156 - 160

100 7 0
                                    

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(156)အပြင်းအထန်တိုက်ပွဲ

မှန်သည်။ ထိုရနံ့ကို လုံချန်ရသလို အခြားသူများလည်း ရကြသည်။လုံချန်နှင့်တိုက်ခိုက်လျှက်ရှိသော
ချီရှင်၏ မျက်လုံးမျာသည် တောက်ပသွားခဲ့ပြီး ထူးဆန်းသည့် မျဉ်းကြောင်းအချို့က သူ၏ မျက်ခုံး
နှစ်ခုအကြား၌ ရုတ်ချည်းပေါ်ပေါက်လာခဲ့ကြသည်။

ထိုမျဉ်းကြောင်းများ ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် သူ၏ လက်ထဲ၌ ကိုင်ထားသော ရေဓားသည်
အသက်၀င်လာသကဲ့သို့ရှိကာ လုံချန်ကို ထိုးချ လိုက်၏။လုံချန်သည် တုန်လှုပ်စွာဖြင့် ကပျာကယာ
ကာရသည်။

၀ုန်း...

ယခုအခါတွင် ချီရှင်ဓားထဲသို့ အလွန်စွမ်းအားကြီးသည့် တန်ခိုးများ ၀င်ရောက်လာသကဲ့သို့ဖြစ်ကာလုံ
ချန်မှာနောက်သို့လွင့်သွားသည်။ချီရှင်က လှောင်ပြုံးပြုံး၏။ပြီးလျှင် လုံချန်ကို အရေး မစိုက်တော့ပဲ
ဂူရှိရာသို့ ဦးတည်ပြေးလေသည်။

ထိုမြင်ကွင်းကို မြင်လျှင် သူ လှည့်ဖြားခံရပြီဆိုသည်ကို လုံချန် ချက်ချင်းသိသွားသည်။သူသာလျှင်မ
ဟုတ် လူတိုင်းအရူးလုပ်ခံလိုက်ရခြင်းဖြစ်သည်။ချီရှင်သည် အမှန်ဒေါသထွက်နေမနေကို လုံချန်မသိ
သော်လည်း သူသည် ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းရှိသည်ကိုတော့ သူ သဘောပေါက်ရသည်။

ချီရှင် သူ့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရခြင်းမှာ သူသည် ဂူနှင့်အနီးဆုံးတွင်ရောက်နေခြင်းကြောင့်ဖြစ်
၏။ဂမ္ဘီရ သစ်သီးမှည့်သည်နှင့် သူသည် ဂူ၀သို့ပြေးတော့သည်။လုံချန်သည် သတိရပြီး ချီရှင်နောက်သို့
လိုက်လျှင် ရှေ့သို့ရောက်နေပြီဖြစ်သည့် ချီရှင်ကို မှီရန် မတတ်နိုင်တော့ချေ။

"လမုန်တိုင်း ဓားကွက်" ချိုလွင်သော အသံလေး နောက်တွင် လေဓားတစ်စင်းသည် ချီရှင်ထံသို့ဦးတည်
၍ သွားလေသည်။ဂူဘက်သို့ ချီရှင်ပြေးသွားသည်ကို မြင်သည်နှင့် ထန်၀မ်အာသည် တိုက်ခိုက်နေရာ
မှရပ်ကာ လေစွမ်းအင်ကို အသုံးပြု၍ လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ချီရှင်နောက်
သို့ ဝီးကနဲလိုက်သွားတော့သည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now