221 - 225

65 6 0
                                    

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(221)စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့်တိုက်ခိုက်ခြင်း

လုံချန်သည် စည်းကမ်းထိမ်းသိမ်းရေး ဋ္ဌာန သို့ရောက်လာသည်နှင့် နှင်းပွင့်လေးမှာ အသက်ကိုမျှဉ်းမျှဉ်းလေး
သာ ရှုနေတော့ကြောင်းတွေ့ရလေသည်။လုံချန် ဒေါသ ပေါက်ကွဲကာ သတ်ဖြတ်လိုစိတ်များဖြင့် ဆူဝေသွား
ခဲ့ရသည်။

၀ူချီကား နှင်းပွင့်လေးကို သတ်ရန် စီစဉ်ထားလျှက်ရှိချေသည်။ပြင်းပြလှသည့် ဒေါသက သူ့ကို ခလုတ်မောင်း
ဖြုတ်ချ လိုက်သည့် သေနတ်ကျည်ဆန်ကဲ့သို့ ဖြစ်စေကာ ဝူချီအား ခုတ်ပိုင်းလိုက်တော့သည်။ဝူချီသည် ထိတ်လန့်
စွာဖြင့် လက်ထဲမှ ဓားဖြင့် ပြန်ကာလျှင် ထန်ကနဲ အသံကြီးဖြင့် ဓားနှစ်စင်းထိခိုက်သံထွက်လာ၏။

ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းကြီးသည် မီးတောင်တစ်လုံးကဲ့သို့ပြင်းထန်စွာပေါက်ထွက်လာ၏။ထိုစွမ်း
အင်လှိုင်းကြီးကြောင့် ဝူချီကား နောက်သို့ဝုန်းကနဲ ဆုတ်သွားရသည်။ပြီးမှ တိုက်ခိုက်သူကို သူ တွေ့ရ၏။

"လုံချန် .. ရဲတင်းလိုက်တာ စည်း/သိမ်း ဋ္ဌာနကို မင်း ကျူးကျော်လာဝံ့သလား"

၀ူချီသည် ပထမတွင် အံ့အားသင့်နေရာမှ လုံချန်မှန်းသိသည်နှင့် လှိုက်ကနဲပျော်သွား၏။ရွှမ်ရှင်း၏ စည်းမျဉ်း
များအရ တပည့်များသည် စည်းကမ်းထိမ်းသိမ်းရေး ဋ္ဌာန သို့ ၀င်မလာရဟု ရှိသည်။လုံချန်ကား စည်းမျဉ်း
ကို ချိုးဖောက်ချေပြီ။

လုံချန် ရောက်လာခြင်းသည် အခြား စည်း/ထိမ်း များကိုလည်း အံ့အားသင့်သွားစေပါ၏။၎င်းတို့အနေနှင့်
လုံချန် လာရှာလိမ့်မည်ဟု ထင်မထားမိခဲ့။ကြက်သွေးမီးတောက်နှင်းဝံပုလွေမှာ လုံချန်၏ ဝံပုလွေ ဖြစ်မှန်း
သိသောကြောင့် သူတို့က တိတ်တဆိတ် ဖမ်းလာခဲ့ကြခြင်းဖြစ်၏။

လုံချန်ရောက်လာသည်ကိုမြင်လျှင် အခြားစည်း/ထိမ်း နှစ်ယောက်ကလည်း ပြဿနာ မကြီးကျယ်စေပဲ ဖမ်း
စီးလိုဟန်ဖြင့် နှာခေါင်းတစ်ချက်ရှုံ့၍ ပြေး၀င်လာခဲ့၏။သို့သော် ရှေ့သို့ပြေးတက်စဉ် ဧရာမ လူသန်ကြီးတစ်
ယောက်၏ ဆူးလုံးကြီးသည် သူတို့ထံ ပြေး၀င်လာခဲ့သည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now