166 - 170

97 5 0
                                    

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(166)အန္တေဝါသိကဂိုဏ်းသားများ ရွေးချယ်ခြင်း

ထန်၀မ်အာ၏ အပြုအမူက လူတိုင်းကို အာရုံစိုက်သွားစေသည်။စိတ်လှုပ်ရှားနေကြသည့် ဂိုဏ်းသား
များပင် ပွဲကိုကြည့်ရန်အတွက် ငြိမ်ကျကုန်ကြသည်။အန္တေဝါသိက ဂိုဏ်းသားရွေးချယ်မှု စတော့မည်။
လူတိုင်းက ထန်၀မ်အာကို စောင့်ကြည့်နေကြသည်။

"ပြိုင်ဘက်တွေထဲမှာ သာလွန်ထူးခြားသည့် နတ်ဘုရားမ ၀မ်အာ အလွယ်တကူအနိုင်ရ ရ မယ်"

ထန်၀မ်အာက ကျောက်တုံးနံရံအနားသို့ရောက်စဉ်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီး
ကို ကြား၍ လှည့်ကြည့်ရာ အလံတစ်လက်ကို ကိုင်၍ ဝေ့ယမ်းနေသော လုံချန်ကို တွေ့သည်။သူတိုင်
ပေးသည့် ဆောင်ပုဒ်အတိုင်း အဖွဲ့သားများကလည်း လိုက်ပါအော်ဟစ်လျှက်ရှိ၏။

သူ၏ အပြုံးကိုမြင်သည်တွင် ထန်၀မ်အာမှာ အတော်အတန် စိတ်လက်ပေါ့ပါးသွားရသည်။သည်အပြုံး
ကြောင့် သူမနှလုံးသား က သိပ်ကိုနွေးထွေးရပါသည်။သည်ကောင်ကလေးသည် မျက်နှာပြောင်လှ
သော်ငြား ယခုအခါ ၌ သူမ၏ စိုးရိမ်စိတ်များလျှော့ပါးသက်သာစေရန် ကူညီပေးနေခြင်းဖြစ်သည်ဟု
ထန်၀မ်အာသိသည်။

သူမက သူဦးဆောင်နေသည့်အဖွဲ့ကို ပြန်၍ လက်ဝေ့ယမ်းပြကာ အကြီးအကဲတုဖုန်းထံသို့ရိုသေစွာ
ဖြင့်  သွားလိုက်၏။

"အကြီးအကဲကို ဒုက္ခပေးမိပြီ အန္တေဝါသိက ဂိုဏ်းသားပြိုင်မလို့ပါ အလယ်တန်း .. ညာဘက်ကရေရင်
တတိယမြောက်ဂူပါရှင်"

တုဖုန်းက ခေါင်းငြိမ့်၍ ကျေနပ်စွာပြုံးသည်။

"မင်းရဲ့သိုင်းပညာကို အကုန်သုံးပါမိန်းကလေး ချန်ထားတာမျိုးမလုပ်နဲ့ တစ်ကယ်လို့ ပြဿနာရှိခဲ့
ရင် ဘယ်အချိန်မဆိုပြန်ဆုတ်လာလို့ရတယ်"

မဟာပါရမီ့ရှင်များကိုမူ တုဖုန်းပင်လျှင် နှိုင်းနှိုင်းချိန်ချိန်ဖြင့်ပြောရသည်။အကယ်၍ ဤသို့သော ဂိုဏ်း
သားတစ်ယောက်က ဤနေရာ၌ သေဆုံးခဲ့လျှင် ရွှမ်ရှင်းအတွက် ကြီးစွာသော ထိုးနှက်ချက်ကြီး
တစ်ခုဖြစ်လိမ့်မည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now