အခန်း (၁၁.၁) လူ ၁၀ ယောက်သာ ဗေဒင်မေးရန်

338 57 0
                                    

Unicode


နံနက် ၅ နာရီခွဲတွင် လင်းချင်းယင်သည် ပြည်သူ့ပန်းခြံရှိ သစ်ပင်အိုကြီးဘေးတွင် အချိန်မှန် ရောက်ရှိခဲ့သည်။ ထိုအချိန်တွင် သစ်ပင်အိုကြီးအနီးတွင် ဦးလေးများနှင့် အဒေါ်များက ထိုင်နေကြပြီးဖြစ်၏။ အစပိုင်းတွင် လင်းချင်းယင်ကို လိမ်ညာသူတစ်ယောက်အဖြစ် ယုံကြည်ခဲ့သော အန်တီကျန်းပင်လျှင် ပါဝင်ဆင်နွှဲရန် လာခဲ့သည်။

အန်တီကျန်းနှင့် အဘွားကျန်းတို့သည် နှစ်ပေါင်းများစွာ သူငယ်ချင်းကောင်းများဖြစ်ကြ၏။ ကျန်း မိသားစု၏ အခြေအနေကို အန်တီကျန်းထက် မည်သူမှ ပိုမသိနိုင်ပေ။ သို့သော် ထိုနေ့ပြီးနောက်၊ ရက်အနည်းငယ်သာ ကြာပြီးသောအခါ၊ ကျန်းမိသားစုသည် ပြန်လည်အောင်မြင်လာခဲ့သည်။ အန်တီကျန်းက သူ(မ)၏နှလုံးသားကို စတင်၍ မေးခွန်းထုတ်လာမိသည်။ ဒီမိန်းမငယ်လေးမှာ အရည်အချင်းတစ်ခုခုရှိတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား?

(T/N: အန်တီကျန်းနဲ့ အဘွားကျန်းက အသံထွက်တူတာပါနော်၊ Zhang နဲ့ Jiang ပါ )

လင်းချင်းယင်အကြောင်းကို သိချင်စိတ်ပြင်းပြမှုကြောင့် အန်တီကျန်းသည် လူစုလူဝေးတွင် ပါဝင်ခဲ့သည်။ ဗေဒင်ဟောခြင်းသည် စျေးသက်သက်သာသာ မဟုတ်သော်လည်း ပျားပန်းခပ်မျှ လှုပ်ရှားမှုများကို ကြည့်ရှုရန် ငွေမကုန်ပေ။ သူ(မ)သည် အကြောင်းအရာ တစ်ခု၊ နှစ်ခုကို မှန်အောင် ဟောနိုင်လျှင်၊ ‌၎င်းသည် တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်နိုင်သည်။ သိုပေမဲ့ အရာအားလုံးကို တိကျစွာ ဟောနိုင်လျှင် သူ(မ)တွင် အမှန်တကယ် ကျွမ်းကျင်မှု ရှိရမည်။

အန်တီကျန်းသည် သစ်ပင်အိုကြီးအောက်တွင် တင်ပျဉ်ခွေထိုင်နေသော လင်းချင်းယင်ကို ကြည့်လိုက်သည်။ သူ(မ)က တကယ်ကို ပဟေဠိဖြစ်ခဲ့သည်။ သူ(မ)သည် မိန်းမငယ်လေးတစ်ယောက်က ဒီလိုလုပ်ငန်းမျိုးတွင် ဘယ်လိုမျိုး ချိန်းဆို ညှိနှိုင်းထားနိုင်တယ်ဆိုတာကို နားမလည်နိုင်ပေ။

လင်းချင်းယင်သည် ထိုင်လိုက်ပြီးနောက် သူ(မ)က အခင်းအကျင်း ပြုလုပ်ရန် ကျောက်တုံးငယ်များကို ဆုပ်ကိုင်လိုက်၏။ ဖက်တီးဝမ်သည် လင်းချင်းယင်က ကျန်းမိသားစု၏အိမ်တွင် အခင်းအကျင်း ပြုလုပ်ရန် ကျောက်တုံးများအား အသုံးပြုသည်ကို မြင်ခဲ့ဖူးသည်။

ရှေးဖြစ်ဟော ဆရာသခင် (MM Translation)Where stories live. Discover now