196 - 200

78 5 0
                                    

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chatper(196) သစ္စာဖောက်ခံရခြင်း

“ဖုန်ဖူအကာအကွယ်” လုံချန် သူ့စိတ်ထဲကနေ အော်ဟစ်လိုက်တယ်။သူ မျက်လုံးကို ဖွင့်လိုက်တော့ သူ့မျက်လုံးထဲမှာ ကြယ်ပွင့်လေးတွေ ပေါ်လာခဲ့ပါတယ်။

ဇီ..ဇီ…ဇီ..ဇီ

လေဟာနယ်က တွန့်ရှုံ့သွားပြီး ချီလှိုင်းဟာ ကောင်းကင်ထိထိုးတက်သွားပါတယ်။အရပ်လေးမျက်နှာ
ကနေ ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းကြီးတွေ ရိုက်ခတ်နေတယ်။လုံချန်ဟာ နိုးထလာတဲ့ ရှေး
ဟောင်း  မှော်သားရဲကြီးတစ်ကောင်လို ဖြစ်နေပါတော့တယ်။သူ့လက်ထဲမှာ ကိုင်ထားတဲ့ မီးဓားကြီး
က မီတာ တစ်ရာ့ငါးဆယ်ထိရောက်အောင် ရုတ်တရက်ကြီးလာတယ်။ထိုဓားကြီးဟာ နတ်တွေကိုင်
ဆောင်တဲ့ နတ်ဓားကြီးတစ်စင်းနဲ့တူနေပြီး လီရှင်းရှောင်တို့နှစ်ယောက်ထံကို ပြေး၀င်သွားပါတယ်။
၀ုန်း……

ချီရှင်နဲ့ လီရှင်းရှောင်တို့ နောက်ကို ဝုန်းကနဲလွင့်စင်သွားတယ်။လုံချန်ရဲ့ တိုက်ခိုက်ပုံကိုမြင်တော့ပတ်
၀န်းကျင်က လူတွေ ကြောက်လန့်ကုန်ကြပါတယ်။အရှိန်နဲ့ လွင့်သွားတဲ့ လီရှင်းရှောင်နဲ့ ချီရှင်တို့
နှစ်ယောက်ကို ကြည့်ပြီး သူတို့ မင်တက်နေမိကြတယ်။တောင်ထွဋ်တစ်ခုပေါ်မှာ အကြီးအကဲစွန်းရှိနေ
ပါတယ်။လုံချန်ကို ကြည့်နေတဲ့ သူ့မျက်၀န်းတွေက တစ်လက်လက်တောက်ပနေကြတယ်။လိုင်ယွမ်ဇီ
လည်းလှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ “ကြောက်စရာကောင်းလိုက်တဲ့ သိုင်းပညာပါလား ဒီသိုင်းပညာ
က သူ့ရဲ့ခွန်အားကို မူလထက် ဆယ်ဆလောက်တိုးပွားသွားစေတာပဲ သူ့ရဲ့လက်ရှိခွန်အားက ကျင်ကျီ
သိုင်းသမားတစ်ယောက်ကိုတောင် ယှဉ်လို့ရနေပြီ”

တုဖုန်းကတော့ အတော့ကို အံ့သြမိတာပါ။ဒီပေါက်ကွဲမှုကြီးက ယခင်ကထက်တောင်ပိုပြီးအဆန်မတန်
ပြင်းထန်တယ်လေ။ဒီလောကမှာ ဒီလောက်အစွမ်းထက်တဲ့ သိုင်းပညာမျိုးရှိလို့လား။လီရှင်းရှောင်တို့
နှစ်ယောက်နောက်ကို လွင့်သွားချိန်မှာ မြန်မြန် ပွဲသိမ်းမှ ဖြစ်တော့မယ်လို့ လုံချန်သဘောပေါက်ပါ
တယ်။ရှေ့ကိုတက်ပြီး ထိုနှစ်ယောက်ကို သူက မီဓားနဲ့ ကြမ်းကြမ်းတမ်းတမ်း ခုတ်ချလိုက်တယ်။
လီရှင်းရှောင်နဲ့ ချီရှင်က လွန်စွာအံ့အားသင့်မိနေကြတယ်။တစ်ချိန်တည်းမှာလည်း ဒေါသအကြီးအ
ကျယ်ထွက်နေကြတယ်။သူတို့ဟာ အန္တေဝါသိကတပည့်တွေဖြစ်သလို ကျင်ကျီသိုင်းသမားတွေလည်း
ဖြစ်တယ်လေ။ဒါကိုတောင် သွေးနှောအဆင့်ကောင်လေး တစ်ယောက်ကို မနိုင်ဘူးဖြစ်နေတယ်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now