အပိုင်း (၇.၂) တားဆီးခံရသည့် ကံတရား

330 60 0
                                    

Unicode

ဒါပေမယ့် သူသည် အဲ့အကြောင်းကို သေချာ တွေးကြည့်‌သောအခါ လင်းချင်းယင် ပြောသည့်အတိုင်း အတိအကျဖြစ်ခဲ့သည်။


လွန်ခဲ့သည့် ၂ နှစ်က သူ၏ ညီအစ်ကိုကောင်းဖြစ်သူ၏ စီးပွားရေးမှာ အကျပ်ရိုက်ခဲ့သည်။ သူ၏ကုမ္ပဏီသည် ဒေဝါလီခံရလုနီးနီးဖြစ်ခဲ့သည်။ သူ၏ပိုင်ဆိုင်မှုများ ချိတ်ပိတ်ခံရပြီး သူ၏အိမ်ကိုလည်း သိမ်းသွားကြသည်။


ထိုအချိန်တွင် သူသည် ဤကိစ္စကို ဖြေရှင်းရန် နည်းလမ်းရှာကာ ချေးငွေရှာရန် အလွန် အလုပ်များနေလေသည်။ သူသည် သူ၏ကိုယ်ပိုင်လုပ်ငန်းကိုတောင် ဂရုမစိုက်နိုင်ခဲ့‌ပေ။ သူတို့၏ ၂၅ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်အတွက် ပြင်ဆင်ရန် စိတ်တောင် မရှိခဲ့ပါ။


သူ၏မင်္ဂလာနှစ်ပတ်လည်ညတွင် ချန်ယွီချန်သည် စက္ကူအိတ် သေးသေးလေးကိုင်ပြီး သူ၏အိမ်သို့ ရောက်လာခဲ့သည်ကို အဖေကျန်းက ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။


သူသည် သူတို့ကို သာယာသော အိမ်ထောင်ရေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်း‌ပေးပြီး ကျောက်စိမ်းဆွဲသီးနှစ်ခုကို ရှက်ရွံ့စွာဖြင့် ပေးခဲ့သည်။ ကျောက်စိမ်းဆွဲသီးသည် သာမန်ဖြစ်သော်လည်း ဘုန်းကြီးတစ်ပါး၏ ကောင်းချီးကြောင့် ဘေးအန္တရာယ်မှ ကယ်တင်နိုင်သည်ဟုလည်း သူက ဆိုခဲ့၏။


ထိုအချိန်တွင် အဖေကျန်း၏စိတ်ထဲတွင် ဤအသေးအမွှား ကိစ္စများအပေါ်တွင် မရှိဘဲ သူ့သူငယ်ချင်းကောင်းအတွက် ချေးငွေ ဘယ်မှာ ရနိုင်မလဲဟု တွေးနေမိသည်။


ထိုအချိန်တွင် ချန်ယွီချန်သည် သူ့တွင် ပန်းတိုင်ရှိနေပြီဖြစ်ပြီး သူ၏ပြဿနာကို ချက်ချင်း ဖြေရှင်းနိုင်မည်ဟု ဆိုသည်။ တစ်ချိန်တည်းမှာပင် အဖေကျန်းသည် ကျောက်စိမ်းဆွဲသီးများပါသည့် အိတ်ကို ဘေးဖယ်ထားသည်ကို မြင်သောအခါ၊ အ‌ဖေကျန်းသည် ဆင်းရဲသော သူငယ်ချင်းကို နှိမ့်ချကာ သူ၏လက်ဆောင်များကို မဝတ်ချင်ဘူးဟု ပြောခဲ့သည်။

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Opowieści tętniące życiem. Odkryj je teraz