အပိုင်း(၂.၂) စီးပွားရေးကို အမိအရ ဖမ်းဆုပ်ခြင်း

351 57 0
                                    

Unicode

ဆရာကြီးဝမ်သည် အန်တီကြီးက သူ့ရဲ့ ကျွမ်းကျင်မှု စွမ်းရည်ကို မေးခွန်း ထုတ်ဝံ့တယ်လို့  ကြားသောအခါ၊ သူက ချက်ချင်း ဒေါသတကြီး ပေါက်ကွဲသွားသည်-

"ဒါပေါ့၊ ကျုပ်လုပ်နိုင်တယ်။ ခင်ဗျား ဒီလမ်းထဲက သူတွေကို မေးကြည့်လို့ ရတယ်။ ကျုပ် အိမ်နီးနားချင်းတွေက သူတို့ လက်ထပ်ပြီးတော့ ကျုပ်ကို ရှာနေတယ်ဆိုတာ ခင်ဗျားသိလိမ့်မယ်။"

ဒါတော့ ဖြစ်နိုင်ချေ ရှိတယ်။ ဒီလမ်းထဲက အိမ်နီးနားချင်းတွေက ဆရာကြီးဝမ်မှာ စွမ်းဆောင်ရည် ရှိတယ်ဆိုတာကို သိလို့ သူ့ကို ရှာနေကြတာပေါ့။

ဒါမှမဟုတ်ရင် သူတို့တွေက ဘာလို့ ပိုက်ဆံတွေ သုံးနေမှာလဲ! အန်တီကြီး၏ မျက်နှာ အမူအရာက တော်တော်ကြီးကို စိတ်သက်သာရာ ရသွားပုံ ပေါ်တယ်။

သူ(မ)က ဖုန်းကို ထုတ်ပြီး ဓာတ်ပုံ တစ်ပုံကို နှိပ်လိုက်ပြီး ဆရာကြီးဝမ်အား ပေးလိုက်သည် -

"ကျွန်မရဲ့ သမီးအတွက် ဗေဒင်ဟောပေး စေချင်တယ်၊ ဒါ ကျွန်မ သမီးပါ။"

ဓာတ်ပုံမှာ ဆံပင်ရှည်ရှည်နှင့် ပြုံးနေတဲ့ အသက် ၂၅ နှစ်အရွယ် ငယ်ရွယ်တဲ့ မိန်းကလေး တစ်ဦးကို ပြသထားသည်။ သူ(မ)က အလွန်လှပပြီး အထက်တန်းလွှာဆန် ပုံပေါက်သည်။

ဆရာကြီးဝမ်က ဓာတ်ပုံကို တစ်ချက်ကြည့်လိုက်ပြီး အန်တီကြီးကို သူ့မျက်လုံးတွေနှင့် သေချာစွာ ကြည့်ရှု စစ်ဆေးလိုက်သည်။ ဒီအန်တီကြီးက သာမန် အဝတ်အစားများကို ဝတ်ဆင်ထားပြီး၊ သူ(မ) လက်ထဲတွင် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ ပါသော စျေးဝယ်အိတ်ကို ကိုင်ထားသည်။

သူကတော့ သူ(မ)မျက်ခုံးများတွင် စိုးရိမ်ကြောင့်ကြမှုကို မမြင်နိုင်ပေ။ သူ(မ)က ဒီနေရာကို ဖြတ်သွားသော ဗေဒင်ဆရာကို မြင်ပြီးနောက် အချိန်သင့် အခါသင့် ဗေဒင်ဟောရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်သည်။

ဒီလိုကိစ္စမျိုးက များသောအားဖြင့် အရေးကြီးတဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဆရာကြီးဝမ်က ဓာတ်ပုံထဲက မိန်းကလေးကို ကြည့်လိုက်ပြီး အဓိက အချက်ကို ခန့်မှန်းလိုက်တယ်-

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now