176 - 180

76 6 0
                                    

Nine Star Hegemon Body Arts
ဆေးသိဒ္ဓိရှင်
Chapter(176)ကုသရေးခန်းမ

ရောက်လာကြသူများက အမျိုးသားအယောက်နှစ်ဆယ်နှင့် အမျိုးသမီးအယောက်နှစ်ဆယ်ကျော်တို့
ဖြစ်သည်။ထိုလူအုပ်စု၏ ရှေ့တွင် အသက်နှစ်ဆယ်ခန့်ရှိသော အမျိုးသမီးတစ်ယောက်ရပ်နေရာ
သူမသည် အစိမ်းရောင် ၀တ်ရုံကို ၀တ်ဆင်ထားပြီး တည်ငြိမ်းအေးချမ်းသည့် မျက်နှာထားရှိသူဖြစ်သည်။

လုံချန်၊ထန်၀မ်အာနှင့်ချင်ယုတို့က အဘယ့်ကြောင့်ထိုမျှ များပြားသော လူအုပ်စု ရောက်လာသနည်း
ဟု သိချင်စိတ်ကြောင့် အင်မော်တယ်ဂူထဲမှ ခပ်သွက်သွက်ထွက်လာကြ၏။လူအုပ်၏ အရှေ့မှ အမျိုး
သမီးက မေးသည်။

"ဒီထဲမှာ အန္တေဝါသိက တပည့်ကဘယ်သူများလည်း"

ထန်၀မ်အာက ရှေ့ထွက်၍ ပြော၏။

"ကျွန်မပါ"

ထိုအမျိုးသမီးသည် ထန်၀မ်အာကို သေသေချာချာကြည့်၍ ချီးကျူးသည်။

"ညီမလေးက နတ်သမီးလေး လိုပဲ သိပ်လှတာကိုး...ပြီးတော့ ပါရမီကလည်းသိပ်ကောင်းသေးတယ် လူ
တွေအဖို့တော့ သိပ်ကို အားကျစရာပဲ"

"ဒီလိုချီးကျူးမှုမျိုးကို ကျွန်မ မခံယူဝံ့ပါဘူး...မမရဲ့လာရင်းကိစ္စကလေးများသိပါရစေရှင်" ထန်၀မ်အာက
မေးသည်။

"ဟုတ်သားပဲ မမကိုယ်မမ မိတ်ဆက်ပေးရဦးမယ် မမတို့က အရင်မျိုးဆက်ရဲ့ တပည့်တွေပေါ့ မင်းတို့
တစ်တွေရဲ့ ဂိုဏ်းတူ အကို အမတွေဆိုလည်းမမှားဘူး ညီမလေးက မမကို စီနီယာမမချီယွဲ့ လို့ခေါ်နိုင်
တယ်...ဒါပေမယ့် မမတို့က မင်းတို့အရင်ကတွေ့ခဲ့ဖူးသည့်စီနီယာ တပည့်တွေနဲ့တော့မတူဘူး မမတို့
အကုန်လုံးဟာ ကုသရေးဆောင်က အဖွဲ့၀င်တွေဖြစ်ပြီး မင်းတို့ရဲ့ ဒဏ်ရာအခြေအနေတွေကိုလာကြည့်
တာ" ချီယွဲ့ကပြုံးသည်။

ထိုအကြီးအကဲပြောခဲ့သည့် ကုသရေးဆောင်မှ အဖွဲ့များ သူတို့၏ ဒဏ်ရာများကို  ဆေးကုသရန်လာလိမ့်
မည်ဟုသောစကားကို လုံချန် အမှတ်ရသွားသည်။ထိုမျှပြင်းထန်သည့် တိုက်ပွဲများကို ယှဉ်ပြိုင်ခဲ့ရပြီးနောက်
သူတို့အဖို့ ရရှိထားသော ဒဏ်ရာများကို ဆေးဝါးများသောက်၍ ထိန်းထားသည့်တိုင် ပကတိပြန်ကောင်း
ရန်မှာမူ နှစ်လခန့်ကြာမြင့်ဦးမည်ဖြစ်သည်။

ဆေးသိန္ဓိရှင် ( လုံချန် ) Book 1(ခွင့်ပြုချက်ရပြီး)Where stories live. Discover now