46 - 50

172 10 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၄၆)ပွဲတော်ပြီးဆုံးခြင်း

ထိုမြှားသည် လုံချန်၏ ခါးဘေးမှ ဝီးကနဲမြည်၍ ဖြတ်သွားခြင်းဖြစ်သည်။အကယ်၍ သူသာ လှုပ်ရှားမှု
အနည်းငယ် နောက်ကျခဲ့လျှင် ထိုမြှားသည် သူ့အားသေချာပေါက်လာမှန်လိမ့်မည်။မြေပြင်၌ အတော်
ကြာသည်ထိ လှိမ့်ရှောင်ပြီးသည်တွင်မှ မြှားအား သူ့ကြည့်လိုက်၏။မြှားသည် သူနှင့်လွဲ၍ သူ့နောက်၌
လဲနေသည့် ဟောင်ချန်၏ ပေါင်၌ စိုက်သွားလေသည်။

ဟောင်ချန်၏ ပါးစပ်သည် ဟောင်းလောင်းပေါက်ပွင့်လျှက်ပင် ရှိ၍ မျက်လုံးများသည်ကား အသက်မဲ့
သွားသည်သို့ထင်ရသည်။ငါးသေတစ်ကောင်ကဲ့သို့ တိတ်ဆိတ်စွာဖြင့် ကောင်းကင်ပေါ်ကို ကြည့်နေ
လေသည်။ထိုသို့လျှင်...အလွန်ပြင်းပြသည့် သွေးညှီနံ့တစ်မျိုးသည် ဟောင်ချန်၏ ပေါင်မှ လာလေသည်
တွင် ထိုအနံ့အား မရှုမိစေရန် လုံချန် အသက်အောင့်ထားရပါ၏။

သို့ဖြင့် အချိန်မှီ အသက်ရှုအောင့်လိုက်သည်တောင်မှ မူးဝေ၀ခံစားချက်မျိုး ခံစားရသေး၏။

"ကြောက်ဖို့ကောင်းလိုက်တဲ့အဆိပ်ပါလား"

သူအတော်လေးထိတ်လန့်မိသွား၏။ထိုမြားတွင်အလွန် ပြင်းထန်သည့် အဆိပ်တစ်မျိုးကို သုတ်ထား
လေသည်။မည်သို့သော အဆိပ်မျိုးဖြစ်သည်ကို သူ မသိသော်ငြား အဆိပ်သည်အလွန်ပြင်းထန်သည်
ကိုတော့ ဖြင့် ရိပ်မိလိုက်၏။ဖြစ်နိုင်သည်ကား ထိုအဆိပ်အား အနိမ့်ဆုံး အဆင့်သုံးခန့် ရှိမည့်
မှော်သားရဲ တစ်ကောင်ကောင်ထံ မှ ထုတ်ယူထားခြင်း ဖြစ်ချိမ့်မည်။

"အရှက်မရှိလိုက်တဲ့ကောင်"

ယွမ်ချီ၏ဒေါတကြီးဖြင့်အော်လိုက်သံထွက်လာပါ၏။ထို့နောက် သူ့၏လက်အား ဆန့်တန်းလိုက်သည်တွင်
သုံးမီတာ ခန့်ရှည်သောမီးတောက်တစ်ခုထွက်လာကာ ဝေချိုင့် ထံသို့တန်းတန်းမတ်မတ် ၀င်သွားတော့
သည်။ထိုအခိုက်၌ ဝေချိုင်သည် သူ့ပစ်လိုက်သည့်မြားအား လုံချန် ရှောင်နိုင်သည်ကို ကြည့်၍ အံ့အား
သင့်နေတုန်းပင်ဖြစ်၏။

ယွမ်ချီ ၏ တိုက်ခိုက်မှုအားမြင်သည်တွင် သူ့လက်၌ ကိုင်ထားသည့် လေးအား ကပျာကသီလွှင့်ပစ်
လိုက်သည်။ဝေချိုင်သည် သူ့၏လက်အားဆန့်တန်းသည်တွင် မီးမြားတောက်နေသည့် ဓားတစ်စင်းပေါ်
လာ၏။ယွမ်ချီ၏ မီးတန်းသည် ဝေချိုင်၏ မီးဓားဖြင့် ထိခတ်မိလိုက်သည်နှင့် ပေါက်ကွဲမှု တစ်ခုဖြစ်
သွားပါ၏။ဤ ပေါက်ကွဲမှု မှ ထွက်လာသည့် ချီလှိုင်းများသည် အရပ်လေးများနှာ သို့ ရိုက်ခတ်
သွားသည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now