96 - 100

133 11 0
                                    

Nine Star Hegemon Body Art
ဆေးသိဒ္ဓိရှင်
အခန်း(၉၆)အကျပ်အတည်း

လုံအမျိုးသမီး လွန်စွာစိတ်မကောင်းဖြစ်နေ၏။လူကြမ်းလေးသည် လိမ္မာသည့် ကလေးတစ်ယောက်ဖြစ်
သည်။ယခုလို အချိန်မှာတောင် သူသည် သူမကို ပြန်နှစ်သိမ့်နေသည်။ယင်းသည် လုံအမျိုးသမီးကို
များစွာ လိပ်ပြာမသန့်ဖြစ်စေသည်။သူမ ဆွေမျိုးများ၏ အကောက်ကြံမှုကြောင့်သာ မဟုတ်လျှင် ဤ
ကဲ့သို့ အဖြစ်ဆိုမျိုးကို သူမ၏ မိသားစု၀င်များခံစားရမည်မဟုတ်ပါချေ။

နောက်ဆုံးအသက်ကို ဖြေးလေးစွာ ရှုရှိုက်၍ မည်သို့မှ မဖြစ်သလိုဟန်ဆောင်နေသော လူကြမ်းလေး
ကိုကြည့်ကာ လုံအမျိုးသမီးသည် သူမ၏ အသည်းကို ဓားထက်ထက်နှင့် ထိုးစိုက်နေသလိုခံစားနေရသည်။

"မေမေ မကြောက်နဲ့နော် လုံချန် ကျုပ်တို့ကို ကျိန်းသေပေါက်လာကယ်လိမ့်မယ်" လူကြမ်းလေးက
နှစ်သိမ့်နေသည်။ခန္ဓာကိုယ်အနှံ့သို့ စိုက်၀င်နေသည့် အပ်များကြောင့် နာကျင်ခြင်းကို လျှော့ပါးစေရန်
အလို့ငှာ လူကြမ်းလေးသည် သူ့ခန္ဓာကိုယ်ကို ပုံစံပြောင်း၍ ထိုင်လိုက်၏။

"ကလေး မင်း သိပ်နာနေမှာပဲနော်" အရိုးဆွေး အပ်တစ်ချောင်းသည်ပင် ကြောက်စရာကောင်းလှသည့်
နှိပ်စက်ညဉ်းပမ်းသည့် လက်နက်ဖြစ်ရာ ဤသို့ခန္ဓာကိုယ့်အနှံ့စိုက်၀င်နေလျှင် မည်မျှနာ ကျင်လေမည်
နည်း။လုံအမျိုးသမီးမှာ ဤသို့ တွေးမိလေ ရှိုက်သံများ ပို၍ ပြင်းထန်လာလေဖြစ်သည်။

"မေမေ ကျုပ် အဆင်ပြေပါတယ် ဒီလူယုတ်မာ ယင်အမတ်ကြီးက ကျုပ်ကို စစ်လားဆေးလားတွေ
လုပ်တယ်လေ...ဒါပေမယ့် ကျုပ်က စကားဆိုလို့ တစ်ခွန်းမှမပြောတော့ ဒီလူယုတ်မာကြီး အကြီး
အကျယ်ဒေါပွတော့တာပဲ" လူကြမ်းလေးက ရယ်လျှက်ပြော၏။

ယင်အမတ်ကြီးသည် ဒဏ်ရာများ ပြန်ကောင်းသည်နှင့် လူကြမ်းလေးကို ဖမ်းမိထားကြောင်းသတင်းကြား
လေသည်။ထိုသတင်းကြားကြားခြင်း သူသည် စစ်ဆေးမေးမြန်းရန် အတွက် လူကြမ်းလေးထံသို့ ခပ်
သွက်သွက်သွားလေသည်။လူကြမ်းလေး၏ ခန္ဓာကိုယ်နှင့်ပတ်သတ်၍ သူက သိပ်သိချင်နေသည်။
သွေးနှောအဆင့်သို့ပင် မရောက်သေးသူတစ်ယောက်က သူ့၏ သိုင်းကွက်အား တားဆီးနိုင်ခြင်းကို
သူသည် ယခုထိ မယုံနိုင်သေးပေ။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now