76 - 80

131 11 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၇၆)ကြောက်စရာကောင်းသည့် ယင်အမတ်ကြီး

ယင်အမတ်ကြီး၏ အေးစက်စက်အပြုံးတွင် လှောင်ပြောင်မှုနှင့်အထင်သေးမှုတို့စွက်နေ၏။ယင်အမတ်
ကြီးက သွေးကြောစိမ်းများယှက်သမ်းနေသည့် လက်ဖြင့်ဓားကို ကိုင်၍ ခပ်ကြမ်းကြမ်းဝှေ့ယမ်းနေသည်။

အုန်း....

ကြောက်မက်ဖွယ်ရာ ချီ လှိုင်းကြီး ရိုက်ခတ်ခြင်းကြောင့် တောင်ကြားလမ်းတစ်ခုလုံးကား တစ်သိမ့်သိမ့်
တုန်လျှက်ရှိသည်။လုံချန်က မိမိကိုယ်ပေါ်သို့ တောင်ကြီး တစ်ခု ပြိုကျလာသကဲ့သို့ ထင်လိုက်မိပြီး တစ်
လိမ့်ခေါက်ကွေး လိမ့်သွားကာ သွေးများအန်မိလိုက်သည်။

သူသည် ပေအတော်များများထိရောက်အောင် လိမ့်သွား၍ သွေားများအန်ချမိလိုက်ခြင်းဖြစ်၏။သူ့ရင်
ထဲတွင် မီးများလောင်နေသကဲ့သို့ ပူလောင်သောခံစားချက်တစ်ခုကို ခံစားနေရ၏။လုံချန် အံ့အားသင့်
သွားသကဲ့သို့ ထိတ်လန့်လည်းသွားမိသည်။

အစောပိုင်းက ယင်အမတ်ကြီးသူ့ကို ပြောခဲ့သည့်စကားများသည် သူ ကြောက်စေရန် သက်သက်
ခြောက်သည့်စကားများမဟုတ်ချေ။အမှန်တရားများကို ပြောခဲ့ခြင်းသာလျှင်ဖြစ်၏။ချီဓာတ်နှင့် ပြင်
ပခွန်အား ပေါင်းစပ်သည့်အခါ၀ယ် ထွက်ပေါ်လာသည့် စွမ်းအားမှာ လူတစ်ယောက်အား အမှန်တစ်
ကယ်ပင် ရင်ဆိုင်နိုင်စွမ်း မရှိဖြစ်စေသည်။

"ခွေးကောင်" လူကြမ်းလေးက ဒေါသတကြီးဖြင့်ကြုံးဝါးလိုက်၏။သူက လုံချန်လွင့်ထွက်သွားသည်နှင့်
ူသူ့၏ တောင်ဖြိုရဲဒင်းကြီး ဖြင့်ယင်အမတ်ကြီးအား ၀င်ပိုင်းလိုက်လေသည်။သို့ရာတွင် ယင်အမတ်
ကြီးမှာ လျှပ်ပြက်သကဲ့သို့လျှင်မြန်လှသည်ဖြစ်ရာ လူကြမ်းလေး၏ ရဲဒင်းအား လျှစ်ကနဲပြေး၍ ခုခံ
သည်။လူကြမ်းလေးမှာ ခြေဖြင့်ကန်ခံလိုက်ရသော ကျောက်တုံးတစ်တုံးလို နောက်သို့ ဖုန်းကနဲ ပြန်လွင့်
လာပြီးလျှင် မြေပြင်သို့ အရှိန်ဖြင့် ပစ်ကျတော့၏။

သို့ရာ၌ လူကြမ်းလေးသည် လုံချန်ထက်ပင် ပို၍ ခပ်ဝေးဝေးသို့ လွင့်ထွက်သွားသည့်တိုင်အောင် သွေး
တစ်စက်မှမထွက်ချေ။ထိုအချက်သည် ယင်အမတ်ကြီးအတွက် အံ့သြစရာဖြစ်နေသည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now