101 - 105

140 7 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၁၀၁)အထင်သေးအမြင်သေး

"လုံချန်"

လူငယ်ကိုမြင်လျှင် လူတိုင်း ပြင်းပြစွာ စိတ်လှုပ်ရှားမိကြသည်။တစ်ကယ့်အရေးကြီးသည့် အချိန်မှ အချိန်
ကိုက်ဆိုသလို လုံချန် ပြန်ရောက်လာ၏။မူလတွင် ချုယောင်သည် မျက်လုံးများမှိတ်ကာ သူမ သေမည့်
အချိန်ကိုစောင့်နေပြီဖြစ်သည်။သို့သော် မျက်လုံးဖွင့်လိုက်သည့်အခါတွင် မမြင်ရကြာပြီ ဖြစ်သည့် လူ
တစ်ယောက်ကို မြင်သည်နှင့် မျက်ရည်များ အတားအဆီးမဲ့ ကျလာလေသည်။

"အကို တောင်းပန်ပါတယ် နောက်ကျသွားတယ်" လုံချန်က သူမ ကျောပြင်လေးကို ကြင်နာစွာပွေ့ဖက်
ထားလိုက်သည်။ "မစိုးရိမ်နဲ့ ဒီကိစ္စ တွေကို အကို အကုန်ကိုင်တွယ်နိုင်တယ်"

ရုတ်ချည်း ဒေါသတကြီးဖြင့် အော်ဟစ်ကြုံးဝါးသည့် အသံတစ်သံထွက်လာသည်။လုံမိသားစုကို ဝိုင်းရံပိတ်
ဆို့ထားသည့် ရဲမက်များထံမှ ကြောက်လန့်တစ်ကြား အသံများထွက်လာလေသည်။မည်သို့ဖြစ်မှန်းမသိ။
၎င်းတို့ရှေ့တွင် နှင်းကဲ့သို့ စွတ်စွတ်ဖြူသော ဝံပုလွေတစ်ကောင် ရောက်လာသည်။၎င်း ဝံပုလွေသည်
ပါးစပ်ဟလိုက်သည်နှင့် ပါးစပ်ထဲမှာ လခြမ်းပုံစံ လေဓား တစ်ချောင်းထွက်လာ၏။

၀ံပုလွေ၏ ပါးစပ်မှထွက်ကာစတွင် လေဓားသည် အရွယ်သိပ်မကြီးလှသော်လည်း လေထဲသို့ရောက်
သည်နှင့် မူလထက် အဆပေါင်းများစွာကြီးလာကာ ရှေ့မှ ရဲမက်များကို ရက်ရက်စက်စက်ဖြတ်ချ
သွားလေသည်။အဆိုပါ လေဓားသွားရာလမ်းတစ်လျှောက်၌ ရှိသည့် ရဲမက်များကား ကောက်ပင်အား
အောက်ခြေမှ တံစဉ်ဖြင့် ရိတ်လှီးသကဲ့သို့ အပိုင်းပိုင်းပြတ်ကုန်လေသည်။နေရာအနှံ့ သွေးများဖြင့် ချင်း
ချင်းနီကုန်သည်။

"ကောင်းတယ် နှင်းပွင့်လေး ဒီကောင်တွေကို သတ်ပစ်စမ်း" လုံချန်က အော်ပြောသည်။လုံအိမ်တော်
ကို ထိခိုက်မှု တစ်စုံတစ်ရာဖြစ်အောင် လုပ်မည့်သူများကို သူ မည်သို့မှ ခွင့်လွတ်မည်မဟုတ်ပေ။
အကယ်၍ သူသာ ခြေတစ်လှမ်းနောက်ကျခဲ့လျှင် သူအမေကော ချူယောင်ကော သေပြီဖြစ်သည်။
ဤအရာသည် သူ့အတွက်အကြောက်ဆုံးဖြစ်လေရာ ရဲမက်များကို တိုက်ခိုက်သည့်နေရာတွင် သူ့၌
ကြင်နာမှု နည်းနည်းပင် မရှိတော့ပါချေ။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now