အခန်း (၁၃.၂) သေစေနိုင်သော ဖုန်းရွှေ ဖွဲ့စည်းခြင်း

329 51 0
                                    


Unicode


"အုတ်ဂူတွေကို ရွှေ့ဖို့က သေချာပေါက် လိုအပ်ပေမဲ့၊ သူတို့ကို ပေါ့ပေါ့ပါးပါး ရွှေ့လို့မရဘူး။ ထိုအချိန်က၊ အနာဂတ်မျိုးဆက်များအတွက် နေရာကောင်းတစ်ခု ရွေးချယ်ဖို့ ဖုန်းရွှေဆရာသခင်ကို ရှာဖွေနေခဲ့တယ်။ အဲဒါကိုကြားတော့ ကျွန်တော့်သားက အကြံတစ်ခုရပြီး၊ အဲဒါကို ဒီအတိုင်း ထားခဲ့ဖို့ ပြောခဲ့တယ်"


ကျန်းကျန်ကောသည် သူ၏မျက်နှာတွင် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေလျက် သက်ပြင်းချလိုက်သည် :

"ကျွန်တော်တို့ရဲ့  ရှန်းပေါ်ခရိုင်မှာ တောင်တွေ၊ မြစ်တွေ အများကြီးရှိတယ်။ ရှေးဆိုရိုးစကားအရ ရေနှင့်နီးပြီး မြင့်တဲ့အရပ်ကို ရှာရင် ကောင်းတယ်တဲ့။ ဒါပေမဲ့ ကျွန်တော့်သားက အဲဒါကို လက်မခံနိုင်ဘူး။ ထိုအချိန်မှာ သူက သူရဲ့လုပ်ငန်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိနေခဲ့တယ်။

သူရဲ့ ကျရှုံးမှုတွေက ကျွန်တော်တို့ ဘိုးဘွားပိုင်သင်္ချိုင်းရဲ့  ချမ်းသာကြွယ်ဝမှုနှင့် သက်ဆိုင်တယ်လို့ သူက အမြဲတမ်း ခံစားမိခဲ့တယ်။ ဖုန်းရွှေဆရာသခင်ကို ဘယ်ကနေ ဖိတ်ခေါ်ခဲ့မှန်း ကျွန်တော် မသိခဲ့ဘူး။ ဒါပေမဲ့ သူတို့ နှစ်ယောက် အိမ်နားက တောင်ကုန်းပေါ်မှာ ကြည့်ရင်း တစ်ပတ်လောက် ကုန်သွားပြီးနောက်၊ အဆုံးမှာတော့ သစ်ပင်တစ်ပင်မှ မပေါက်သေးတဲ့ မြုံ‌နေတဲ့ တောင်ကို ရွေးလိုက်ကြတယ်"

"မြုံနေတဲ့ တောင်ကုန်းတွေ?" ဖက်တီးဝမ်သည် အံ့အားသင့်သွားလျက် :

"မြုံ‌နေတဲ့ တောင်ကုန်းက ကောင်းမွန်တဲ့ ဘိုးဘွားပိုင်သင်္ချိုင်းတစ်ခု ဖြစ်နိုင်လို့လား"

"အဲဒါကို ဘယ်သူက ပြောခဲ့လို့လဲ!" ကျန်းကျန်ကော သည် စိတ်တိုစွာဖြင့် သူ၏ပေါင်ကို ရိုက်လိုက်သည် :

"အဲဒီတုန်းက တစ်ခုခုမှားနေပြီလို့ ခံစားမိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်သားက ဘိုးဘွားပိုင်သင်္ချိုင်းကို အဲဒီနေရာကို ရွှေ့ခိုင်းဖို့ မရမက တောင်းဆိုခဲ့တယ်။ သူ့စကားနားမထောင်ရင် ကျွန်တော်တို့ ဘိုးဘွားပိုင်သင်္ချိုင်းကို ဘယ်တော့မှ လာမှာမဟုတ်ဘူးလို့ ပြောခဲ့တယ်"

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now