အပိုင်း (၉.၂) သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း

361 57 0
                                    

Unicode


လင်းချင်းယင်၏ မိခင်သည် လင်းချင်းယင်၏ မျက်လုံးများကို ရှောင်လိုက်ပြီး မူလအသွင်အပြင်ပင် ပျက်‌နေသော သားရေအိတ်ကို ကောက်ကိုင်လိုက်သည် -

"သမီးရဲ့အဖေနဲ့ ဆွေးနွေးပြီးပြီ။ အမေတို့ရဲ့  အကြွေးတွေကို ဆပ်ပြီးပေမဲ့၊ သမီးက ကောလိပ်‌ကျောင်းတက်ရင် ပိုက်ဆံသုံးဖို လိုအပ်လိမ့်မယ်။ အမေတို့တွေ တတ်နိုင်သလောက် စောစော ပိုက်ဆံစုထားတာ ကောင်းပါတယ်။ သမီးက စိတ်ပူစရာ မလိုဘူး"

တံခါးကို အလျင်စလို ပိတ်လိုက်၏။ လင်းချင်းယင်သည် သူ(မ)၏မိခင်က အောက်ထပ်သို့ ဆင်းသွားသည်ကို ကြားလိုက်ရသောအခါတွင် သူ(မ)၏ ယခင်မိဘများအား တွေးတောမနေနိုင်တော့ပေ။ သူတိုသည် တူညီသော ပုံပန်းသွင်ပြင်နှင့် သားသမီးများအပေါ် သူတို့၏ တူညီသော ချစ်ခင်ကြင်နာမှုမျိုး ရှိကြသည်။ သူ(မ)၏ နောက်ဆုံးဘဝတွင် သူတို့သည် သူ(မ)နှင့် ညီမများကို အိမ်တွင် တစ်ခုတည်းသော အစားအစာကိုပေးပြီး၊ သူတို့က အစာငတ်မွတ်စွာ သေခဲ့ကြရသည်။


ဒီဘဝတွင် သူတို့သည် လင်းချင်းယင်အတွက် ပိုက်ဆံနည်းနည်း စုရန် ၂၄ နာရီလုံး အလုပ်လုပ်ကြရသည်။ ကံမကောင်းစွာဖြင့်၊ သူတို့၏ နည်းပါးလှသော ၀င်ငွေသည် သူတို့၏ ဘဝကို ပိုမိုကောင်းမွန်အောင် မလုပ်ပေးနိုင်ခဲ့ပေ။

လင်းချင်းယင်သည် သူ(မ)၏ လက်ထဲတွင် ကျောက်စိမ်းဆွဲသီးကို တင်းတင်းဆုပ်ကိုင်ထားသည်။ ဤမိသားစုကို ကောင်းမွန်သောဘဝ ရရှိစေရန် သူ(မ)အပေါ်တွင် မူတည်နေပုံရသည်။ သူ(မ)သည် ပိုက်ဆံများများ ရှာချင်လျှင်၊ မြန်မြန် ကျင့်ကြံရမည်။

သို့သော် ယခုအချိန်သည် ကျင့်ကြံရန် အချိန်ကောင်းမဟုတ်ပေ။ ထိုရက်များအတွင်း လင်းချင်းယင်၏ လေ့လာတွေ့ရှိချက်အရ ဝိညာဉ်စွမ်းအင်သည် နံနက် ၃ နာရီမှ ၅ နာရီအတွင်း အလုံလောက်ဆုံးဖြစ်ပြီး နေ့ခင်းဘက်တွင် ပမာဏနှစ်ဆဟု ဆိုနိုင်သည်။ ထိုအချိန်တွင် သူ(မ)သည် ကျင့်ကြံရန် အားထုတ်မှု အနည်းငယ် သုံးရန် လိုအပ်သည်...

အခု သူ(မ) မကျင့်ကြံနိုင်သေးပေ။ အိမ်စာအရင်လုပ်ရတာ ပိုကောင်းပါတယ်။ လင်းချင်းယင်သည် ယခင်က သူမ မမြင်ဖူးခဲ့သော အင်္ဂလိပ်၊ ရူပဗေဒ နှင့် ဓာတုဗေဒ စာအုပ်ကို ကြည့်‌နေခဲ့သည်။ ဒါက ဘယ်လိုအရာမျိုးလဲ။

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now