246 - 250

138 5 0
                                    

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(246)အသက်လို

နူးညံ့သောလက်လေး တစ်စုံက သူ့ကို တားဆီးလာခဲ့ပါသည်။ချုယောင် သူ့ကိုပြောသည်။

"ကျွန်မကို လုပ်ခွင့်ပေးပါ အကိုပဲကျွန်မကို တစ်ချိန်လုံးကာကွယ်ပေးခဲ့တာလေ ဒီတစ်ခါအကို့ရှေ့ကနေ ကာကွယ်ပေး
ခွင့်ညီမကိုပေးပါ"

သူမ မျက်၀န်းမှ နူးညံ့မှု တို့ကိုမြင်လျင် သူ့ခန္ဓာကိုယ် တောင့်ကနဲဖြစ်လျှက် ခေါင်းခါလိုက်၏။

"ညီမက ဒီလိုကိစ္စမျိုးနဲ့ အကျွမ်းမ၀င်ပါဘူးကွာ အကိုပဲ ရှင်းလိုက်မယ်"

ချုယောင်၏ စရိုက်ကို သူ နားလည်ပါသည်။သူမသည် သတ်သည့်၊ဖြတ်သည့် ကိစ္စတို့၌ အကျွမ်း၀င်သူလေးမဟုတ်။
လူသတ်သည့် ကိစ္စကား သူမအတွက် အလွန်ခက်ခဲ ပေလိမ့်မည်။ထိုလူသုံးယောက်ကို သူရှင်းလိုက်သည်က ပို
ကောင်းမည်။ယခု သူသည် လူသတ်ခြင်းကိစ္စ၌ အကျွမ်းတ၀င် ဖြစ်နေချေပြီ။

"မဟုတ်ဘူးအကိုရဲ့.. ကောင်းကင်နန်းတော်မှာတုန်းကလေ.. ကျွန်မက အကိုကို့ထာ၀ရ ကာကွယ်ပေးပါ့မယ်လို့
ကျိန်ဆိုထားခဲ့တာ .. ဒီကတိသစ္စာ စကားကြောင့် ကျွန်မ . နေ့နေ့ ညည သိုင်းကို အပြင်းအထန်ကျင့်ခဲ့တာလေ"

"ဒီသိုင်းလောက ဆိုတာ ၀င်ပြီးသွားရင် ပြန်ထွက်လို့မရတဲ့နေရာတစ်ခုဆိုတာ ကျွန်မ ကောင်းကောင်းသိတာပေါ့
အကိုရယ်... ပြီးတော့ ဒီလမ်းကြောင်းပေါ်လျှောက်ဖို့အတွက် အကို့မှာ အခက်အခဲတွေရှိတယ်ဆိုတာကိုလည်း ကျွန်
မသိတာပဲ..ကျွန်မအတွက်အလိုအပ်ဆုံးကလေ အကိုနဲ့အတူနေရဖို့ပါပဲ....အကိုဘယ်သွားသွားကိစ္စမရှိဘူး နောက်ဆုံး
ငရဲ သွားမယ်ဆိုရင်တောင် ကျွန်မကတော့ အကိုနောက်ကို ထာ၀ရ လိုက်နေဦးမှာပဲ"

"ဒီလို ရှေ့သွားပြီးရင် နောက်ပြန်ဆုတ်လို့မရတဲ့ သိုင်းလောကမှာ လျှောက်လှမ်းနေသမျှ ကျွန်မလက်တွေလည်း တစ်
နေ့နေ့ သွေးစွန်းရဦးမှာပဲ မဟုတ်လား... သွေးစွန်းချင်သလောက်စွန်းစမ်းပါစေ.. နှလုံးသားမဲ့တဲ့ မိစ္ဆာတစ်ယောက်
ဖြစ်လာခဲ့ရင်တောင် ကျွန်မ ဒီလမ်းကြောင်းကိုရွေးချယ်မိတဲ့အတွက် ဘယ်တော့မှနောင်တမရဘူး"

You've reached the end of published parts.

⏰ Last updated: Nov 16, 2023 ⏰

Add this story to your Library to get notified about new parts!

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now