်ထားခဲ့တာ...ဒါ့ကြောင့်မင်း..
."
ဖြောင်းကနဲ ပါးပိတ်ချလိုက်သံနှင့်အတူ ထိုလူ၏
စကားသည် လမ်းခုလတ်တွင် ရပ်သွားလေသည်။
လုံချန်က ထိုလူကိုလက်ညှိုးထိုး၍ ပြောလိုက်၏။
"ဟေ့ကောင် ငတုံး...ဒီသစ်ပင်တွေက
နှစ်ပေါင်းထောင်ချီနေပြီ အဲ့ဒိအချိန်တုန်းကဆိုရင်
မင်းဘိုးဘေး
တွေက ရွှံ့ထဲမှာ ဆော့နေတုန်းပဲရှိဦးမယ် ... ဘာ
မင်းစိုက်ထားတာလည်း"
ထိုသူမှာ
ပါးရိုက်ခံလိုက်ရသောကြောင့်မူးဝေနေရာမှ
သတိပြန်၀င်လာလျှင် လုံချန်ကိုကြောက်
လန့် တကြားဖြင့်ကြည့်သည်။ "မင်း .. မင်း"
လုံချန်က သူ့ကိစ္စနှင့်သူ စဉ်းစားရင်
လမ်းလျှောက်လာစဉ်တွင် ထိုသူက
ရဲဒင်းတစ်လက်ကို ကိုင်၍
ရုတ်တရက် ထွက်လာကာ လုံချန်ထံမှ
လုယက်ရန်ကြံခြင်း ဖြစ်၏။ကြောက်လန့်တကြား
ထွက်ပြေး
သွားသော ထိုလူကိုကြည့်၍ လုံချန်
ခေါင်းယမ်းလိုက်၏။ဤကဲ့သို့သော
ညာဏ်ရည်ရှိသူတစ်ယောက်
ပင် သည်နေရာသို့ရောက်နေသည်။ယင်းက
လုံချန်ကို မည်သို့တွေးရမည်မသိဖြစ်စေသည်။
ထိုလူထွက်ပြေးသွားလျှင် လုံချန်က
ကျောက်စိမ်းပြားကို ထုတ်၍ ကြည့်သည်။သူသည်
အချိန်သိပ်
မဖြုန်းချင်တော့ပေ။လုံချန်သည်
တောင်ကြားလမ်းလေး အတိုင်း လျှောက်လာခဲ့ရာ
တစ်နေရာ
အရောက်တွင် သူ့မျက်လုံးများ ရုတ်ချည်း
တောက်ပလာကြသည်။
"အမတ ဂန္ဓမာ ပန်းပါလား"
ကျောက်ကမ်းပါး တစ်ခုအပေါ်၌
ခြေသလုံးအရွယ်ခန့်အပင်တစ်ပင်ရှိနေသည်။ထိုအ
ပင် ၏ ပင်စည်သည်လူတစ်ယောက်၏
ခန္ဓာကိုယ်နှင့် တူလှပြီး ထိပ်၌ ပန်းပွင့်လေးတစ်ပွင့်
ပွင့်နေရာ
နေကြာပန်းအသေးစားကလေးနှင့်တူလေသည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now