61 - 65

141 12 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၆၁)ကလဲ့စား

"သန်းနှစ်ရာ"

သွေးနှောသိုင်းသမား တစ်ယောက်က စျေးအရင်စပေးသည်။သူကား ပြိုင်ဆိုင်မှု ပြင်းထန်လှသည့်
ယနေ့ပွဲ၌ မည်သည့် ပစ္စည်းကိုမှ လေလံမဆွဲရသေးပေ။

ပေးစျေးများက တစ်ဖြေးဖြေးတက်လာခြင်းကြောင့် နောက်ဆုံးစျေးသည် စျေးကွက်ပေါက်စျေးထက်
ပင်ကျော်လွန်နေရာ သူက လေလံ၀င်မဆွဲတော့ခြင်းဖြစ်သည်။ယခုတော့ သူ့အတွက် အခွင့်ကောင်း
က လာချေပြီ။

"သန်းသုံးရာ"

ယင်းအသံက ထောင့်တစ်နေရာတွင်ရှိသော တစ်ခေါင်းလုံးဖြူဖွေးနေသည် အသက်ကြီးကြီးလူတစ်
ယောက်ထံမှလာခြင်းပင်။ထိုအဖိုးအိုက လေလံပွဲ စကတည်းက လေလံ၀င်ဆွဲခြင်း မပြုပဲ ယခုမှ
၀င်ဆွဲခြင်းဖြစ်သည်။သို့သော် သူ လေလံဆွဲသည်နှင့် လူတိုင်းက သူ့ကိုချက်ချင်း မှတ်မိသွားကြ
သည်။

"အဲ့တာ ထုံဂျိ အင်ပါယာက ဆေးဆရာကြီး ၀မ်လုရန် မဟုတ်လား"

ထုံဂျိအင်ပါယာက ဖီးနစ်အင်ပါယာလောက် မကြီးမားသလို ဆေးဆရာအသင်းလည်းမရှိသည့်
တိုင်အောင် ကိုယ်ပိုင်ဆေးခန်းမ တော့ရှိသည်။အကယ်၍ တိုင်းသူပြည်သားများက ဆေးပညာ
သို့မဟုတ် သိုင်းပညာ အပေါ်၌ ထောက်ပံ့မှုများ မပြုလျှင် ထိုတိုင်းပြည်က ပြိုလဲသွားမည်မှာ
သေချာသည်။သို့တိုင်အောင် သိုင်းပညာက ဒုတိယနေရာတွင်သာ ရှိသည်။ဆေးများကား မည်သည့်
အချိန်တွင်မှ ပြတ်လတ်၍ မဖြစ်ပေ။

ယင်းဆေးဆရာကြီး ၀မ်လုရန်က ထုံဂျိအင်ပါယာ၏ မရှိမဖြစ် ဆေးဆရာကြီးတစ်ဦးဖြစ်သည်။
သူက သူတို့အင်ပါယာ ဘုရင်မင်းမြတ်ထက်ပင် တန်ခိုးထွားသူဖြစ်သည်။အကြောင်းမှာ
ဆေးဆရာ ၏ ထောက်ပံ့မှုမရှိလျှင် ထုံဂျိအင်ပါယာအား အနီးအနားမှ အိမ်နီးခြင်း အင်အားကြီးများ
ကဝါးမျိုသွားမည် ဖြစ်သောကြောင့်ပင်။

သည့်အတွက်ကြောင့် ၀မ်လုရန် စျေး ပေးပေးခြင်းတွင် လူများ ထိတ်လန့်အံ့သြ သွားခြင်းဖြစ်သည်။
အကြောင်းက သူသည် အင်ပါယာဘုရင်မင်းမြတ်တစ်ပါး၏ အဆင့်အတန်းနှင့် တူညီနေသော
ကြောင့်ဖြစ်သည်။သူ့၏ ငွေကြေးချမ်းသာမှုက ပြောစရာပင်လိုမည်မဟုတ်ပေ။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now