211 - 215

93 5 0
                                    

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(211)မီးကုန်ယမ်းကုန်

"သေပေတော့"

ကုယင်သည် ကြုံးဝါးရင်း မြေပြင်သို့ ခြေတစ်ချက်စောင့်လိုက်၏။သူ့ထံသို့ ကုယင်ပြေး၀င်လာစဉ်တွင် မြေ
ပြင်သည် သွက်သွက်ခါမျှ လှုပ်လျှက်ရှိသည်။သူ၏ စွမ်းအားသည် လွန်စွာကြောက်ဖို့ကောင်းသည်နှင့်အညီ
သူဖြန်းသန်းသွားသည့်နေရာ၌ လေလှိုင်းများပင် ဖြစ်၍ ကျစ်ရစ်လေသည်။

သူ... အသက်ကိုခပ်ပြင်းပြင်းရှုလိုက်၏။ကုယင်၏ စွမ်းအင်များက သူထင်ထားတာထက်ပင် ပိုနေသည်မို့
သူ့တွင်ရှိသမျှ စွမ်းအင်များကို အကုန်အသုံးပြု၍ မီးကုန်ယမ်းကုန်တိုက်ခိုက်ရတော့မည်။ဗလာနယ်သည်
တဇီဇီအသံများ မြည်လာပြီး အလင်းစက်ကွင်းကြီး သူ့နောက်ကျော၌ ပေါ်လာ၏။စူးရှတဲ့ ချီစွမ်းအင်ဟာ လေ
ထုထဲကို ရှီးကနဲ ထိုးတက်သွားတာပဲဖြစ်သည်။

အလင်းစက်ကွင်း ပေါ်လာလျှင် လေထု၌ လှိုင်းများအဆက်မပြတ်ရိုက်ခတ်လာသည်။ဗလာနယ်ကား မတည်
ငြိမ်တော့။သူ၏ အလင်းစက်ကွင်းကို လူတိုင်းမြင်ဖူးထားကြချေပြီ။သို့သော် ယခုအချိန် အလင်းစက်ကွင်းက
ယခင်အချိန်များထက် ပို၍ ပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းလို့ နေပါ၏။

အသံနက်ကြီးဖြင့် ကြုံးဝါးပြီး ကုယင်ကို အရိုးဓားဖြင့် သူ ခုတ်ချလိုက်ပါ၏။ကုယင်၏ လက်သီးနှင့် အရိုးဓား
ထိခိုက်မိသွားတဲ့အခါမှာ ပြင်းထန်လှတဲ့ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားတာပဲဖြစ်သည်။စွမ်းအားပြင်း ချီလှိုင်းကြီး
ကြောင့် မြေပြင်က လှိုင်းများ တလိပ်လိပ်ထ၍ နှစ်ခြမ်းကွဲ၏။

"မကောင်းတော့ဘူး" လူတိုင်း ကိုယ့်ကိုကိုယ် ကာကွယ်ကြရသည်။ကာကွယ်ရန် အချိန်မရလိုက်သူများမှာ ထို
ချီစွမ်းအင် လှိုင်းကြီးဖြင့် ရိုက်ခတ်၍ လွင့်စင်ကုန်၏။လူတစ်ရာခန့် နောက်သို့လွင့်စင်ကာ သွေးများ တဝေါ့
ဝေါ့ ထိုးအန်ကုန်သည်။သူတို့မျက်လုံးထဲ၌ နက်ရှိုင်းသော အကြောက်တရားကို မြင်နိုင်ပါသည်။

သူတို့ တိုက်ပွဲ၏ နောက်ဆက်တွဲရိုက်ခတ်မှုက သူတို့ကို ဒဏ်ရာအနာတရဖြစ်စေသည်။အကယ်၍ ထိုတိုက်
ပွဲထဲသာ သူတို့၀င်သွားလျှင် အသက်ပင် ဘယ်က ထွက်သွားမည်ကို သိလိုက်မည်မဟုတ်။သူတို့သိပ်ကိုကြောက်
နေခဲ့ပါသည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now