126 - 130

101 8 0
                                    

Nine Star Hegemon Body Art

ဆေးသိဒ္ဓိရှင်

အခန်း(၁၂၆)ငပွေး

လုံချန်သည်
တံတားပေါ်သို့ခြေချမိတော့မည့်အချိန်၌
တိုက်ခိုက်မှုတစ်ခုက ဦးခေါင်းနောက်မှ ရုတ်တ
ရက်၀င်ရောက်လာသည်။တစ်ချိန်တည်းတွင်
မောက်မာသည့်လေသံဖြင့် အော်ဟစ်ပြောဆိုသံ
တစ်ခုကိုလည်းကြားရသည်။
"သေစမ်း"
လုံချန်
ဘေးသို့ခုန်ရှောင်ရ၏။ကြာပွတ်တစ်ချောင်းက
သူ့မျက်နှာ နားမှ ပွတ်ကာသီကာဖြင့် ဝီးကနဲဖြတ်
သွားလေသည်။သူတွေ့လိုက်ရသည်မှာ
အတောင်ပံကြီးများ တဖြတ်ဖြတ်ခတ်၍
ပျံသန်းသွားသည့်
လွန်စွာကြီးမားသည့်

သိမ်းငှက်ကြီးတစ်ကောင်။သိမ်းငှက် ပေါ်တွင်
ရပ်နေသည့် လူငယ်ကိုမူ လုံချန်က
သဲသဲကွဲကွ ဲ မမြင်လိုက်ချေ။
အစောပိုင်းက ကျာပွတ်က ထိုလူငယ်ထံမှ
လာခြင်းဖြစ်မှန်းသိသာ၏။သို့ရာတွင် လူငယ်က
သူ့ကို တစ်
ချက်ပင် စောင်းငဲ့ကြည့်မသွားချေ။လူငယ်၏
ကျောပြင်ကို ကြည့်၍ လုံချန် ကျွဲမြီးတိုသွားသည်။
သူ၏ မှော်သားရဲသည်
ပျံသန်းနိုင်သည့်အမျိုးအစားမဟုတ်လေရာ သူက
လူငယ်ကို လက်ပိုက်ကြည့်
နေရုံသာတတ်နိုင်သည်။
အဖြစ်နိုင်ဆုံးမှာ အနှီလူငယ်သည်လည်း ရွှမ်ရှင်းသို့
ဂိုဏ်းသားအဖြစ်လာလျှောက်သူ တစ်ယောက်ဖြစ်
လိမ့်မည်။ရွှမ်ရှင်း၏ ဂိုဏ်းသားရွေးချယ်မှုကား
ဘယ်လိုမှ ပျင်းစရာကောင်းမည့်ပုံ မပေါ်ဟု
လုံချန်တွေး
မိ၏။လုံချန်က သက်ပြင်းချ၍
တံတားကိုဖြတ်ကူးလိုက်သည်။ထိုစဉ်
ကောင်းကင်သည် ရုတ်ချည်း အမှောင်
ကျကာ ဧရာမ သတ္တဝါကြီးတစ်ကောင်
ဖြတ်ပျံလာပြန်၏။
သို့သော် ယခုတစ်ခါမှာတော့ မှော်သားရဲ၏
ကျောထက်တွင် စီးနင်းနေသူက
လုံချန်ကိုမတိုက်ခိုက်ပေ။

လုံချန်က ခေါင်းကိုမော့၍ ကြည့်လျှင်
အရောင်အသွေးစုံလှသည့် ငှက်မွေးများဖြင့်
ငှက်ကြီးတစ်ကောင်
ကိုတွေ့သည်။ထိုသို့မော့ကြည့်စဉ်မှာပင် ငှက်ပေါ်မှ
လူကလည်း သူ့ကို ပြန်ငုံ့ကြည့်လာ၏။လုံချန်
စိတ်ထဲ
မှကြိတ်၍ အားပါးပါးဟု အော်မိ၏။ငှက်ပေါ်၌
ရှိနေသူသည် လွန်စွာ လှပသည့်
မိန်းမပျိုကလေးတစ်
ယောက်ဖြစ်နေသည်။
သူမ၏ အသက်က
ဆယ့်ခြောက်နှစ်ပတ်လည်ခန့်သာ
ရှိပုံရသေး၏။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now