216 - 220

67 5 0
                                    

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(216)တားမရဆီးမရ

လုံချန်သည် သူ၏ အ၀တ်စဖြင့် အမှတ်အသားပြုထားသည့်နေရာသို့ပြန်ရောက်လျှင် သူ၏ အမူအယာက
ပျက်ယွင်းသွားသည်။ရှေ့သို့ပြေးကြည့်လျှင် ပတ်၀န်းကျင်သည် ရှုပ်ထွေးလျှက်ရှိသည်ကို တွေ့ရ၏။မီတာ
ရာနှင့် ချီသော ကျယ်သော မြေပြင်ကား မွမွကြေလျှက်ရှိ၏။မြောင်းကြီးများနှင့် ကျွင်းကြီးများကို နေရာအနှံ့
၌ တွေ့မြင်နိုင်လေ၏။

မြောင်းအချို့မှာ တစ်မိုင်ခန့်ပင်ရှိပေမည်။

"ဒီနေရာမှာ တိုက်ပွဲကြီးတစ်ပွဲ အကြီးအကျယ် ဖြစ်ခဲ့ဟန်တူတယ်" မွမွကြေနေသည့်မြေပြင်ကိုကြည့်လျှက်
ထန်၀မ်အာ အံ့အားသင့်နေ၏။လုံချန် အတွေးနက်နေသည်။

"နှင်းပွင့်လေးကို လူတစ်စု တိုက်ခိုက်သွားပုံပဲ"

မြေပြင်ပေါ်မှ အနီရောင် သွေးစက်များကို သူ ပွတ်ကြည့်သည်။မှန်သည် မြေပြင်၌ သွေးများစွန်းထင်လျှက်
ရှိ၏။သွေးမှ တစ်ဆင့် နှင်းပွင့်လေးကို သူက အာရုံခံနိုင်သည်။

"ဒီ မြောင်းတွေက ဓားချီကြောင့်ဖြစ်ပေါ်လာတာပဲ မှော်သားရဲတစ်ကောင်ရဲ့ ခြေရာလက်ရာမဟုတ်ဘူး ဒါ
ပေမယ့် နှင်းပွင့်လေးကို တိုက်ခိုက်တာဘယ်သူလည်း" ထန်၀မ်အာ နားမလည်ဖြစ်နေပါ၏။

ဤအရပ်ကား ရွှမ်ရှင်း၏ပိုင်နက်နေမြေလည်းမဟုတ်ရာ ရွှမ်ရှင်းမှ သိုင်းသမားများလည်း ရောက်မလာတန်
ရာ။ရွှမ်ရှင်းမှ သိုင်းပညာရှင် များ မဟုတ်လျှင် လူစိမ်းများသာဖြစ်ရပေမည်။သို့သော် ရွှမ်ရှင်းနှင့် မိုင်ထောင်
ချီသော နေရာများတွင် အခြေချ နေထိုင်သူများလည်း ရှိသည်မဟုတ်ပြန်ချေ။ဤနေရာကိုလာမည့် ပြင်ပ
မှ သိုင်းပညာရှင်များလည်း ရှိလိမ့်မည်မဟုတ်ချေ။

ထို့ပြင်ကြက်သွေးမီးတောက် နှင်းဝံပုလွေကား တတိယအဆင့်မှော်သားရဲတို့၌ ဘုရင်ဟုပင်ပြော၍ ရသည်။
နှင်းပွင့်လေးမှာ တတိယအဆင့်၏ ကနဦးအပိုင်းတွင်သာ ရှိသေးသော်ငြား သာမာန် ကျင်ကျီသိုင်းသမားများ
ပင် ယှဉ်တိုက်ခိုက်ဝံ့သည်မဟုတ်။နှင်းပွင့်ကလေးကို တိုက်ခိုက်နိုင်ရန် မည်သူမဆို ကျင်ကျီအလယ်အဆင့်
ခန့် အနည်းဆုံးရှိရမည်ဖြစ်သည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now