အပိုင်း (၁၄.၂) Making a wedding dress for others

370 58 2
                                    

Unicode


"ရှင် တည်ထောင်ထားတဲ့ ဖုန်းရွှေ ဖွဲ့စည်းပုံက ရှင့်မိသားစုရဲ့  ကံကောင်းခြင်းတွေကို ရှင့်အပေါ်မှာ စုစည်းစေတယ်လို့ ထင်နေတာလား။ မှားတယ်၊ တကယ်တော့ ရှင်က ဒီအတိုင်း သယ်ဆောင်ပေးသူ တစ်ယောက်ပဲ။ ရှင့်ရဲ့မိသားစုတစ်ခုလုံးက အဲဒီ ဖုန်းရွှေ ဖွဲ့စည်းမှုရဲ့  ယဇ်ပူဇော်ခြင်းပဲ။ ပြီးတော့ အဲဒါကို တည်ထောင်ထားတဲ့သူက အဲဒီကနေ အကျိုးအမြတ်ရတဲ့ သူပဲ"

ကျန်းဝူ၏ မျက်နှာသည် ဖြူဖျော့လာပြီး ဗလုံးဗထွေး ဖြင့် ပြောလိုက်သည် :

"အဲဒါက မဖြစ်နိုင်ဘူး။ ဒါဆိုရင် ကျွန်‌တော်က ဘယ်လို ချမ်းသာလာတာလဲ။ ဒါက ကျွန်တော်တို့ဘိုးဘွားပိုင် သင်္ချိုင်းကို ရွှေ့ပြီးနောက်မှ ဖြစ်လာခဲ့တာ"

လင်းချင်းယင်က သူ့ကို သနားစိတ်ဖြင့် ကြည့်လိုက်သည် :

"ရှင်က ဖုန်းရွှေ ဖွဲ့စည်းမှုကို တည်ဆောက်ပေးတဲ့သူနဲ့ ချိတ်ဆက်ထားတဲ့ သယ်ဆောင်ပေးသူ ဖြစ်တယ်လို့ ကျွန်မ ပြောခဲ့တယ်‌လေ။ ကံတရားက ရှင့်ရဲ့ခန္ဓာကိုယ်ကို ဖြတ်သန်းပြီးတော့ သူ့ဆီကို ကူးသွားတာ။ ဒါပေမဲ့ ရှင့် မိသားစုတစ်စုလုံးရဲ့ ကံကြမ္မာက ကုန်ခန်းသွားတဲ့အခါ ရှင့်ရဲ့နောက်ဆုံး ယဇ်ပူဇော်မှု ဖြစ်လာလိမ့်မယ်"

ကျန်းဝူ၏နှလုံးသားသည် နစ်မြုပ်သွား၏။ ဆရာသခင်ဝမ်ကို ပထမဆုံး စတွေ့တုန်းက၊ နောင်လာနောက်သားများအတွက် ဖုန်းရွှေ ကောင်းသောနေရာကို ရှာခိုင်းရန်သာ တောင်းဆိုခဲ့သည်ကို သတိရလိုက်မိသည်။

သို့သော်လည်း ဆရာသခင်ဝမ်က သူ့ကို သေစေနိုင်သောနေရာတွင် ဖွဲ့စည်းတည်ထောင်ရန် လှုံ့ဆော်ပေးခဲ့သည်။ သူသည် သူ၏မိသားစုကို အသေးအဖွဲ ဖျားနာမှု သို့မဟုတ် ဘေးအန္တရာယ်များသာ ကြုံတွေ့ရမည်ဟု ကတိပြုခဲ့သည်။ သူ့မှာ ပိုက်ဆံရှိသရွေ့တော့ ဒီပြဿနာများက ဘာမှဖြစ်မလာဘူးလို့လည်း သူ့ကိုယ်သူ ပြောခဲ့၏။

လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် ဆရာသခင်ဝမ် ပြောခဲ့သည့်အတိုင်း သူ့မိသားစု၏ ကျန်းမာရေးသည် ပို၍ ဆိုးလာပြီး အသေးစား ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် လွန်ခဲ့သောနှစ်တွင် သားဖြစ်သူ ရုတ်တရက် သေဆုံးပြီးနောက်တွင်၊ သူသည် ဆရာသခင်ဝမ် ပြောခဲ့သည့်အတိုင်း မရိုးရှင်းဘူးဟု ထင်ခဲ့သည်။

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Tahanan ng mga kuwento. Tumuklas ngayon